သာမန္လူ ဦးေႏွာက္ နဲ႕ စဥ္းစားလို ႔လိုက္မမွီ တဲ့ ( က . ည . န ) ရဲ႕ ကား တန္ဖိုး သတ္မွတ္ ခ်က္မ်ား

ေမာ္ေတာ္ ယာဥ္ သက္တမ္းတိုး ဖို႔ ပိုင္ဆိုင္သူ အမည္ေပါက္ အခြန္ ေဆာင္ ရတယ္ ။ နိုင္ငံေတာ္ ကို က်သင့္ က်ထိဳက္ တဲ့ အခြန္ေဆာင္ရတာ လက္ခံ ပါတယ္။ ဘာမွ ေစာဒက မတက္ လိုပါဘူး။ တစ္နိုင္ငံလုံး အမ်ား နဲ႕ ဆိုင္တဲ့ ကိစၥ မဟုတ္လား။

ဒါေပမယ့္ သက္ဆိုင္ ရာ ဝန္ႀကီး႒ာန က လူႀကီးမင္းေတြ အေနနဲ႕ ျပည္သူ ေတြ အေပၚ အခြန္ေပးေဆာင္ ဖို႔ ကားတန္ဘိုး သတ္မွတ္ ခ်က္ေတြ က လက္ရွိ ျပင္ပ ကားတန္ဘိုး (ေပါက္ေဈး) ထက္ အမ်ားႀကီး ပိုေနတာ ေတြ ကို ျပန္လည္ စဥ္းစား သုံးသပ္ သင့္တယ္ လို႔ ယူဆ ပါတယ္။

ကြၽန္ေတာ္ လြန္ ခဲ့တဲ့ ၅ ႏွစ္ေက်ာ္ က လုပ္ငန္း သုံး ဖို႔ အတြက္ ဆူဇူကီး (ေခြးဘီလူး) Suzuki Carry Truck တစ္စင္း ဝယ္ ခဲ့တာ သိန္း ၅၀ေက်ာ္ ပဲ ေပးခဲ့ရတယ္။ ကား က ၂၀၀၃ ေမာ္ဒယ္ အေဟာင္း ရန္ကုန္ မွာ လုပ္ငန္းထဲ သုံးထားတာ ၅ႏွစ္ေက်ာ္ ဆိုေတာ့ အေတာ့္ ကို ေဟာင္းေန ပါၿပီ။ ျပန္ေရာင္းမယ္ ဆိုရင္ သိန္း၅၀ ျပန္ရဖို႔ မလြယ္ကူ လွပါဘူး ။ ဒါေပမယ့္ သက္ဆိုင္ရာ ျပည္တြင္း အခြန္ဦးစီး ႒ာနမွာ ေရာက္ေတာ့ သိန္း၈၀ နဲ႕ တန္ဘိုးျဖတ္ထားတာ ေတြ႕ရ ပါတယ္။ ဒီ ကိစၥမွာ ၿမိဳ႕နယ္ အခြန္ဦးစီး ႒ာနက တာဝန္ရွိတဲ့ အရာရွိေတြနဲ႕ တိုက္ရိုက္ မသက္ဆိုင္ သလို ျပန္လည္ ေဈးဆစ္ခြင့္လဲမရွိတာမို႔ ျပည္သူတစ္ေယာက္ အေနနဲ႕ ပါးစပ္ပိတ္ၿပီး က်သင့္တဲ့ ၃ ရာခိုင္ႏႈန္း ျဖစ္တဲ့ (၂၄၀,၀၀ဝိ) ကို ေဆာင္ခဲ့ရ ပါတယ္။

သက္ဆိုင္ရာ ဝန္ႀကီး ႒ာနက လူႀကီးမင္းေတြ အေန နဲ႕ ကိုယ္ေဖာ္တဲ့ေဆး ကိုယ္ျပန္စား ရဲတဲ့ သတၱိ ရွိမယ္ ဆိုရင္ လူႀကီးမင္းတို႔ သတ္မွတ္ထား တဲ့ ကားေဈးႏႈန္း အတိုင္း ျပည္သူေတြ ဆီက ျပန္ဝယ္ရဲ ပါသလား..။ ေမးခြန္း ထုတ္ ခ်င္ ပါတယ္…။

ကြၽန္ေတာ့္ ဆူဇူကီး ေခြးဘီလူး ကို လူႀကီးမင္း ေတြ သတ္မွတ္ ထားတဲ့ သိန္း ၈၀ အတိုင္း ဝယ္မယ္ ဆိုပါက လူႀကီးမင္း တို႔ အိမ္တိုင္ရာေရာက္ ဓာတ္ဆီ အျပည့္ျဖည့္ ေပးၿပီး ေက်းဇူး တင္စြာျဖင့္ လာေရာက္ ပို႔ေဆာင္ေပး ဖို႔ အဆင္သင့္ ရွိေနေၾကာင္း သတင္း စကား ပါးပါရေစ ခင္ဗ် ။

