ဂ်ပန္လူမ်ိဳး ေတြ ေတာင္ လက္ဖ်ား ခါေလာက္ ေအာင္ ခ်ီးက်ဴး ရတဲ့ ေရႊ ျမန္မာ တို႔ရဲ့ အိုင္ က်ဴ ျမင့္မား ပုံမ်ား

ဂ်ပန္နိင္ငံ တိုက်ိဳၿမိဳ.ရဲ့ JICAcenter ကအခန္း ေတြမွာ မီး မေလာင္ ရေအာင္ အခန္းထဲမွာ smoke sensor တပ္ထား ပါ တယ္။ အခန္း ထဲ မွာ ေဆးလိပ္ ေသာက္ရင္ sensor ကအသံျမည္ပါတယ္။ အနံ့ ဆက္ရွိ ေနမယ္ ဆိုရင္ အမိုးကေနေရေတြပန္းထြက္လာပါတယ္။ အခန္းမီးကိုလဲ ပါဝါနည္းတဲ့ breaker တပ္ ထားပါတယ္။ အခန္း ထဲမွာ ထမင္းဟင္းခ်က္ လို႔မရေအာင္ပါ။ breaker ကိုလဲ ျဖဳတ္လို.မရ ေအာင္၊ ျဖဳတ္ရင္လဲ သိေအာင္ရက္ဆြဲ ေရးထားတဲ့ cellotape ကပ္ ထားပါတယ္။ အဲ့ဒါကို အနံျပင္းတဲ့ ျမန္မာဟင္းေတြ ရေအာင္ ခ်က္ စားၾကတယ္။ အိမ္သာထဲမွာ exhaut fan ရွိတာမို႔ ကမုတ္ေပၚမွာ တင္ခ်က္ၾကပါတယ္။ ျမန္မာ အဂၤ်င္နီယာေတြက cellotape ေပၚကစာမပ်က္ေအာင္ breaker ေျပာင္းတပ္ေပးပါ တယ္။

အခန္းကို ေန႔တိုင္း သန႔္ရွင္းေရး လာ လုပ္လို႔ ခ်က္စားတဲ့ ဆန္ စတာေတြကို ရန္ကုန္က ပါလာတဲ့ ေသတၱာထဲမွာထဲ့ သိမ္းၿပီးေသာ့ ခတ္ထား ရတယ္။ အခန္း ထဲမွာလဲ က် မေနေအာင္ သတိထား သိမ္းၿပီးမွ အလုပ္သြားရတယ္။ အဲ့ဒီတုံးက စဥ္းစားမိတာက ငါဘာ အကုသိုလ္မ်ားလုပ္ခဲ့လို႔ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ဘာလို႔ ခိုးေခ်ာင္ခိုးဝွက္စား ေနရတာလဲလို႔ အခုမွအေျဖေတြ႕တယ္။ ဘာ အကုသိုလ္ေၾကာင့္မွ မဟုတ္ဘူး။ ပိုက္ဆံမက္တဲ့ ေလာဘနဲ႔ ကိုယ့္ျမန္မာစာနဲ႔ ျမန္မာ မိတ္ေဆြေတြကိုမက္တဲ့ ေလာဘေၾကာင့္ပဲ။

တစ္ႀကိမ္ မွာေတာ့ ရန္ကုန္က ေရာက္စ ျမန္မာ ပညာ သင္ႏွစ္ဦး အခန္း ထဲမွာ ရန္ကုန္က ပါလာတဲ့ အမဲသား ေျခာက္ေတြခ်က္တာ အမိုးကေရေတြလဲ ပန္းထြက္၊ အသံေတြလဲျမည္တာနဲ႔ ဟင္းအိုးကိုင္ၿပီး corridor ကိုထြက္လာတယ္။ corridor ကို security က camera ေတြနဲ႔အျမဲၾကည့္ေနတာ။ သူတို႔ဟင္းအိုးေရာ rice cooker ေရာ္သိမ္းသြားၿပီး ရန္ကုန္ ျပန္မွျပန္ေပးတယ္။

