စုံတြဲ မ်ားရန္ျဖစ္ ျခင္းရဲ႕ အက်ိဳး ေက်း ဇူး (၁၀) ခ်က္

အျပဳသေဘာ ေဆာင္တဲ့ စကးမ်ား ရန္ျဖစ္ျခင္း တစ္ခုတည္း က သာလွ်င္ ဘယ္ relationship မွာ မဆို ေကာင္းတာပါ။ ရက္စက္မႈေတြနဲ႔ အေျခအျမစ္ မရွိတဲ့ ကိစၥ ေတြေၾကာင့္ စကားမ်ားတတ္ၾက ပါတယ္။ စကားမ်ား ရတဲ့ အေၾကာင္းရင္းကို ႏွစ္ဦးႏွစ္ဖက္လုံးက နားလည္ဖို႔ မႀကိဳးစားရင္ အလကားပါပဲ။ သေဘာထားကြဲလြဲတာေတြကို ေျဖရွင္းတဲ့အခါ ဒါမွမဟုတ္ မ်ိဳသိပ္ထား ခံစားခ်က္ေတြ ပြင့္ထြက္လာတဲ့အခါ စကားမ်ား ရန္ျဖစ္ၾကပါတယ္။

1.စကားမ်ားရန္ျဖစ္ျခင္းက အျငင္းပြားဖြယ္ ကိစၥေတြနဲ႔ အထင္လြဲမႈေတြကို ရွင္းလင္းေပးတယ္။

တစ္ေန႔တစ္ခါ စကားမ်ားရင္ အထင္ လြဲမႈေတြ ေလ်ာ့သြားမလားေနာ္။ သင္တို႔ရဲ႕ျပႆာနာေတြကို ေအာ္ဟစ္ၿပီး ေျဖရွင္းပါ။ စာေရးၿပီး မေျဖရွင္းပါနဲ႔။

2.စကားမ်ားရန္ျဖစ္ျခင္းက သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို ပိုၿပီးခိုင္ၿမဲေအာင္ ခ်ည္ေႏွာင္ေပးတယ္။

စကားမ်ားျခင္းနဲ႔ ကေတာက္ကဆ ျဖစ္ျခင္းရဲ႕ေနာက္ကြယ္မွာ ေနာက္ထပ္ ကေတာက္ကဆျဖစ္ျခင္းေတြ ရွိႏိုင္ေသးတယ္လို႔ သင္ထင္ပါသလား။ အဲဒီလိုထင္ရင္ေတာ့ မွားပါတယ္။ သင္တို႔ တစ္ခါစကားမ်ားၿပီးတိုင္း တစ္ခါမွမႀကဳံဖူးေသးတဲ့ ရင္းႏွီးျခင္းမ်ိဳးနဲ႔ ပိုပိုရင္းႏွီးသြားပါလိမ့္မယ္။ အဲဒီလိုရင္းႏွီးျခင္းက နားလည္မႈရဲ႕ အေျခခံပါပဲ။

3.သေဘာထားကြဲ လြဲမႈေတြကို ေလ်ာ့ေစတယ္။

သင့္ခ်စ္သူနဲ႔ ရန္ျဖစ္ၿပီးတဲ့ အခါ သေဘာထားကြဲ လြဲတာေတြ ရွင္းလင္းသြားၿပီး နားလည္မႈေတြ တိုးလာပါ လိမ့္မယ္။ လမ္းခြဲမယ့္အစား စကားမ်ားရန္ျဖစ္လိုက္ပါ။

4.ခ်စ္သူသက္တမ္းကို ပိုၾကာေစတယ္။

ျပႆနာေတြကို ရန္ျဖစ္ၿပီး ေျဖရွင္းေပမယ့္ မျပတ္တဲ့ စုံတြဲေတြက ႏွစ္အၾကာ ႀကီးၿမဲမယ့္ စုံတြဲေတြျဖစ္တယ္ လို႔ သုေတသီ အမ်ားစုက သက္ေသျပခဲ့ၿပီးပါၿပီ။