မွတ္ခ်က္။ ။ ပြဲစား မလို အပ္ပါ ။ (Than Lwin Ū)

သာမန်လူ ဦးနှောက် နဲ့ စဉ်းစားလို ့လိုက်မမှီ တဲ့ ( က . ည . န ) ရဲ့ ကား တန်ဖိုး သတ်မှတ် ချက်များ

မော်တော် ယာဉ် သက်တမ်းတိုး ဖို့ ပိုင်ဆိုင်သူ အမည်ပေါက် အခွန် ဆောင် ရတယ် ။ နိုင်ငံတော် ကို ကျသင့် ကျထိုက် တဲ့ အခွန်ဆောင်ရတာ လက်ခံ ပါတယ်။ ဘာမှ စောဒက မတက် လိုပါဘူး။ တစ်နိုင်ငံလုံး အများ နဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်လား။

ဒါပေမယ့် သက်ဆိုင် ရာ ဝန်ကြီးဋ္ဌာန က လူကြီးမင်းတွေ အနေနဲ့ ပြည်သူ တွေ အပေါ် အခွန်ပေးဆောင် ဖို့ ကားတန်ဘိုး သတ်မှတ် ချက်တွေ က လက်ရှိ ပြင်ပ ကားတန်ဘိုး (ပေါက်ဈေး) ထက် အများကြီး ပိုနေတာ တွေ ကို ပြန်လည် စဉ်းစား သုံးသပ် သင့်တယ် လို့ ယူဆ ပါတယ်။

ကျွန်တော် လွန် ခဲ့တဲ့ ၅ နှစ်ကျော် က လုပ်ငန်း သုံး ဖို့ အတွက် ဆူဇူကီး (ခွေးဘီလူး) Suzuki Carry Truck တစ်စင်း ဝယ် ခဲ့တာ သိန်း ၅ဝကျော် ပဲ ပေးခဲ့ရတယ်။ ကား က ၂၀၀၃ မော်ဒယ် အဟောင်း ရန်ကုန် မှာ လုပ်ငန်းထဲ သုံးထားတာ ၅နှစ်ကျော် ဆိုတော့ အတော့် ကို ဟောင်းနေ ပါပြီ။ ပြန်ရောင်းမယ် ဆိုရင် သိန်း၅၀ ပြန်ရဖို့ မလွယ်ကူ လှပါဘူး ။ ဒါပေမယ့် သက်ဆိုင်ရာ ပြည်တွင်း အခွန်ဦးစီး ဋ္ဌာနမှာ ရောက်တော့ သိန်း၈၀ နဲ့ တန်ဘိုးဖြတ်ထားတာ တွေ့ရ ပါတယ်။ ဒီ ကိစ္စမှာ မြို့နယ် အခွန်ဦးစီး ဋ္ဌာနက တာဝန်ရှိတဲ့ အရာရှိတွေနဲ့ တိုက်ရိုက် မသက်ဆိုင် သလို ပြန်လည် ဈေးဆစ်ခွင့်လဲမရှိတာမို့ ပြည်သူတစ်ယောက် အနေနဲ့ ပါးစပ်ပိတ်ပြီး ကျသင့်တဲ့ ၃ ရာခိုင်နှုန်း ဖြစ်တဲ့ (၂၄၀,ဝဝဝိ) ကို ဆောင်ခဲ့ရ ပါတယ်။

သက်ဆိုင်ရာ ဝန်ကြီး ဋ္ဌာနက လူကြီးမင်းတွေ အနေ နဲ့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စား ရဲတဲ့ သတ္တိ ရှိမယ် ဆိုရင် လူကြီးမင်းတို့ သတ်မှတ်ထား တဲ့ ကားဈေးနှုန်း အတိုင်း ပြည်သူတွေ ဆီက ပြန်ဝယ်ရဲ ပါသလား..။ မေးခွန်း ထုတ် ချင် ပါတယ်…။

ကျွန်တော့် ဆူဇူကီး ခွေးဘီလူး ကို လူကြီးမင်း တွေ သတ်မှတ် ထားတဲ့ သိန်း ၈၀ အတိုင်း ဝယ်မယ် ဆိုပါက လူကြီးမင်း တို့ အိမ်တိုင်ရာရောက် ဓာတ်ဆီ အပြည့်ဖြည့် ပေးပြီး ကျေးဇူး တင်စွာဖြင့် လာရောက် ပို့ဆောင်ပေး ဖို့ အဆင်သင့် ရှိနေကြောင်း သတင်း စကား ပါးပါရစေ ခင်ဗျ ။

မှတ်ချက်။ ။ ပွဲစား မလို အပ်ပါ ။ (Than Lwin Ū)