ဂ်ပန္မွာ စက္နဲ႔ ေလာင္းကစားတဲ့ (ပါခ်င္ကို)ဆိုတာ ေနရာတိုင္း လိုလိုမွာ ရွိတယ္။ ဂ်ပန္ေတြ က တကမၻာလုံး ကို သူတို႔ေစတနာ ၊ေမတၱာ ရွိတယ္ဆိုတဲ့ နံမည္ေကာင္း ျပခ်င္ တယ္။ ဒါေၾကာင့္ JICA အေထာက္အပံ့ေတြ နိုင္ငံ ေတာ္ေတာ္ မ်ားမ်ားကို ေပးတယ္။ ဒါေပမဲ့သူမ်ားနိုင္ငံေတြကို ေတာ့သူတို႔ ရဲ့နည္းပညာေတြမရေစခ်င္ဘူး။ သင္တန္း မွာ ဘာမွသိပ္မသင္ဘူး။ (Intensive care က လာတဲ့သူနာျပဳဆရာမေလးက ေျပာတယ္ က်မေတာ့ ရန္ကုန္ေရာက္ရင္ ဘာသာျပန္တဲ့အလုပ္ဘဲ ေျပာင္းလုပ္ရမယ္ထင္တယ္တဲ့။ က်မတို႔ဓါတ္ခြဲခန္းမွာလဲ Reagents အားလုံးဂ်ပန္လိုေရးထာတာ။ Distilled water နဲ႔. Acetic acid ဆို အနံ့နံနံၾကည့္ရတယ္)။ သူတို႔ေထာက္ပံ့တဲ့ပိုက္ဆံသူတို႔ တိုင္းျပည္မွာ ပဲသုံးၿပီးျပန္ေစခ်င္တယ္။

ပညာေတာ္သင္ တစ္ေယာက္ က ဘာမွသင္စရာ မရွိေတာ့ ေလာင္းကစား တဲ့ စက္နဲ႔ ေန႔တိုင္းသြား ကစားတယ္။ ကစားရင္း စက္ရဲ့အထာကိုသိသြားၿပီး သူကစားတိုင္းနိုင္လို႔ ဆိုင္ရွင္က စက္ကိုလဲပစ္တယ္။ ဒါလဲသူပဲနိုင္ေတာ့ ေနာက္လာမကစားဖို႔ ဆိုင္ကလူမိုက္နဲ႔ႏွင္ရတဲ့ အေျခအေနေရာက္သြားတယ္။

ဂ်ပန္က ေဟာ္တည္မွာ အဲ့ဒီ အခ်ိန္ ထဲက mini bar ထားၿပီး ေရခဲေသတၱာ ထဲက စားစရာေတြ ယူရင္ automatic front desk ကို bill ေရာက္တယ္။ အဲ့ဒါ ျမန္မာ တစ္ေယာက္က bar ထဲက အရက္ေတြ အားလုံးေသာက္ျပစ္တာ သူ႔ကို ထမ္းစင္ နဲ႔ျပန္သယ္ရတယ္။ ဒါေပမဲ့ ပိုက္ဆံ တစ္ျပားမွ မကုန္ခဲ့ဘူးတဲ့။ ဘာျဖစ္လို႔လဲ လို႔စပ္စုၾကည့္ေတာ့ automatic front desk ကို bill ေရာက္တယ္ဆိုတာ အထဲကပစၥည္းယူလိုက္ရင္ အေလး ခ်ိန္ေပါ့သြားလို႔ signal ေရာက္တာ။ signal မေရာက္ေအာင္ ပစၥည္းယူတဲ့အခါ ေအာက္ေၿခ signal ျဖစ္မဲ့ေနရာကို လက္ခေလးနဲ႔ဖိၿပီးအေလးခ်ိန္တူတဲ့ ေရထဲ့ထားတဲ့ ပုလင္းကို ျပန္ထဲ့လိုက္တယ္တဲ့။ ေနာက္လူေတာ ေရေတြပဲ ေသာက္ရေတာ့မယ္ ထင္ တယ္။ က်မက ျမန္မာသူနာျပဳတစ္ေယာက္နဲ႔ျမန္မာျပည္ျပန္မဲ့ သူေတြကို အျပန္ပစၥည္းေတြ လိုက္သိမ္းေပးေလ့ရွိပါတယ္။ တခါေတာ့ ျပန္မဲ့သူက ေနာက္မွာ ဘုနဲ႔TV ကိုဖြင့္ၿပီးအထဲမွာ နာရီေတြကို cellotape ေတြနဲ႔ကပ္တာေတြ႕ရတယ္။ ရန္ကုန္က custom မေတြ႕ေအာင္တဲ့။ နာရီ အလုံး ၁၀၀ ေလာက္ေတာ့အသာေလး ပဲတဲ့။