5.သင္တိုႏွစ္ေယာက္လုံးရဲ႕စိတ္ကို ရွင္းေစတယ္။

တစ္ေယာက္ကိုတစ္ေယာက္ ဥေပကၡာျပဳၿပီး ေရွာင္ေနတာ ထက္ နာၾကည္းဝမ္းနည္းစရာေတြကို ဖြင့္ထုတ္လိုက္တာ ပိုေကာင္းပါတယ္။ ရန္ျဖစ္လိုက္႐ုံပါပဲ။

6.သင္တို႔ႏွစ္ေယာက္လုံးရဲ႕ စိတ္ခံစားမႈေတြ ပိုၿပီး နီးစပ္လာလိမ့္မယ္။

ဒါကေတာ့ လြယ္ပါတယ္။ သင့္ဘက္က တစ္ဖက္သက္ စဥ္းစားေနတာကို ေမ့လိုက္ ပါ။ အတူတူေနသြားမယ္လို႔ ဆုံးျဖတ္ထားတဲ့သူကို စိတ္ထဲရွိသမွ် ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ လိုက္ပါ။

7.ရင္းႏွီးမွာေတြ တိုးေစတယ္။

ရန္ျဖစ္ၿပီးတဲ့အခါ သင့္ခ်စ္သူရဲ႕ ခံစားခ်က္၊ သေဘာထား၊ အေတြးအေခၚေတြကို အလိုအေလ်ာက္နားလည္လာပါလိမ့္မယ္။ ရင္းႏွီးမႈက သေဘာထားႀကီးမႈကပဲ စတာပါ။

8.သင့္ရဲ႕ကိုယ္ပိုင္ေတြးေခၚဉာဏ္ ကို တိုးတက္ေစတယ္။

စကာမ်ားရန္ျဖစ္ ရျခင္းက သင့္ရဲ႕အားနည္းခ်က္၊ ကန႔္သတ္ခ်က္၊ အေၾကာင္းျပခ်က္ေတြနဲ႔ မကင္းဘူးဆိုတာ သင္ကိုယ္တိုင္သိပါတယ္။ ဒီအားနည္းခ်က္၊ ကန႔္သတ္ခ်က္၊ အေၾကာင္းျပခ်က္ေတြက သင့္ကိုစိတ္ဓာတ္က်ေစတဲ့အတြက္ ဘယ္အခ်ိန္မွာ ဘယ္လို ထိန္းခ်ဳပ္ရမလဲဆိုတာလည္း သင္သိပါတယ္။ သင့္ခ်စ္သူရဲ႕ အားနည္းခ်က္ကို ျဖည့္ေတြးေပးတာလည္း ပိုေကာင္းပါတယ္။

9.တျခားသူေတြအတြက္ ေနရာမရွိဘူး။

ရန္ျဖစ္ၿပီး ပိုခ်စ္လာတဲ့အခါ သင္တို႔ႏွစ္ေယာက္ကလြဲလို႔ တျခားသူေတြအတြက္ ေနရာမရွိေတာ့ပါဘူး။ တတိယလူဆိုတာ သင္တို႔ႏွစ္ေယာက္ရဲ႕ ယုံၾကည္မႈေတြကို အက်ိဳးယုတ္ေစလို႔ သူတို႔ကို ေရွာင္ရပါမယ္။ ၾကားဝင္တတ္တဲ့ တတိယလူက ကပ္ဆိုးလိုပါပဲ။

