ကိုယ့္အေပၚမွာေက်းဇူး ရွိဖူးတဲ့ ညီမေလး တစ္ေယာက္ ေဆး႐ုံတက္ ရခ်ိန္ မွာ ျပန္လည္ ကူညီေပး ခဲ့တဲ့ A4 ေက်ာ္စြာ

A4 ေက်ာ္စြာ ကေတာ့ ေ႐ႊတိဂုံဘုရား အေရွ႕ဘက္မုဒ္မွာ ႀကံရည္ေရာင္းရင္း ဝါသနာပါရာ ဂီတခရီးလမ္းကို ေလွ်ာက္လွမ္းခဲ့ သူတစ္ေယာက္ပါ။ သူ႔ရဲ႕ထိမိတဲ့ Free Style Rap ေတြေၾကာင့္ ပရိသတ္အသိမွတ္ ျပဳအားေပးမႈရရွိခဲ့ၿပီး အခုဆိုရင္ေတာ့ ယုန္ေလးရဲ႕ေဖးမကူညီမႈနဲ႔အတူ နားခိုစရာ အိမ္ေလးတစ္လုံး ငွားေနႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အခုလိုအေျခအေန မေရာက္ခင္မွာ ဒုကၡေတြအမ်ားႀကီးႀကဳံ ေတြ႕ခဲ့ရတဲ့ A4 ကေတာ့ သူ႔ကို ေကြၽးေမြးေစာင့္ေရွာက္ဖူးတဲ့ ေက်းဇူးရွင္ တစ္ေယာက္ ရဲ႕စိတ္မေကာင္း စရာ အေျခအေနကို မွ်ေဝလာ ပါတယ္။ သူစားစရာမရွိခဲ့စဥ္အခ်ိန္က ေ႐ႊတိဂုံဘုရားမွာ ပန္းေရာင္းၿပီး သူ႔ကို ထမင္းေကြၽးေမြးဖူးခဲ့တဲ့ ညီမေလး တစ္ေယာက္က အခုခ်ိန္မွာ အသည္းေရာင္ အသားဝါနဲ႔ ေဆး႐ုံတက္ ေနရတာျဖစ္ၿပီး A4 ကေတာ့ အခုလိုအခ်ိန္မွာ တတ္ႏိုင္သမွ်ျပန္လည္ကူညီေပးဖို႔ ဆုံးျဖတ္ထားေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။

ဒီေန႔မွာေတာ့ ေက်းဇူးရွင္ညီမေလး အတြက္ ေငြေၾကးအခ်ိဳ႕နဲ႔ အတူ သူတတ္ႏိုင္သေလာက္ သြားေရာက္ ကူညီေပးခဲ့ပါတယ္ ပရိသတ္ႀကီးေရ… ကိုယ့္ထက္ အသက္ငယ္႐ြယ္သူ ျဖစ္ေပမယ့္ ေကြၽးေက်းဇူးရွိခဲ့ ဖူးတာကို မေမ့ဘဲ သူဒုကၡေရာက္ေနခ်ိန္မွာ ႏိုင္သေလာက္ ျပန္လည္ကူညီေပးခဲ့တဲ့ A4 ေက်ာ္စြာရဲ႕အလႉေလး ကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Kyaw Swar
Rainbow- Cele Gabar

ကိုယ့်အပေါ်မှာကျေးဇူး ရှိဖူးတဲ့ ညီမလေး တစ်ယောက် ဆေးရုံတက် ရချိန် မှာ ပြန်လည် ကူညီပေး ခဲ့တဲ့ A4 ကျော်စွာ

A4 ကျော်စွာ ကတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းခဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ထိမိတဲ့ Free Style Rap တွေကြောင့် ပရိသတ်အသိမှတ် ပြုအားပေးမှုရရှိခဲ့ပြီး အခုဆိုရင်တော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့အတူ နားခိုစရာ အိမ်လေးတစ်လုံး ငှားနေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလိုအခြေအနေ မရောက်ခင်မှာ ဒုက္ခတွေအများကြီးကြုံ တွေ့ခဲ့ရတဲ့ A4 ကတော့ သူ့ကို ကျွေးမွေးစောင့်ရှောက်ဖူးတဲ့ ကျေးဇူးရှင် တစ်ယောက် ရဲ့စိတ်မကောင်း စရာ အခြေအနေကို မျှဝေလာ ပါတယ်။ သူစားစရာမရှိခဲ့စဉ်အချိန်က ရွှေတိဂုံဘုရားမှာ ပန်းရောင်းပြီး သူ့ကို ထမင်းကျွေးမွေးဖူးခဲ့တဲ့ ညီမလေး တစ်ယောက်က အခုချိန်မှာ အသည်းရောင် အသားဝါနဲ့ ဆေးရုံတက် နေရတာဖြစ်ပြီး A4 ကတော့ အခုလိုအချိန်မှာ တတ်နိုင်သမျှပြန်လည်ကူညီပေးဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။

ဒီနေ့မှာတော့ ကျေးဇူးရှင်ညီမလေး အတွက် ငွေကြေးအချို့နဲ့ အတူ သူတတ်နိုင်သလောက် သွားရောက် ကူညီပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ကိုယ့်ထက် အသက်ငယ်ရွယ်သူ ဖြစ်ပေမယ့် ကျွေးကျေးဇူးရှိခဲ့ ဖူးတာကို မမေ့ဘဲ သူဒုက္ခရောက်နေချိန်မှာ နိုင်သလောက် ပြန်လည်ကူညီပေးခဲ့တဲ့ A4 ကျော်စွာရဲ့အလှူလေး ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Kyaw Swar
Rainbow- Cele Gabar