တိုက်ိဳမွာ prepayed phone card ေတြက ၿမိ့တြင္းေရာ နိုင္ငံျခား ေရာ ေခၚလို႔ ရတယ္။ ဒါေပမဲ့ ၿမိဳ႕တြင္းက တစ္ယူနစ္ကို ရမ္ ၁၀ ပဲက်ၿပီး ျမန္မာျပည္ေခၚရင္ ရမ္ ၁၀၀ က်တယ္။ ရမ္ ထဲ့ၿပီးလဲေျပာလို႔ရတယ္။ တစ္ခ်ိဳ႕က ရမ္ ကို အေပါက္ေသးေသးေလး ေဖါက္ႀကိဳးထဲ့ထားၿပီး၊ ဖုန္းေခၚၿပီးရင္ႀကိဳးဆြဲၿပီး ပိုက္ဆံျပန္ ထုတ္တယ္တဲ့။ တစ္ခ်ိဳ႕ကေတာ့ ဖုန္းကို ဘယ္လို လုပ္လိုက္လဲမသိဘူး၊ ျမန္မာျပည္ေခၚရင္ ရမ္ ၁၀ ပဲက်တယ္။ သူတို႔ေျပာၿပီးရင္ က်န္တဲ့ ျမန္မာေတြကို အေၾကာင္း ၾကားတယ္။ အဲ့ဒီဖုန္းေရွ႕မွာ ျမန္မာေတြ ဖုန္းေျပာဖို႔တန္းဆီေနၾကတာ။ မသိတဲ့ဂ်ပန္ေတြက ဒီျပင္ဖုန္းလဲ ရွိတယ္ ေစာင့္ဖို႔မလို ဘူးလိုေျပာျပတယ္။ ဒါေပမဲ့ က်မတို႔ျမန္မာေတြက sentimental ျဖစ္တယ္။ ဒီဖုန္းနဲ႔မွလို႔ ျပန္ေျဖၾကတယ္။

ဂ်ပန္ telephone co က ျမန္မာျပည္ ေခၚတာ မ်ားတယ္ ဆိုၿပီး ျမန္မာျပည္ အထူး phone card ထုတ္တယ္။ ဝယ္မဲ့သူ မရွိလို႔ ထုတ္တာရပ္လိုက္ရတယ္။ Center က TV လိုင္း ၁၀ ခုေလာက္ရွိတယ္။ အားလုံး အလကားၾကည့္ လို႔ရတယ္။ ဒါေပမဲ့ လိုင္း ၂ ကေတာ့ ပိုက္ဆံေပးရတယ္။ အဲ့ဒါကိုလဲ ျမန္မာေတြ အလကားၾကည့္တဲ့ အျပင္ တျခားနိုင္ငံျခားသားေတြ ကိုပါ အလကားျပၾကတယ္။ ဘယ္လိုလုပ္တာ လဲလို႔စပ္စုၾကည့္ေတာ့။ front desk ကိုသြားတဲ့ လိုင္းကို ပင္အက္နဲ႔စိုက္ထားရင္ signal မသြားေတာ့ဘူးတဲ့။

၁၉၆၀ က world bank က မွတ္ခ်က္ ထုတ္ တယ္။ Asia မွာျမန္မာနိုင္ငံက သရံဇာတာႂကြယ္ဝၿပီး၊ လူေတြကလည္း IQ ျမင့္လို႔ အတိုးတက္ဆုံးျဖစ္မယ္တဲ့။ မွန္ လား ? မ မွန္ဘူးလား ?