10.အျပစ္အနာအဆာမကင္းတဲ့ ဘဝကို ေပ်ာ္ေပ်ာ္ပဲေနပါ။

ဘဝဆိုတာ အျပစ္အနာအဆာ မကင္းပါဘူး။ အခ်စ္ဆိုတာ ဘဝကိုေရွ႕ဆက္ဖို႔ အားေပးတဲ့ေလာင္စာပါပဲ။ ရန္ျဖစ္စကားမ်ားတယ္ဆိုတာ သင္တို႔ႏွစ္ေယာက္လုံး အျပစ္မကင္းဘူးဆိုတာ ျပတာပါ။ အတူတူေျဖရွင္းရင္ ေျပလည္ပါတယ္။

အခ်စ္ဆိုတာ သံေယာဇဥ္တစ္မ်ိဳးပါပဲ။ အခ်စ္က သိမ္ေမြ႕တယ္။ ေပ်ာ္႐ႊင္ေစတယ္။ ေတာက္ပၿပီး ၾကည္ႏူးစရာေကာင္းတဲ့အခ်စ္ကို စိတ္ညစ္စရာေတြနဲ႔မေမွးမွိန္ပါေစနဲ႔။အရာရာမျပည့္စုံတာကိုလည္း စိတ္ဓာတ္မက်ပါနဲ႔။

ျပည့္စုံတယ္ဆိုတာ စိတ္ကူးယဥ္ဆန္ပါတယ္ ။ မျပည့္စုံတာက လက္ေတြ႕ဆန္ပါတယ္။”ေငြက အရာရာပဲ”လို႔ လက္ေတြ႕မွာ ေျပာၾကပါတယ္။ “အခ်စ္ကို ေငြနဲ႔ဝယ္လို႔မရဘူး” လို႔ စိတ္ကူးယဥ္ဒ႑ါရီေတြမွာ ေျပာၾကပါတယ္။ စိတ္ကူးယဥ္မႈနဲ႔ လက္ေတြ႕ကို မညႇိႏိုင္လို႔ ခဏခဏ စကားမ်ားရန္ျဖစ္ရတာကို နားလည္သေဘာေပါက္ၿပီး သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို မဆုံးရႈံးပါေစနဲ႔။

“သင့္ရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ ဝမ္းနည္းမႈအတြက္ သင္ကိုယ္တိုင္မွာ တာဝန္ရွိပါတယ္ ” ။ သင့္ရဲ႕မျပည့္စုံမႈကို ေရာင့္ရဲတင္းတိမ္ၿပီး ဘဝကိုေပ်ာ္ေပ်ာ္ေနပါ။ ျပည့္စုံမႈေနာက္ကို မလိုက္ပါနဲ႔။ ျပည့္စုံမႈဆိုတာ မျပည့္စုံမႈရဲ႕အက်ိဳးရလဒ္ပါပဲ။

Zombie(LoveMedia)

စုံတွဲ များရန်ဖြစ် ခြင်းရဲ့ အကျိုး ကျေး ဇူး (၁၀) ချက်

အပြုသဘော ဆောင်တဲ့ စကးများ ရန်ဖြစ်ခြင်း တစ်ခုတည်း က သာလျှင် ဘယ် relationship မှာ မဆို ကောင်းတာပါ။ ရက်စက်မှုတွေနဲ့ အခြေအမြစ် မရှိတဲ့ ကိစ္စ တွေကြောင့် စကားများတတ်ကြ ပါတယ်။ စကားများ ရတဲ့ အကြောင်းရင်းကို နှစ်ဦးနှစ်ဖက်လုံးက နားလည်ဖို့ မကြိုးစားရင် အလကားပါပဲ။ သဘောထားကွဲလွဲတာတွေကို ဖြေရှင်းတဲ့အခါ ဒါမှမဟုတ် မျိုသိပ်ထား ခံစားချက်တွေ ပွင့်ထွက်လာတဲ့အခါ စကားများ ရန်ဖြစ်ကြပါတယ်။

1.စကားများရန်ဖြစ်ခြင်းက အငြင်းပွားဖွယ် ကိစ္စတွေနဲ့ အထင်လွဲမှုတွေကို ရှင်းလင်းပေးတယ်။

