



crd

ယုန်လေး ကို ကျေးဇူး လည်း တင်တယ် ၊ လေး လည်း လေးစား တယ် လို့ ဒေါ်သက်သက် ခိုင် ပြော

ပြည်သူ့ရှေ့ ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် က “ယုန်လေး ကို ကျွန်မ လေးစားပါ တယ်၊ လူငယ် အနုပညာ ရှင် တကယ်ကို ဖန်တီးနိုင် တာပါ၊ ယုန်လေးက ဘာ ကို သိသလဲ ဆိုရင် ပြည်သူလူ ထုကြား ထဲမှာ အနီ နဲ့ အစိမ်း ကွဲပြားနေတာကို မြင်တဲ့ အခါ လူငယ်တစ်ယောက် ကနေ ကိုယ့်ရဲ့အနာဂတ် တိုင်းပြည်မှာ

စည်းလုံးညီ ညွတ် တဲ့ တိုင်းပြည်ဖြစ်ချင် တယ်ပေါ့နော် ၊ ဒီလို ဗီဒီယို နဲ့ သီချင်းကို ဖန်တီး တာပေါ့နော် ၊ ကျွန်မ ယုန်လေး ကို ကျေးဇူးလည်း တင်တယ် ၊ လေးလည်း လေးစားတယ် လို့ သည်ကနေ့ ဆီဒိုးနားဟိုတယ် မှာ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ရဲ့ မီဒီယာ တွေ့ဆုံပွဲမှ ာပြောတယ်။

သူက ပဲ ” ဒါပေမဲ့ ကျွန်မ အနေ နဲ့ ယုန်လေးဆိုတာ ကို အဲသည်နေ့ကမှ စကြား ဖူးတာပါ။ ယုန်လေးက စိတ်ဆိုး ပြီး လိုက်ဖ်တွေ ဘာတွေ လွှင့်တော့မှ မြင်ဖူးတာပါ။ သည်လောက် ပြောရင် တော့ ရှင်းပြီ ထင်ပါတယ်” လို့လည်းပြော ပါတယ်။

crd