ဂျပန်လူမျိုး တွေ တောင် လက်ဖျား ခါလောက် အောင် ချီးကျူး ရတဲ့ ရွှေ မြန်မာ တို့ရဲ့ အိုင် ကျူ မြင့်မား ပုံများ

ဂျပန်နိင်ငံ တိုကျိုမြို.ရဲ့ JICAcenter ကအခန်း တွေမှာ မီး မလောင် ရအောင် အခန်းထဲမှာ smoke sensor တပ်ထား ပါ တယ်။ အခန်း ထဲ မှာ ဆေးလိပ် သောက်ရင် sensor ကအသံမြည်ပါတယ်။ အနံ့ ဆက်ရှိ နေမယ် ဆိုရင် အမိုးကနေရေတွေပန်းထွက်လာပါတယ်။ အခန်းမီးကိုလဲ ပါဝါနည်းတဲ့ breaker တပ် ထားပါတယ်။ အခန်း ထဲမှာ ထမင်းဟင်းချက် လို့မရအောင်ပါ။ breaker ကိုလဲ ဖြုတ်လို.မရ အောင်၊ ဖြုတ်ရင်လဲ သိအောင်ရက်ဆွဲ ရေးထားတဲ့ cellotape ကပ် ထားပါတယ်။ အဲ့ဒါကို အနံပြင်းတဲ့ မြန်မာဟင်းတွေ ရအောင် ချက် စားကြတယ်။ အိမ်သာထဲမှာ exhaut fan ရှိတာမို့ ကမုတ်ပေါ်မှာ တင်ချက်ကြပါတယ်။ မြန်မာ အင်္ဂျင်နီယာတွေက cellotape ပေါ်ကစာမပျက်အောင် breaker ပြောင်းတပ်ပေးပါ တယ်။

အခန်းကို နေ့တိုင်း သန့်ရှင်းရေး လာ လုပ်လို့ ချက်စားတဲ့ ဆန် စတာတွေကို ရန်ကုန်က ပါလာတဲ့ သေတ္တာထဲမှာထဲ့ သိမ်းပြီးသော့ ခတ်ထား ရတယ်။ အခန်း ထဲမှာလဲ ကျ မနေအောင် သတိထား သိမ်းပြီးမှ အလုပ်သွားရတယ်။ အဲ့ဒီတုံးက စဉ်းစားမိတာက ငါဘာ အကုသိုလ်များလုပ်ခဲ့လို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဘာလို့ ခိုးချောင်ခိုးဝှက်စား နေရတာလဲလို့ အခုမှအဖြေတွေ့တယ်။ ဘာ အကုသိုလ်ကြောင့်မှ မဟုတ်ဘူး။ ပိုက်ဆံမက်တဲ့ လောဘနဲ့ ကိုယ့်မြန်မာစာနဲ့ မြန်မာ မိတ်ဆွေတွေကိုမက်တဲ့ လောဘကြောင့်ပဲ။

တစ်ကြိမ် မှာတော့ ရန်ကုန်က ရောက်စ မြန်မာ ပညာ သင်နှစ်ဦး အခန်း ထဲမှာ ရန်ကုန်က ပါလာတဲ့ အမဲသား ခြောက်တွေချက်တာ အမိုးကရေတွေလဲ ပန်းထွက်၊ အသံတွေလဲမြည်တာနဲ့ ဟင်းအိုးကိုင်ပြီး corridor ကိုထွက်လာတယ်။ corridor ကို security က camera တွေနဲ့အမြဲကြည့်နေတာ။ သူတို့ဟင်းအိုးရော rice cooker ရော်သိမ်းသွားပြီး ရန်ကုန် ပြန်မှပြန်ပေးတယ်။