တစ်နေ့တစ်ခါ စကားများရင် အထင် လွဲမှုတွေ လျော့သွားမလားနော်။ သင်တို့ရဲ့ပြဿာနာတွေကို အော်ဟစ်ပြီး ဖြေရှင်းပါ။ စာရေးပြီး မဖြေရှင်းပါနဲ့။

2.စကားများရန်ဖြစ်ခြင်းက သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုပြီးခိုင်မြဲအောင် ချည်နှောင်ပေးတယ်။

စကားများခြင်းနဲ့ ကတောက်ကဆ ဖြစ်ခြင်းရဲ့နောက်ကွယ်မှာ နောက်ထပ် ကတောက်ကဆဖြစ်ခြင်းတွေ ရှိနိုင်သေးတယ်လို့ သင်ထင်ပါသလား။ အဲဒီလိုထင်ရင်တော့ မှားပါတယ်။ သင်တို့ တစ်ခါစကားများပြီးတိုင်း တစ်ခါမှမကြုံဖူးသေးတဲ့ ရင်းနှီးခြင်းမျိုးနဲ့ ပိုပိုရင်းနှီးသွားပါလိမ့်မယ်။ အဲဒီလိုရင်းနှီးခြင်းက နားလည်မှုရဲ့ အခြေခံပါပဲ။

3.သဘောထားကွဲ လွဲမှုတွေကို လျော့စေတယ်။

သင့်ချစ်သူနဲ့ ရန်ဖြစ်ပြီးတဲ့ အခါ သဘောထားကွဲ လွဲတာတွေ ရှင်းလင်းသွားပြီး နားလည်မှုတွေ တိုးလာပါ လိမ့်မယ်။ လမ်းခွဲမယ့်အစား စကားများရန်ဖြစ်လိုက်ပါ။

4.ချစ်သူသက်တမ်းကို ပိုကြာစေတယ်။

ပြဿနာတွေကို ရန်ဖြစ်ပြီး ဖြေရှင်းပေမယ့် မပြတ်တဲ့ စုံတွဲတွေက နှစ်အကြာ ကြီးမြဲမယ့် စုံတွဲတွေဖြစ်တယ် လို့ သုတေသီ အများစုက သက်သေပြခဲ့ပြီးပါပြီ။

5.သင်တိုနှစ်ယောက်လုံးရဲ့စိတ်ကို ရှင်းစေတယ်။

တစ်ယောက်ကိုတစ်ယောက် ဥပေက္ခာပြုပြီး ရှောင်နေတာ ထက် နာကြည်းဝမ်းနည်းစရာတွေကို ဖွင့်ထုတ်လိုက်တာ ပိုကောင်းပါတယ်။ ရန်ဖြစ်လိုက်ရုံပါပဲ။

6.သင်တို့နှစ်ယောက်လုံးရဲ့ စိတ်ခံစားမှုတွေ ပိုပြီး နီးစပ်လာလိမ့်မယ်။

ဒါကတော့ လွယ်ပါတယ်။ သင့်ဘက်က တစ်ဖက်သက် စဉ်းစားနေတာကို မေ့လိုက် ပါ။ အတူတူနေသွားမယ်လို့ ဆုံးဖြတ်ထားတဲ့သူကို စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ရင်ဖွင့် လိုက်ပါ။

7.ရင်းနှီးမှာတွေ တိုးစေတယ်။

ရန်ဖြစ်ပြီးတဲ့အခါ သင့်ချစ်သူရဲ့ ခံစားချက်၊ သဘောထား၊ အတွေးအခေါ်တွေကို အလိုအလျောက်နားလည်လာပါလိမ့်မယ်။ ရင်းနှီးမှုက သဘောထားကြီးမှုကပဲ စတာပါ။

