သာမန် လူငယ်လေးကေ န အဘအ ရွယ်အဖြစ်လုံးဝ‌ပြောင်းလဲလိုက် တဲ့ မင်းသားကျော်ဆု ရဲ့ ပုံရိပ်များ

ရုပ် ရှင် ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရင်းနဲ့ ပရိသတ်တွေက အသိအမှတ်ပြုလာတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကျော်စု က ပါဝင်ပါတယ်။သူဟာဆိုရင် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေ အပြင် ၊ ခန့်ငြားတဲ့ ရုပ်ရည်ကြောင့်လည်း မိန်းကလေး ပရိသတ်တွေအသည်းစွဲ သူ တစ်ဦးလည်းဖြစ်ပါတယ်။

ကျော် စု တစ်ယောက်ကတော့ လက်ရှိမှာလည်း ရိုက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေဆဲ ဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ ကာရိုက်တာ ကိုပြင်ဆင်ရင်းနဲ့ အဖိုးကြီး ဖြစ်ရတဲ့ သူ့ပုံတွေကို ပြန်လည်မျှဝေပေးတာကိုတွေ့ရပါတယ်။ လုံးဝကို မမှတ်မိနိုင်လောက်တဲ့ အိုမင်းတဲ့ ပုံပေါ်အောင် ဖန်တီးနိုင်တဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်း လေးစားပါတယ်။

အခုလို မိတ်ကပ်ပြင်ပေးသူတွေကတော့ မိတ်ကပ်ယုဇနထွန်း (မဲမဲ) နဲ့ ဆရာကြီး ဦးသောင်းတို့ဖြစ်တယ်လို့လည်းသူက ပြောပြပေးပါတယ်။ကျော်စုကတော့ လက်ရှိမှာ အနုပညာ လှုပ်ရှားမှုအဖြစ် MRTV4 မှာ ပြသနေတဲ့ အခန်း
နံပါတ် ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။နောက်ထပ်လည်း အနုပညာအလုပ်တွေကို အများကြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Writer- SMT(Shwe Yaung Lan)