ဂျပန်မှာ စက်နဲ့ လောင်းကစားတဲ့ (ပါချင်ကို)ဆိုတာ နေရာတိုင်း လိုလိုမှာ ရှိတယ်။ ဂျပန်တွေ က တကမ္ဘာလုံး ကို သူတို့စေတနာ ၊မေတ္တာ ရှိတယ်ဆိုတဲ့ နံမည်ကောင်း ပြချင် တယ်။ ဒါကြောင့် JICA အထောက်အပံ့တွေ နိုင်ငံ တော်တော် များများကို ပေးတယ်။ ဒါပေမဲ့သူများနိုင်ငံတွေကို တော့သူတို့ ရဲ့နည်းပညာတွေမရစေချင်ဘူး။ သင်တန်း မှာ ဘာမှသိပ်မသင်ဘူး။ (Intensive care က လာတဲ့သူနာပြုဆရာမလေးက ပြောတယ် ကျမတော့ ရန်ကုန်ရောက်ရင် ဘာသာပြန်တဲ့အလုပ်ဘဲ ပြောင်းလုပ်ရမယ်ထင်တယ်တဲ့။ ကျမတို့ဓါတ်ခွဲခန်းမှာလဲ Reagents အားလုံးဂျပန်လိုရေးထာတာ။ Distilled water နဲ့. Acetic acid ဆို အနံ့နံနံကြည့်ရတယ်)။ သူတို့ထောက်ပံ့တဲ့ပိုက်ဆံသူတို့ တိုင်းပြည်မှာ ပဲသုံးပြီးပြန်စေချင်တယ်။

ပညာတော်သင် တစ်ယောက် က ဘာမှသင်စရာ မရှိတော့ လောင်းကစား တဲ့ စက်နဲ့ နေ့တိုင်းသွား ကစားတယ်။ ကစားရင်း စက်ရဲ့အထာကိုသိသွားပြီး သူကစားတိုင်းနိုင်လို့ ဆိုင်ရှင်က စက်ကိုလဲပစ်တယ်။ ဒါလဲသူပဲနိုင်တော့ နောက်လာမကစားဖို့ ဆိုင်ကလူမိုက်နဲ့နှင်ရတဲ့ အခြေအနေရောက်သွားတယ်။

ဂျပန်က ဟော်တည်မှာ အဲ့ဒီ အချိန် ထဲက mini bar ထားပြီး ရေခဲသေတ္တာ ထဲက စားစရာတွေ ယူရင် automatic front desk ကို bill ရောက်တယ်။ အဲ့ဒါ မြန်မာ တစ်ယောက်က bar ထဲက အရက်တွေ အားလုံးသောက်ပြစ်တာ သူ့ကို ထမ်းစင် နဲ့ပြန်သယ်ရတယ်။ ဒါပေမဲ့ ပိုက်ဆံ တစ်ပြားမှ မကုန်ခဲ့ဘူးတဲ့။ ဘာဖြစ်လို့လဲ လို့စပ်စုကြည့်တော့ automatic front desk ကို bill ရောက်တယ်ဆိုတာ အထဲကပစ္စည်းယူလိုက်ရင် အလေး ချိန်ပေါ့သွားလို့ signal ရောက်တာ။ signal မရောက်အောင် ပစ္စည်းယူတဲ့အခါ အောက်ခြေ signal ဖြစ်မဲ့နေရာကို လက်ခလေးနဲ့ဖိပြီးအလေးချိန်တူတဲ့ ရေထဲ့ထားတဲ့ ပုလင်းကို ပြန်ထဲ့လိုက်တယ်တဲ့။ နောက်လူတော ရေတွေပဲ သောက်ရတော့မယ် ထင် တယ်။ ကျမက မြန်မာသူနာပြုတစ်ယောက်နဲ့မြန်မာပြည်ပြန်မဲ့ သူတွေကို အပြန်ပစ္စည်းတွေ လိုက်သိမ်းပေးလေ့ရှိပါတယ်။ တခါတော့ ပြန်မဲ့သူက နောက်မှာ ဘုနဲ့TV ကိုဖွင့်ပြီးအထဲမှာ နာရီတွေကို cellotape တွေနဲ့ကပ်တာတွေ့ရတယ်။ ရန်ကုန်က custom မတွေ့အောင်တဲ့။ နာရီ အလုံး ၁၀၀ လောက်တော့အသာလေး ပဲတဲ့။

