




G Fatt ရဲ့ ချစ် သူ အသစ် လေး လို့ နာမည် ကြီး နေတဲ့ အပေါ် ဘုံဘုံ ရှင်း ပြီ (ရုပ်/သံ)

ယနေ့ပရိသတ် တွေကြား မှာ အရမ်း ကိုဟော့ဖြစ်ခဲ့တဲ့ သတင်း တစ်ခုနဲ့ ပတ်သက်ပြီး ဂျီဖက် ရဲ့ ဖန်တွေကြား မှာ အငြင်းပွား ဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ် ။

အေဲ့ဒါကတော့ ရွှေမဘုံ ဆိုတဲ့ မော်ဒယ်မလေး တစ်ယောက်က ဂျီဖက်နဲ့အတူကားပေါ်မှာ ရိုက်ကူးထားတဲ့ ပုံလေးကနေစတင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဆိုပါပုံက သူတို့ ရိုးရိုးသားသား ရိုက်ကူး ခဲ့တာဖြစ်ကာ ယခုလောက် ထိ ပြဿနာကြီးသွားမယ်လို့ မထင်ခဲ့လို့ ဘုံဘုံက သူမရဲ့ဖေ့စ်ဘုတ် my day မှာ တင်ခဲ့တာဖြစ်တယ် လို့ဆိုပြီး သူတို့ရိုက်ကူး ရေးသွားနေကြတဲ့ အဖွဲ့သားတွေနဲ့အတူ Live လွှင့်ပြီးဖြေရှင်းခဲ့တာဘဲ ဖြစ်ပါတယ်။

အမှန်တကယ် ကတော့ ဘုံဘုံ တို့က ဂျီဖက်နဲ့အတူ မြို့ပြရဲ့ အဝေး ဆိုတဲ့ MV ကို ရိုက်ကူးနေတာဖြစ်ပြီး ဂျီဖက်ကလဲ ” ကျွန်တော်တို့ သူငယ်ချင်းတွေ ခရီးစု ထွက်တဲ့ ပုံစံမျိုးနဲ့ မြို့ပြရဲ့အဝေး ဆိုတဲ့ Music Video ကို ရိုက်ကူးတာ သုံးရက်မြောက်နေ့ဖြစ်ပါတယ် ။ မြန်မာပြည်ရဲ့ အထင်ကရနေရာ တစ်ချို့ နဲ့ လူသိပ် မသိသေးတဲ့ နေရာ တစ်ချို့ ကို သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ် ဘုံဘုံ တို့ ပြန်လည်ဖြေရှင်းထားကြတဲ့ ဗီဒီယိုဖိုင်ကို ပရိသတ် တွေတွေ့မြင်နိုင်စေဖို့ ဖော် ပြ ပေး လိုက်ပါတယ်နော်။

ရိုက်ကူးရေးလုပ်နေတာ ဖြစ်တာကြောင့် ပုံတွေထပ်မံထွက် ပေါ်လာခဲ့သည်ရှိသော် အထင်မလွှဲကြပါနဲ့ ဆိုကာ ဘုံဘုံက သူမရဲ့ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ပရိတ်သတ် တွေကြားမှာ အရမ်းကို ဟော့နေတဲ့ G Fatt နှင့်ကိစ္စအပါအဝင် အချစ်ရေးအနုပညာလှုပ်ရှားမှုတွေကို ဖြေကြားပေးခဲ့တဲ့ ဘုံဘုံ၏ ရုပ်သံ