အိမ္ မွာ ျခင္ေဆး ေခြ ၊ အေမြးတိုင္ မ်ား အသုံးျပဳ ေနပါက မျဖစ္ မေန သိထားသင့္ တဲ့ အခ်က္ မ်ား

ကမၻာ႕လူသုံးကုန္ ပစၥည္းမ်ားအဖြဲ႕ရဲ့ ေၾကညာခ်က္ အရ ႏွစ္စဥ္ အေမရိကန္ လူမ်ိဴး ၃၃.၁မီလီယန္ေလာက္ဟာ အိမ္သုံးပစည္းမ်ားေၾကာင့္ က်န္းမာေရး ထိခိုက္ျခင္း ကို ခံစားေနရတယ္လို႔ ဆိုပါတယ္။

ထိုသို႔ျဖစ္ရျခင္း ဟာ အိမ္သုံးပစၥည္းမ်ား တြင္ပါဝင္ေသာ ဓာတုပစၥည္းမ်ားေၾကာင့္လို႔ သိပံပညာရွင္ မ်ားက ယုံၾကည္ၾကပါတယ္။

(၁)ျခင္ေဆးေခြ

ျမန္မာနိုင္ငံလို ျခင္ေပါတဲ့နိုင္ငံအေနႏွင့္ေတာ့ ျခင္ေဆးေခြဟာ မရွိမျဖစ္အေရး ပါပါတယ္။ အထူးသျဖင့္ နယ္ဘက္လို ေနရာမ်ိဴးေတြမွာဆိုရင္ ျခင္ေဆးေခြကို အိမ္တိုင္းနီးပါး အသုံးျပဳၾကပါတယ္။

ျခင္ေျပးေစ တာမို႔ ျခင္ႏွင့္ ပတ္သက္ေသာ က်န္းမာေရးျပႆနာမ်ားကို တားဆီးနိုင္ေသာ္ျငားလည္း အျခားေသာ ေၾကာက္စရာေရာဂါေတြကိုေတာ့ လက္ယပ္ ေခၚေနသလို ျဖစ္ေစေၾကာင္းေတြ႕ရွိထားပါတယ္။

သိပံပညာရွင္ ေတြရဲ့ စမ္းသပ္ခ်က္ မ်ားအရ ျခင္ေဆးတစ္ေခြကေနလာေသာ မီးခိုးေငြ႕ေတြဟာဆိုရင္ ေဆးလိပ္ေပါင္း ရ၅လိပ္ကေန ၁၃၇လိပ္ကေနထြက္ လာေသာ မီးခိုးေငြ႕ေတြနဲ႔ ညီမၽွတယ္ဆိုတာသိရပါတယ္။

အဆုတ္နဲ ႔ပတ္သက္ေသာ ေရာဂါဆိုးႀကီးေတြ ျဖစ္ေပၚေစဖို႔ ေကာင္းေကာင္းလုံေလာက္ေသာပမာဏပဲ ျဖစ္ပါတယ္။

(၂)ေလသန႔္ေဆးမ်ား (air fresheners)

-ေလသန႔္ေဆးဗူးေတြမွာဆိုရင္terpenesႏွင့္ ethylene ကိုအေျခခံ ထားေသာ glycol ether ျဒပ္ေပါင္းေတြ ပါဝင္ပါတယ္။

ပထမျဒပ္ေပါင္းဟာ ေလႏွင့္ ထိေတြ႕တာႏွင့္တၿပိဳင္တည္း အဆိပ္ေငြ႕မ်ားအျဖစ္ေျပာင္းလဲသြားၿပီး ဒုတိယ ျဒပ္ေပါင္းကေတာ့ သူ႔ပင္ကိုသဘာဝကိုကပင္ အဆိပ္အေတာက္မ်ား ပါရွိပါတယ္။

ဒါေၾကာင့္ ေလသန႔္ေဆးဗူးေတြကို မျဖစ္မေန အသုံးျပဳမယ္ဆိုပါက ေလဝင္ေလထြက္ေကာင္းေသာ ေနရာမ်ိဴးႏွင့္ အခန္းက်ယ္မ်ားတြင္သာ အသုံးျပဳသင့္တယ္ေနာ္။

(၃)ပ႐ုတ္လုံး

ပ႐ုတ္လုံးတြင္ ပါေသာ paradichlorobenzene ဆိုတဲ့ ျဒပ္ေပါင္းဟာ တိရစၧာန္ မ်ားကို ကင္ဆာျဖစ္ေစနိုင္ပါတယ္။လူေတြကိုေတာ့ ထိုသို႔ကင္ဆာျဖစ္နိုင္စြမ္းရွိမရွိ သက္ေသမျပနိုင္ေသးေသာ္လည္းသတိထားသင့္ေသာအရာ ျဖစ္ပါတယ္။

အခ်ိဴ႕ပ႐ုတ္လုံး မ်ားတြင္ပါဝင္ေသာ naphthalene ဟာ လူေတြ ရဲ့ ေသြးနီဥေတြ ကို ပ်က္စီးေစတာမို႔ ေမြးရာပါ G6PD ခ်ိဴ႕တဲ့ေသာ ကေလးငယ္ေတြအေနနဲ႔ အထူးေရွာင္ရွားရပါတယ္။