8.သင့်ရဲ့ကိုယ်ပိုင်တွေးခေါ်ဉာဏ် ကို တိုးတက်စေတယ်။

စကာများရန်ဖြစ် ရခြင်းက သင့်ရဲ့အားနည်းချက်၊ ကန့်သတ်ချက်၊ အကြောင်းပြချက်တွေနဲ့ မကင်းဘူးဆိုတာ သင်ကိုယ်တိုင်သိပါတယ်။ ဒီအားနည်းချက်၊ ကန့်သတ်ချက်၊ အကြောင်းပြချက်တွေက သင့်ကိုစိတ်ဓာတ်ကျစေတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လို ထိန်းချုပ်ရမလဲဆိုတာလည်း သင်သိပါတယ်။ သင့်ချစ်သူရဲ့ အားနည်းချက်ကို ဖြည့်တွေးပေးတာလည်း ပိုကောင်းပါတယ်။

9.တခြားသူတွေအတွက် နေရာမရှိဘူး။

ရန်ဖြစ်ပြီး ပိုချစ်လာတဲ့အခါ သင်တို့နှစ်ယောက်ကလွဲလို့ တခြားသူတွေအတွက် နေရာမရှိတော့ပါဘူး။ တတိယလူဆိုတာ သင်တို့နှစ်ယောက်ရဲ့ ယုံကြည်မှုတွေကို အကျိုးယုတ်စေလို့ သူတို့ကို ရှောင်ရပါမယ်။ ကြားဝင်တတ်တဲ့ တတိယလူက ကပ်ဆိုးလိုပါပဲ။

10.အပြစ်အနာအဆာမကင်းတဲ့ ဘဝကို ပျော်ပျော်ပဲနေပါ။

ဘဝဆိုတာ အပြစ်အနာအဆာ မကင်းပါဘူး။ အချစ်ဆိုတာ ဘဝကိုရှေ့ဆက်ဖို့ အားပေးတဲ့လောင်စာပါပဲ။ ရန်ဖြစ်စကားများတယ်ဆိုတာ သင်တို့နှစ်ယောက်လုံး အပြစ်မကင်းဘူးဆိုတာ ပြတာပါ။ အတူတူဖြေရှင်းရင် ပြေလည်ပါတယ်။

အချစ်ဆိုတာ သံယောဇဉ်တစ်မျိုးပါပဲ။ အချစ်က သိမ်မွေ့တယ်။ ပျော်ရွှင်စေတယ်။ တောက်ပပြီး ကြည်နူးစရာကောင်းတဲ့အချစ်ကို စိတ်ညစ်စရာတွေနဲ့မမှေးမှိန်ပါစေနဲ့။အရာရာမပြည့်စုံတာကိုလည်း စိတ်ဓာတ်မကျပါနဲ့။

ပြည့်စုံတယ်ဆိုတာ စိတ်ကူးယဉ်ဆန်ပါတယ် ။ မပြည့်စုံတာက လက်တွေ့ဆန်ပါတယ်။”ငွေက အရာရာပဲ”လို့ လက်တွေ့မှာ ပြောကြပါတယ်။ “အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး” လို့ စိတ်ကူးယဉ်ဒဏ္ဍါရီတွေမှာ ပြောကြပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ကို မညှိနိုင်လို့ ခဏခဏ စကားများရန်ဖြစ်ရတာကို နားလည်သဘောပေါက်ပြီး သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မဆုံးရှုံးပါစေနဲ့။

“သင့်ရဲ့ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုအတွက် သင်ကိုယ်တိုင်မှာ တာဝန်ရှိပါတယ် ” ။ သင့်ရဲ့မပြည့်စုံမှုကို ရောင့်ရဲတင်းတိမ်ပြီး ဘဝကိုပျော်ပျော်နေပါ။ ပြည့်စုံမှုနောက်ကို မလိုက်ပါနဲ့။ ပြည့်စုံမှုဆိုတာ မပြည့်စုံမှုရဲ့အကျိုးရလဒ်ပါပဲ။

Zombie(LoveMedia)