မႏၱေလး ေတာင္ ေပၚသို႔ တက္ခြင့္ ရက္ အကန္႔ အသက္ မရွိ ပိတ္ထား ဟု ဆို

မႏၲေလးေတာင္ တြင္ နံနက္ အေစာ ပိုင္းႏွင့္ ညေနပိုင္းတို႔၌ ေျခလ်င္ေတာင္တက္ သူမ်ားႏွင့္ စည္ကားေနၿပီး ၾသဂုတ္ ၁၅ ရက္မွစ၍ မယဥ္ေက်းေသာ(အတိုအျပတ္မ်ား)၀တ္စားဆင္ယင္မႈျဖင့္ ေတာင္တက္ခြင့္မျပဳဟူ၍ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လ်က္ရွိရာ ေဂါပကအဖြဲ႕က ထိုသို႔ထုတ္ျပန္ထားျခင္းမရွိေၾကာင္း ေတာင္ေတာ္ေဂါပကအဖြဲ႕၊ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုးကေျပာသည္။

ေတာင္တက္လမ္း မုခ္ဦးတြင္ ႏိုင္ငံေတာ္မွ ထုတ္ျပန္ ထားေသာ ကိုဗစ္ ႀကိဳတင္ကာကြယ္ေရး စည္းကမ္းခ်က္ အရ မႏၲေလးေတာင္ေပၚသို႔ စက္ဘီးျဖင့္လည္းေကာင္း၊ေျခလ်င္ျဖင့္လည္းေကာင္း အားကစားျပဳလုပ္ျခင္းမ်ားကို ရက္အကန္႔အသတ္မရွိ ပိတ္ထားသည္ဟု ၾသဝါဒါစရိယဆရာေတာ္မ်ားႏွင့္ ေတာင္ေတာ္ေဂါပကအဖြဲ႕က အသိေပးေၾက ညာထားသည္။

“က်န္းမာေရး၀န္ႀကီးဌာန ထုတ္ျပန္ခ်က္ အရပိတ္ထားၿပီး တက္ခြင့္မ​ေပးေသးဘူး။ ေတာင္ေပၚမတက္ပါနဲ ႔လို႔ပဲ အသိေပးႏိုင္တာပါ။တက္လာတာကို အတင္းဆြဲ လို႔လည္း မျဖစ္ဘူး။အသိစိတ္နဲ႔ လိုက္နာေပးၾကဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ေမတၱာရပ္ ခံထားတာပဲရွိတယ္။ ခြင့္ျပဳထားတာ မရွိသလို လိုင္းေပၚမွာပ်ံ႕ေနသလိုမ်ိဳး ကလည္း ေဂါပကနဲ႔ မသက္ဆိုင္ဘူး။လိုင္းေပၚတက္လာတာေတာ့ ေတြ႕တယ္”ဟု ၎က ေျပာသည္။

ေဒသခံမ်ား အေနျဖင့္ နံနက္အေစာပိုင္းႏွင့္ ညေနပိုင္းတို႔တြင္ မႏၲေလးေတာင္ ေပၚသို႔ က်န္းမာေရးအတြက္ ေျခလ်င္လမ္းေလွ်ာက္ေတာင္တက္ျခင္းႏွင့္ စက္ဘီးစီး၍ ေတာင္တက္ျခင္းမ်ား ျပဳလုပ္ေနၾကၿပီး စေနႏွင့္ တနဂၤေႏြရက္မ်ားတြင္ ပုံမွန္ရက္ထက္ ၂ ဆေက်ာ္ပိုမိုမ်ားျပားေၾကာင္း သိရသည္။

“မနက္ ၅ နာရီေလာက္ ထၿပီး ေတာင္တက္လမ္းေလွ်ာက္တယ္။တခ်ိဳ႕က ပုံမွန္ ကားလမ္းက မတက္ဘဲ ေတာလမ္းကတက္ၾကတာရွိတယ္။မနက္ပိုင္းမွာ ေတာင္တက္သူခန္႔မွန္းရင္ ဦးေရ ၃၀၀ ေက်ာ္ေလာက္ေပါ့။ ညေနပိုင္းမွာဆို ဒီထက္ပိုမ်ားမယ္”ဟု မႏၲေလးေဒသခံ ေန႔စဥ္ေတာင္တက္သူတစ္ဦးက ေျပာသည္။

