






သာသနာ့တာဝန် ထမ်းဆောင် ရင်းနဲ့ ဆယ်တန်း မှာ ဂုဏ်ထူး ၅ ဘာသာ ထိ ထွက်အောင် ဖြေဆို နိုင်ခဲ့တဲ့ ကိုရင် လေး

သာသနာ့တာဝန် ထမ်းဆောင်ရင်းနဲ့ ဆယ်တန်း စာမေးပွဲမှာ ဂုဏ်ထူး ၅ ဘာသာထိ ထွက်ခဲ့တဲ့ ကြည်ညိုဖွယ် ကိုရင်လေး အကြောင်းမျှဝေ လိုက်ရ ပါတယ်..”ဒီနေ့တော့ တပည့်ကျော်ကိုရင်တစ်ပါးအတွက် ဝမ်းသာစရာ စကားလုံးရှာဖွေလို့တောင် မတွေ့တော့ဘူး..အစက အစိုးရဂေဇက်ကြည့် ရိုးရိုး အောင်လို့ပဲပါတာ…

အမှတ်စာရင်း တောင်းကြည့်မှ..မြန်မာစာ ၇၅..အင်္ဂလိပ် ၈၆..သင်္ချာ ၇၇..ဓာတု ၈၉..ရူပ ၉၁ဇီဝ ၉၂ နဲ့ ငါးဘာသာ ဂုဏ်ထူးပါမှန်း သိရတယ်။

ပရိယတ္တိ စာမေးပွဲနဲ့ တွဲဖက်ပြီး ၁ဝတန်း စာမေးပွဲကို ဖြေဆိုခဲ့တဲ့ကိုရင်ကို ပရိယတ္တိစာမေးပွဲမှာလည်း အောင်မြင်မူကြီးကြီးမားမား ရဖို့ မျှော်လင့်မိပါတယ်။ စာသင်တိုက်သေးသေးလေးကဆိုပြီးပယ်ချမှာတော့ စိုးမိတယ်။

Congratulation ပါ တပည့် ကျော်ရေ……အောင်မြင်မူများစွာ ဆက်လက်ရယူနိုင်ပါစေဂုဏ်ယူစွာဖြင့်…အရှင်ဝိစာရ(သာသနဓဇဓမ္မာစရိယ-နာယကစာချ)..မဟာပုဂံပရိယတ္တိစာသင်တိုက် ၂၂-ရပ်ကွက် ၊ရွှေပေါက်ကံမြို့သစ်..မြောက်ဥက္ကလာပမြို့နယ်”

Writer ; Kwee (Jeeptoolay)

Source ; ဦးဝရဉာဏ မြတောင်တိုက်