အ ဆိုတော် / သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုး တစ်ယောက်ကတော့ အနုပညာဘက်မှာ ပါရမီ ရှိသူလို့ ဆိုရမယ့်သူလေး တစ်ဦးပဲဖြစ်ပါတယ်။ သူဟာဆိုရင်ရုပ်ရှင်ဗွီဒီယိုလောကမှာလည်း နာမည်တစ်လုံးရတဲ့အထိ အောင်မြင်သူ တစ်ဦးဖြစ်သလိုဂီတဘက်မှာလည်း ပရိသတ်တွေက လက်ခံကြတဲ့ အသံရှင်လေးလည်းဖြစ်ပါတယ်။

သူ မက မကြာသေးခင်က ချစ်သူဖြစ်တဲ့ G-Fatt နဲ့ တရာဝင် ပြတ်စဲခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ နေနဲ့လ ရွှေနဲ့မြလို့ ပရိသတ်တွေက တင်စားခဲ့ကြပေမယ့် ညှိနှိုင်းလို့မရတဲ့အခြေအနေတွေကြောင့် သူတို့ရဲ့ အချစ်ရေးဟာ ပြတ်စဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကိုလည်း G-Fatt ကလည်း အင်တာဗျူးတွေမှာ ဖြေဆိုတာ တွေ့ရသလို ၊ နန်းဆုကလည်း သူ့ရဲ့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။

အခုလို ဖြစ်ခဲ့ပေမယ့်လည်း နန်းဆုအနေနဲ့ အချစ်ကို ကြောက်သွားတာ မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ သူမဟာ အခုလို အခက်အခဲအမျိုးကိုတော့ အရမ်းကြောက်သွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ သေလုနီးပါး စိတ်ထိခိုက်နာကျင်ခဲ့ရတဲ့ အခိုက်အတန့်အထိ ဖြစ်ခဲ့ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိအောင် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပရိသတ်အတွက် သူမ ဖြတ်သန်းနိုင်ခဲ့ပြီလို့လည်း သူက ဆိုပါတယ်။

အခုလိုအချိန်မှာတော့ အချစ်လည်းမရှိ အမုန်းလည်းမရှိပဲနဲ့ G-Fatt ကို လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ရဲစရာ မရှိပါဘူးလို့ သူမက ပြောပြပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)