



အမေဖြစ်သူရဲ့ မွေးနေ့မှာ (၃၅)သိန်း ကျော် တန်ဖိုးရှိ စိန် လော့ကပ် နဲ့ အဖိုးတန် ဘိတ် ပုလဲ လက်ဆောင် ပေးခဲ့တဲ့ ခိုင်သင်း ကြည်

ခိုင်သင်းကြည် ကတော့ မခိုင်လေးလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ လူချစ်လူခင်ပေါ များတဲ့ အနုပညာရှင် တစ်ဦးလို့တောင် ဆိုနိုင်ပါတယ်နော်။ ထပ်ဆင့်အကယ်ဒမီ ဆုရှင်ဖြစ်ပြီး အခုချိန်အထိ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က မာန်မာနကင်းပြီး ပျော်ပျော်နေတတ်တာ ဖြစ်ပါတယ်
ခိုင်သင်းကြည်က သမီးလေး တစ်ယောက်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုအပေါ်မှာ တန်ဖိုးထား တတ်တဲ့ မခိုင်လေးက ချစ်ခင်ပွန်းနဲ့ သမီးလေးကို ဂရုစိုက်သလို သူမရဲ့မိဘနှစ်ပါးကိုလည်းပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

ဒီနေ့ သြဂုတ်လ (၁၅)ရက်နေ့လေးကတော့ မခိုင်လေးမေမေရဲ့ မွေးနေ့လေးဖြစ်တာကြောင့် သူမအနေနဲ့ မိခင်ကိုမွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မခိုင်လေးက သူမရဲ့ မိခင်အတွက် မြန်မာငွေ (၃၅)သိန်းတန်ဖိုးရှိတဲ့ အဖိုးတန်စိန်လော့ကတ်ကိုလည်း မွေးနေ့လက်ဆောင် အဖြစ် ပြင်ဆင်ပေး ထားပါသေးတယ်။ ခိုင်သင်းကြည်သာမက သူမရဲ့သမီးထိပ်ထိပ်လေးကလည်း ဘွားဘွားဖြစ်သူ အတွက် အဖိုးတန်ရတနာပစ္စည်းကို မုန့်ဖိုးလေးတွေစုပြီး လက်ဆောင် ဝယ်ပေးထားတာပဲ ဖြစ်ပါတယ် ။

ခိုင်သင်းကြည်ကတော့ “Happy Birthdayချစ်တဲ့ မာမီကျန်းမာပျော်ရွှင်ပြီးအသက်ရာကျော်ရှည်ပါစေ” ဆိုပြီး မိခင်အတွက် မွေးနေ့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် ခိုင်သင်းကြည်တို့သားအမိရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။