မႏၲေလးေတာင္မွ ေတာင္ တက္ ကားလမ္းကို ယခင္ေက်ာက္ခင္း ကတၱရာလမ္းမွ ႏိုင္လြန္ကတၱရာ လမ္းခင္း ျခင္း ေဆာင္႐ြက္ထားသျဖင့္ သန္႔ရွင္းသပ္ရပ္ေနၿပီး နံနက္ အေစာပိုင္းႏွင့္ ညေန ပိုင္းတို႔တြင္ ေျခလ်င္ ေတာင္တက္ လမ္းေလွ်ာက္သူမ်ားႏွင့္ စည္ကား ေနသည္ဟု ဆိုသည္။

ျမန္မာတိုင္းမ္

မန္တလေး တောင် ပေါ်သို့ တက်ခွင့် ရက် အကန့် အသက် မရှိ ပိတ်ထား ဟု ဆို

မန္တလေးတောင် တွင် နံနက် အစော ပိုင်းနှင့် ညနေပိုင်းတို့၌ ခြေလျင်တောင်တက် သူများနှင့် စည်ကားနေပြီး သြဂုတ် ၁၅ ရက်မှစ၍ မယဉ်ကျေးသော(အတိုအပြတ်များ)ဝတ်စားဆင်ယင်မှုဖြင့် တောင်တက်ခွင့်မပြုဟူ၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိရာ ဂေါပကအဖွဲ့က ထိုသို့ထုတ်ပြန်ထားခြင်းမရှိကြောင်း တောင်တော်ဂေါပကအဖွဲ့၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောသည်။

တောင်တက်လမ်း မုခ်ဦးတွင် နိုင်ငံတော်မှ ထုတ်ပြန် ထားသော ကိုဗစ် ကြိုတင်ကာကွယ်ရေး စည်းကမ်းချက် အရ မန္တလေးတောင်ပေါ်သို့ စက်ဘီးဖြင့်လည်းကောင်း၊ခြေလျင်ဖြင့်လည်းကောင်း အားကစားပြုလုပ်ခြင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု သြဝါဒါစရိယဆရာတော်များနှင့် တောင်တော်ဂေါပကအဖွဲ့က အသိပေးကြေ ညာထားသည်။

“ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရပိတ်ထားပြီး တက်ခွင့်မ​ပေးသေးဘူး။ တောင်ပေါ်မတက်ပါနဲ ့လို့ပဲ အသိပေးနိုင်တာပါ။တက်လာတာကို အတင်းဆွဲ လို့လည်း မဖြစ်ဘူး။အသိစိတ်နဲ့ လိုက်နာပေးကြဖို့လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မေတ္တာရပ် ခံထားတာပဲရှိတယ်။ ခွင့်ပြုထားတာ မရှိသလို လိုင်းပေါ်မှာပျံ့နေသလိုမျိုး ကလည်း ဂေါပကနဲ့ မသက်ဆိုင်ဘူး။လိုင်းပေါ်တက်လာတာတော့ တွေ့တယ်”ဟု ၎င်းက ပြောသည်။

ဒေသခံများ အနေဖြင့် နံနက်အစောပိုင်းနှင့် ညနေပိုင်းတို့တွင် မန္တလေးတောင် ပေါ်သို့ ကျန်းမာရေးအတွက် ခြေလျင်လမ်းလျှောက်တောင်တက်ခြင်းနှင့် စက်ဘီးစီး၍ တောင်တက်ခြင်းများ ပြုလုပ်နေကြပြီး စနေနှင့် တနင်္ဂနွေရက်များတွင် ပုံမှန်ရက်ထက် ၂ ဆကျော်ပိုမိုများပြားကြောင်း သိရသည်။

“မနက် ၅ နာရီလောက် ထပြီး တောင်တက်လမ်းလျှောက်တယ်။တချို့က ပုံမှန် ကားလမ်းက မတက်ဘဲ တောလမ်းကတက်ကြတာရှိတယ်။မနက်ပိုင်းမှာ တောင်တက်သူခန့်မှန်းရင် ဦးရေ ၃၀၀ ကျော်လောက်ပေါ့။ ညနေပိုင်းမှာဆို ဒီထက်ပိုများမယ်”ဟု မန္တလေးဒေသခံ နေ့စဉ်တောင်တက်သူတစ်ဦးက ပြောသည်။

မန္တလေးတောင်မှ တောင် တက် ကားလမ်းကို ယခင်ကျောက်ခင်း ကတ္တရာလမ်းမှ နိုင်လွန်ကတ္တရာ လမ်းခင်း ခြင်း ဆောင်ရွက်ထားသဖြင့် သန့်ရှင်းသပ်ရပ်နေပြီး နံနက် အစောပိုင်းနှင့် ညနေ ပိုင်းတို့တွင် ခြေလျင် တောင်တက် လမ်းလျှောက်သူများနှင့် စည်ကား နေသည်ဟု ဆိုသည်။

မြန်မာတိုင်းမ်