(၄) အေမြးတိုင္

ျခင္ေဆးေခြမ်ား မွာလိုပဲ အေမြးတိုင္က ထြက္လာတဲ့ အေငြ႕ေတြ႕မွာ က်န္းမာေရးကို ဆိုးက်ိဴး ျဖစ္ေပၚေစေသာ ဓာတ္ေတြ အေျမာက္အမ်ားပါဝင္တာကို ေတြ႕ရပါတယ္။ ပန္းနာရင္က်ပ္ႏွင့္အဆုတ္ေရာဂါကေန ကင္ဆာျဖစ္နိုင္သည္အထိ ဆိုးက်ိဴးျဖစ္ေပၚနိုင္ပါတယ္။

(၅)ႀကိတ္သား

ယခုအခါ ႀကိတ္သားျဖင့္ ျပဳလုပ္ေသာ ပရိေဘာဂ မ်ားကို အိမ္တိုင္းနီးပါးမွာ အသုံးျပဳ လာၾကတာေတြ႕ရပါတယ္။အျမင္အားျဖင့္ လွပသလို ေဈးႏႈန္းကလည္း ခ်ိဴသာတာမို႔ လူအသုံးမ်ားလွပါတယ္။

ဒါေပမယ့္လည္း က်န္းမာေရးရႈေထာင့္ကၾကည့္ပါက အႏၲရယ္ ရွိတာကို ေတြ႕ရွိရပါတယ္။ ႀကိတ္သားျဖစ္လာဖို႔အတြက္ အသုံးျပဳရေသာ ေကာ္အမ်ိဴးအစားမွာ urea formaldehyde ပါဝင္ၿပီး

ထိုကေနတဆင့္ သင့္အခန္းအတြင္းသို႔ အႏၲရယ္ရွိေသာ formaldehyde မ်ားကို ထုတ္လြတ္ေပးမွာ ျဖစ္ပါတယ္။သင့္အခန္းဟာ ပူေႏြးစိုစြတ္ေလေလ ေဖာ္မယ္ဒီဟိုက္မ်ားကို ပိုမိုထုတ္ေလေလျဖစ္ေစမွာပါ။

ၾကာရွည္ထိေတြ႕ရတာနဲ႔တၿပိဳင္နက္ ပန္းနာရင္က်ပ္၊အဆုတ္ကင္ဆာစေသာ အဆုတ္ျပႆနာမ်ားကို ျဖစ္ေပၚေစမွာမို႔ သတိထားသင့္တယ္ေနာ္။

Dr Poe Thar Khin XYZ

အိမ် မှာ ခြင်ဆေး ခွေ ၊ အမွေးတိုင် များ အသုံးပြု နေပါက မဖြစ် မနေ သိထားသင့် တဲ့ အချက် များ

ကမ္ဘာ့လူသုံးကုန် ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက် အရ နှစ်စဉ် အမေရိကန် လူမျိူး ၃၃.၁မီလီယန်လောက်ဟာ အိမ်သုံးပစည်းများကြောင့် ကျန်းမာရေး ထိခိုက်ခြင်း ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ထိုသို့ဖြစ်ရခြင်း ဟာ အိမ်သုံးပစ္စည်းများ တွင်ပါဝင်သော ဓာတုပစ္စည်းများကြောင့်လို့ သိပံပညာရှင် များက ယုံကြည်ကြပါတယ်။

(၁)ခြင်ဆေးခွေ

မြန်မာနိုင်ငံလို ခြင်ပေါတဲ့နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေး ပါပါတယ်။ အထူးသဖြင့် နယ်ဘက်လို နေရာမျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ်။

ခြင်ပြေးစေ တာမို့ ခြင်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ် ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။

သိပံပညာရှင် တွေရဲ့ စမ်းသပ်ချက် များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ရ၅လိပ်ကနေ ၁၃ရလိပ်ကနေထွက် လာသော မီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။

အဆုတ်နဲ ့ပတ်သက်သော ရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)

-လေသန့်ဆေးဗူးတွေမှာဆိုရင်terpenesနှင့် ethylene ကိုအခြေခံ ထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ပထမဒြပ်ပေါင်းဟာ လေနှင့် ထိတွေ့တာနှင့်တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီး ဒုတိယ ဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။

ဒါကြောင့် လေသန့်ဆေးဗူးတွေကို မဖြစ်မနေ အသုံးပြုမယ်ဆိုပါက လေဝင်လေထွက်ကောင်းသော နေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။

(၃)ပရုတ်လုံး

ပရုတ်လုံးတွင် ပါသော paradichlorobenzene ဆိုတဲ့ ဒြပ်ပေါင်းဟာ တိရစ္ဆာန် များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်းသတိထားသင့်သောအရာ ဖြစ်ပါတယ်။

အချိူ့ပရုတ်လုံး များတွင်ပါဝင်သော naphthalene ဟာ လူတွေ ရဲ့ သွေးနီဥတွေ ကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။

(၄) အမွေးတိုင်

ခြင်ဆေးခွေများ မှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့ အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူး ဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

(၅)ကြိတ်သား

ယခုအခါ ကြိတ်သားဖြင့် ပြုလုပ်သော ပရိဘောဂ များကို အိမ်တိုင်းနီးပါးမှာ အသုံးပြု လာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ် ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ urea formaldehyde ပါဝင်ပြီး

ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကို ပိုမိုထုတ်လေလေဖြစ်စေမှာပါ။

ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။

Dr Poe Thar Khin XYZ