အိမ္ေထာင္က် ျပီးမွ အမ်ား ၾကီး ေျပာင္းလဲ ရင့္က်က္လာ မွုေတြကို ေျပာျပ လာတဲ့ သၪၨာႏြယ္ ဝင္း

ေပ်ာ္စရာ ေကာင္းတဲ့ မိသားစုဘဝေလး ကို ပိုင္ဆိုင္ထားသူပါ။ သ႐ုပ္ေဆာင္ သၪၨာႏြယ္ဝင္း ကေတာ့ အႏုပညာအလုပ္ေတြ လုပ္ခဲ့တုန္း ကထက္ မိသားစုဘဝ ထူေထာင္ လိုက္တဲ့ အခ်ိန္မွာ အရမ္းကို ေျပာင္းလဲ လာခဲ့ၿပီလို႔ ဆိုပါတယ္။

သၪၨာႏြယ္ဝင္းဟာ အိမ္ေထာင္ရွင္မ တစ္ေယာက္ ျဖစ္သြားတဲ့ အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ အမ်ားႀကီး ေျပာင္းလဲႏိုင္ခဲ့ တယ္လို႔ ဆိုပါတယ္။ အဝတ္အစား ဝတ္တာကအစ ေသေသခ်ာခ်ာ ဂ႐ုစိုက္ ေနထိုင္ တယ္လို႔ ေျပာလာပါတယ္။

“ အိမ္ေထာင္ျပဳၿပီးတဲ့ အခ်ိန္မွာ အမ်ားႀကီးေတာ့ ရင့္က်က္သြားတယ္။ သားသမီးမရွိရင္ ေတာင္မွ ကိုယ့္ေယာက်ၤားအတြက္ စားဖို႔ေသာက္ဖို႔ အနည္းနဲ႔ အမ်ား ေတာ့ စီစဥ္ေပးရမယ္ေလ။ ေငြေရးေၾကးေရးနဲ႔ ပတ္သက္ လာရင္လည္း ေရွ႕ေရးကို ႀကိဳေတြးမိလာတယ္။ အဝတ္အစား ဝတ္တာက အစ အတိုအျပတ္ ေတြ မဝတ္ေတာ့ဘူး။ အခုခ်ိန္မွာ သင္ဇာ့ကို လူေတြ ျမင္ေစခ်င္တဲ့ ပုံစံက က်က္သေရရွိရွိ၊ မိန္းကေလး ပုံစံပီပီသသျဖစ္ေအာင္ ႀကိဳးစားေနထိုင္တယ္” လို႔ သူက ဆိုပါတယ္။

အခုဆိုရင္ေတာ့ သၪၨာႏြယ္ဝင္း ဟာ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ပိုင္ဆိုင္ထားပါၿပီ။ ရင္ေသြးေလး (၃) ေယာက္ယူဖို႔ ဆုံးျဖတ္ထား ေပမယ့္ သားနဲ႔ သမီးနဲ႔ ျပည့္စုံေနၿပီလို႔ သူက ဆိုပါတယ္။

“ သမီးေလး မေမြးခင္တုန္းကေတာ့ (၃) ေယာက္ယူဖို႔ စဥ္းစားထားတာ အခုေတာ့ (၂) ေယာက္ပဲ ေတာ္ၿပီ။ အခုခ်ိန္မွာ ပိုက္ဆံရွာရလည္း ခက္တယ္။ ကေလးေက်ာင္း စာရိတ္ကလည္း အရမ္းႀကီးတာ။ ကေလးေမြးၿပီးရင္ ေက်ာင္းထားဖို႔တင္မကဘူး သူတို႔ လိုခ်င္တာေတြလည္း ဝယ္ေပးရတယ္။ အေမဆိုေတာ့ မဝယ္ေပးႏိုင္ ရင္လည္း စိတ္မေကာင္းဘူး။ အဲဒါေၾကာင့္ ကေလး(၂) ေယာက္ပဲ ယူေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တာ”လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ကိုလွမ်ိဳးျမင့္ နဲ႔ သ႐ုပ္ေဆာင္ သၪၨာႏြယ္ဝင္း တို႔ရဲ႕ မဂၤလာပြဲကို ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ေန႔က မဂၤလာဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ၿပီး ေဖေဖာ္ဝါရီ(၂)ရက္ေန႔ က ႏွစ္ဦး သေဘာတူ ႐ုံးတက္ လက္မွတ္ထိုး ခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီ(၃)ရက္ေန႔ကေတာ့ Melia ဟိုတယ္မွာ မဂၤလာပြဲကို ေပ်ာ္႐ႊင္စြြာ နဲ႔ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သားျဖစ္သူ ေက်ာ္မ်ိဳးျမင့္(ခ) မက္မြန္သီးေလးကိုေတာ့ ၂၀၁၈ ခုႏွစ္အတြင္း မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္ ရင္ေသြးေလး ျဖစ္တဲ့ သမီးေလးကိုေတာ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအတြင္းမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္