တိုကျိုမှာ prepayed phone card တွေက မြိ့တွင်းရော နိုင်ငံခြား ရော ခေါ်လို့ ရတယ်။ ဒါပေမဲ့ မြို့တွင်းက တစ်ယူနစ်ကို ရမ် ၁၀ ပဲကျပြီး မြန်မာပြည်ခေါ်ရင် ရမ် ၁၀၀ ကျတယ်။ ရမ် ထဲ့ပြီးလဲပြောလို့ရတယ်။ တစ်ချို့က ရမ် ကို အပေါက်သေးသေးလေး ဖေါက်ကြိုးထဲ့ထားပြီး၊ ဖုန်းခေါ်ပြီးရင်ကြိုးဆွဲပြီး ပိုက်ဆံပြန် ထုတ်တယ်တဲ့။ တစ်ချို့ကတော့ ဖုန်းကို ဘယ်လို လုပ်လိုက်လဲမသိဘူး၊ မြန်မာပြည်ခေါ်ရင် ရမ် ၁၀ ပဲကျတယ်။ သူတို့ပြောပြီးရင် ကျန်တဲ့ မြန်မာတွေကို အကြောင်း ကြားတယ်။ အဲ့ဒီဖုန်းရှေ့မှာ မြန်မာတွေ ဖုန်းပြောဖို့တန်းဆီနေကြတာ။ မသိတဲ့ဂျပန်တွေက ဒီပြင်ဖုန်းလဲ ရှိတယ် စောင့်ဖို့မလို ဘူးလိုပြောပြတယ်။ ဒါပေမဲ့ ကျမတို့မြန်မာတွေက sentimental ဖြစ်တယ်။ ဒီဖုန်းနဲ့မှလို့ ပြန်ဖြေကြတယ်။

ဂျပန် telephone co က မြန်မာပြည် ခေါ်တာ များတယ် ဆိုပြီး မြန်မာပြည် အထူး phone card ထုတ်တယ်။ ဝယ်မဲ့သူ မရှိလို့ ထုတ်တာရပ်လိုက်ရတယ်။ Center က TV လိုင်း ၁၀ ခုလောက်ရှိတယ်။ အားလုံး အလကားကြည့် လို့ရတယ်။ ဒါပေမဲ့ လိုင်း ၂ ကတော့ ပိုက်ဆံပေးရတယ်။ အဲ့ဒါကိုလဲ မြန်မာတွေ အလကားကြည့်တဲ့ အပြင် တခြားနိုင်ငံခြားသားတွေ ကိုပါ အလကားပြကြတယ်။ ဘယ်လိုလုပ်တာ လဲလို့စပ်စုကြည့်တော့။ front desk ကိုသွားတဲ့ လိုင်းကို ပင်အက်နဲ့စိုက်ထားရင် signal မသွားတော့ဘူးတဲ့။

၁၉၆၀ က world bank က မှတ်ချက် ထုတ် တယ်။ Asia မှာမြန်မာနိုင်ငံက သရံဇာတာကြွယ်ဝပြီး၊ လူတွေကလည်း IQ မြင့်လို့ အတိုးတက်ဆုံးဖြစ်မယ်တဲ့။ မှန် လား ? မ မှန်ဘူးလား ?