၂၀၁၆)ခုနှ စ်ကနေစတင်ပြီး ဂီတအနုပညာရှင် အိုင်ဒေါများကို မွေးထုတ်ပေးခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ တီဗီပရိုဂရမ်အစီအစဉ်ကြီးဟာ ပရိသတ်တွေကြားရေပန်းစား အားပေးနေကြတဲ့အစီအစဉ်တစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူးနော်။(၂၀၁၆)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတောက်လျှောက်မှာ ဂီတအနုပညာရှင်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေဟာ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်ကတက်သစ်စကြယ်ပွင့်လေးတွေ ဖြစ်လို့နေပြီဖြစ်ပါတယ်။ အားပေးကြတဲ့ အမာခံဖန်ကိုယ်စီ အောင်မြင်တဲ့ အဆိုတော် အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုရရှိနေကြပါပြီ။

ပြိုင် ပွဲတွင်းမှာ ပရိသတ်တွေအမြင်နဲ့ ထပ်တူကျခဲ့တဲ့ Winner အိုင်ဒေါတွေလည်းရှိခဲ့သလို လွဲသွားခဲ့တဲ့ အိုင်ဒေါတွေလည်း ရှိခဲ့တာပါတယ်နော်။ ပြိုင်ပွဲဝင်တွေအကုန်လုံးဟာကိုယ်စီအရည်အချင်းတွေရှိကြပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ခဲ့ရတဲ့ အိုင်ဒေါတစ်ချို့ကတော့ Winner ဆုတွေနဲ့ လွဲချော်ခဲ့ရတာကြောင့် Myanmar Idol တီဗီပရိုဂရမ် အစီအစဉ်ကြီးဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေခဲ့ရပါတယ်နော်။

ပရိသတ်တွေအထင်အမြင်နဲ့လွဲကာ Winner ဆုမရခဲ့ပေမယ့် Season(1) Ninzi May၊ Season(2) Runner Up Billy Lamin Aye၊ Season(3) Chan Myae Maung Cho၊ နဲ့ Season(4) Aye Mya Phyu တို့ကတော့ ပရိသတ်တွေပေးတဲ့ရင်ထဲက Winner ဆုကို ပိုင်ဆိုင်သွားခဲ့တယ်လို့ ပြောရမှာပါ။ ပြိုင်ပွဲဝင်တွေဟာ ကိုယ်စီအရည်အချင်းတွေရှိနေကြပေမယ့် Voting စနစ်နဲ့ ဆုံးဖြတ်ရမှာ များတဲ့ သူက Winner ဖြစ်တာမို့ ပရိသတ်တွေရဲ့ ကိုယ်နှစ်သက်တဲ့

အိုင်ဒေါအပေါ် ဝန်းရံမှုအားနည်းသွားတာတွေကြောင့်လို့ ဆိုရမှာပါ။ အခုဆိုရင်တော့ နင်ဇီမေ၊ ဘီလီလမင်းအေး၊ ချမ်းမြေ့မောင်ချိုနဲ့ အေးမြဖြူတို့ဟာ ကိုယ်စီအရည်အချင်းတွေနဲ့ သူတို့ရဲ့အနုပညာတွေကို ချပြကာ ဂီတအနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရော Winner ဆုကို လွဲချော်ခဲ့ပေမယ့် သူတို့ရဲ့သီချင်းလေးတွေထွက်ရင် အားပေးဖို့အသင့်ပဲလား