အိမ်ထောင်ကျ ပြီးမှ အများ ကြီး ပြောင်းလဲ ရင့်ကျက်လာ မှုတွေကို ပြောပြ လာတဲ့ သ ဉ္ဇာနွယ် ဝင်း

ပျော်စရာ ကောင်းတဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင် သ ဉ္ဇာနွယ်ဝင်း ကတော့ အနုပညာအလုပ်တွေ လုပ်ခဲ့တုန်း ကထက် မိသားစုဘဝ ထူထောင် လိုက်တဲ့ အချိန်မှာ အရမ်းကို ပြောင်းလဲ လာခဲ့ပြီလို့ ဆိုပါတယ်။

သ ဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်သွားတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ အဝတ်အစား ဝတ်တာကအစ သေသေချာချာ ဂရုစိုက် နေထိုင် တယ်လို့ ပြောလာပါတယ်။

“ အိမ်ထောင်ပြုပြီးတဲ့ အချိန်မှာ အများကြီးတော့ ရင့်ကျက်သွားတယ်။ သားသမီးမရှိရင် တောင်မှ ကိုယ့်ယောကျင်္ားအတွက် စားဖို့သောက်ဖို့ အနည်းနဲ့ အများ တော့ စီစဉ်ပေးရမယ်လေ။ ငွေရေးကြေးရေးနဲ့ ပတ်သက် လာရင်လည်း ရှေ့ရေးကို ကြိုတွေးမိလာတယ်။ အဝတ်အစား ဝတ်တာက အစ အတိုအပြတ် တွေ မဝတ်တော့ဘူး။ အခုချိန်မှာ သင်ဇာ့ကို လူတွေ မြင်စေချင်တဲ့ ပုံစံက ကျက်သရေရှိရှိ၊ မိန်းကလေး ပုံစံပီပီသသဖြစ်အောင် ကြိုးစားနေထိုင်တယ်” လို့ သူက ဆိုပါတယ်။

အခုဆိုရင်တော့ သ ဉ္ဇာနွယ်ဝင်း ဟာ သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ။ ရင်သွေးလေး (၃) ယောက်ယူဖို့ ဆုံးဖြတ်ထား ပေမယ့် သားနဲ့ သမီးနဲ့ ပြည့်စုံနေပြီလို့ သူက ဆိုပါတယ်။

“ သမီးလေး မမွေးခင်တုန်းကတော့ (၃) ယောက်ယူဖို့ စဉ်းစားထားတာ အခုတော့ (၂) ယောက်ပဲ တော်ပြီ။ အခုချိန်မှာ ပိုက်ဆံရှာရလည်း ခက်တယ်။ ကလေးကျောင်း စာရိတ်ကလည်း အရမ်းကြီးတာ။ ကလေးမွေးပြီးရင် ကျောင်းထားဖို့တင်မကဘူး သူတို့ လိုချင်တာတွေလည်း ဝယ်ပေးရတယ်။ အမေဆိုတော့ မဝယ်ပေးနိုင် ရင်လည်း စိတ်မကောင်းဘူး။ အဲဒါကြောင့် ကလေး(၂) ယောက်ပဲ ယူတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”လို့ ဆက်လက် ပြောပြလာပါတယ်။

ကိုလှမျိုးမြင့် နဲ့ သရုပ်ဆောင် သ ဉ္ဇာနွယ်ဝင်း တို့ရဲ့ မင်္ဂလာပွဲကို ၂၀၁ရခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့ က နှစ်ဦး သဘောတူ ရုံးတက် လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွွာ နဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်း မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒုတိယမြောက် ရင်သွေးလေး ဖြစ်တဲ့ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်