ျပန္လြတ္ေျမာက္လာေသာ ေစာေ ဒးဗစ္လား မိခင္ကေနဒါႏိုင္ငံ ကို ျပန္လည္ ထြက္ခြာၿပီ

ခ်ဳပ္ရက္ေစ့ သျဖင့္ ရန္ကုန္အင္းစိန္အက်ဥ္းေထာင္မွ ဩဂုတ္ ၁၄ ရက္ညေနပိုင္းက ျပန္လြတ္လာေသာ ခရစ္ယာန္ တရားေဟာဆရာ ေစာ ေဒးဗစ္လားအေနျဖင့္ ယင္းေန႔ညပိုင္း ၉ နာရီခြဲအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ ရာေလ ဆိပ္မွ KOREAN AIR ေလယာဥ္ အမွတ္စဥ္ KE – 472 ျဖင့္ ကေနဒါႏိုင္ငံသို႔ ေတာင္ကိုရီးယားႏိုင္ငံမွတစ္ဆင့္ ထြက္ခြာသြားေၾကာင္းသိရသည္။

ကေနဒါႏိုင္ငံသို႔ ျပန္ လည္ထြက္ခြာရန္အတြက္ ယင္းေန႔၌ပင္ လူဝန္မႈႀကီးၾကပ္ေရးဦးစီး႒ာနသို႔ လႊဲ ေျပာင္းခဲ့ၿပီးျဖစ္ေ ၾကာင္း အက်ဥ္းဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး ဦးရဲရင့္ႏိုင္က ေျပာသည္။ ေစာေဒးဗစ္လားႏွင့္အတူ ျပစ္ဒဏ္ က်ခံေနရသည့္ ဦးေဝထြန္း(နဝရတ္ ေတး သံသြင္း)မွာ ခ်ဳပ္ရက္ျပည့္ရန္ ႏွစ္ရက္လို ေနသည့္အတြက္ လြတ္ေျမာက္ေသးျခင္း မ႐ွိဘဲ၊ ယခုရက္ပိုင္းအတြင္း ျပန္လည္ လြတ္ေျမာက္ မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းတို႔ႏွစ္ဦးမွာ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၃၀ (က)ျဖင့္ ေထာင္ဒဏ္ ၃ လ က်ခံရျခင္း ျဖစ္သည္။

ျပည္ျမန္မာ

ပြန်လွတ်မြောက်လာသော စောေ ဒးဗစ်လား မိခင်ကနေဒါနိုင်ငံ ကို ပြန်လည် ထွက်ခွာပြီ

ချုပ်ရက်စေ့ သဖြင့် ရန်ကုန်အင်းစိန်အကျဉ်းထောင်မှ ဩဂုတ် ၁၄ ရက်ညနေပိုင်းက ပြန်လွတ်လာသော ခရစ်ယာန် တရားဟောဆရာ စော ဒေးဗစ်လားအနေဖြင့် ယင်းနေ့ညပိုင်း ၉ နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေ ဆိပ်မှ KOREAN AIR လေယာဉ် အမှတ်စဉ် KE – 472 ဖြင့် ကနေဒါနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှတစ်ဆင့် ထွက်ခွာသွားကြောင်းသိရသည်။

ကနေဒါနိုင်ငံသို့ ပြန် လည်ထွက်ခွာရန်အတွက် ယင်းနေ့၌ပင် လူဝန်မှုကြီးကြပ်ရေးဦးစီးဋ္ဌာနသို့ လွှဲ ပြောင်းခဲ့ပြီးဖြစ်ေ ကြာင်း အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။ စောဒေးဗစ်လားနှင့်အတူ ပြစ်ဒဏ် ကျခံနေရသည့် ဦးဝေထွန်း(နဝရတ် တေး သံသွင်း)မှာ ချုပ်ရက်ပြည့်ရန် နှစ်ရက်လို နေသည့်အတွက် လွတ်မြောက်သေးခြင်း မရှိဘဲ၊ ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက် မည်ဖြစ်ကြောင်း သိရသည်။

ယင်းတို့နှစ်ဦးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က)ဖြင့် ထောင်ဒဏ် ၃ လ ကျခံရခြင်း ဖြစ်သည်။

ပြည်မြန်မာ