ဆယ္တန္းကို ဂုဏ္ထူး(၃)ဘာသာနဲ႔ ေအာင္ျမင္ တဲ့ ဒါရိုက္တာ ေအာင္ေဇာ္လင္း ရဲ့ သမီးေလး ကို အိမ္ေခၚ ၿပီး မုန္႔ဖိုးေပး ဂုဏ္ျပဳ ခဲ့တဲ့ ေနတိုး

မင္းသားေခ်ာ ေနတိုး ကေတာ့ ငယ္စဥ္ ကတည္းက အႏုပညာကို ဝါသနာပါခဲ့ သူျဖစ္ၿပီး ဆယ္တန္းေအာင္ခါစ အရြယ္ကတည္းက ရခိုင္ကေန ရန္ကုန္ တက္ၿပီး အႏုပညာအလုပ္ ေတြကို ဇြဲရွိရွိလုပ္ကိုင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနတိုးက အခုဆိုရင္ အႏုပညာေလာကမွာ က်င္လည္ခဲ့တာ ႏွစ္ေပါင္း (၂၀)နီးပါးအခ်ိန္ ရွိၿပီျဖစ္ၿပီး ပရိသတ္အားေပးမႈနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနလ်က္ရွိပါတယ္။

ေနတိုးကလည္း သူ႔ရဲ့ အႏု ပညာကို အားေပးၾကတဲ့ ပရိသတ္ေတြကို ေလးစားခ်စ္ခင္ မႈရွိသလို သူ႔ရဲ့ လုပ္ေဖာ္ကိုင္ဖက္ ညီအစ္ကိုေမာင္ႏွမ တစ္ဦးတစ္ေယာက္ခ်င္း စီတိုင္းကိုလည္း မိသားစုလို သေဘာထားသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ေနတိုးက ဆယ္တန္း ကို ဂုဏ္ထူး(၃)ဘာသာနဲ႔ ေအာင္ျမင္တဲ့ ဒါရိုက္တာေအာင္ေဇာ္လင္းရဲ့ သမီးေလးကို အိမ္ေခၚၿပီး မုန္႔ဖိုးေပးဂုဏ္ျပဳခဲ့ၿပီး ဒါရိုက္တာ ေအာင္ေဇာ္လင္းက “သမီးအတြက္ သတိတရနဲ႔ မုန္ဖိုးေခၚေပးၿပီး သမီးကန္ေတာ့တာကို ေသေသခ်ာခ်ာ ဆုေတာင္းေပးေနတာ ၾကည့္ၿပီး တကယ္ ၾကည္ႏူးမိတယ္…ေက်းဇူးပါ..မင္းသားေရ.” ဆိုၿပီး ေနတိုးကို ေက်းဇူးတင္စကား ေျပထားပါတယ္။

ေနတိုးကေတာ့ သူ႔ရဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြကို သာမက သူတို႔ရဲ့ မိသားစုဝင္ေတြ ကိုလည္း ခ်စ္ခင္တယ္ဆိုတာကိုေတာ့ အေထြအထူးေျပာစရာလိုမယ္ မထင္ပါဘူး။ စိတ္ထား ေကာင္းတဲ့ မင္းသားေခ်ာ ေနတိုးတစ္ေယာက္ အကယ္ဒမီဆုႀကီးေတြကို ဒီထက္မက ဆြတ္ခူးရရွိနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aung Zaw Lin ‘s fb
Bilie – Cele Connections

ဆယ်တန်းကို ဂုဏ်ထူး(၃)ဘာသာနဲ့ အောင်မြင် တဲ့ ဒါရိုက်တာ အောင်ဇော်လင်း ရဲ့ သမီးလေး ကို အိမ်ခေါ် ပြီး မုန့်ဖိုးပေး ဂုဏ်ပြု ခဲ့တဲ့ နေတိုး

မင်းသားချော နေတိုး ကတော့ ငယ်စဉ် ကတည်းက အနုပညာကို ဝါသနာပါခဲ့ သူဖြစ်ပြီး ဆယ်တန်းအောင်ခါစ အရွယ်ကတည်းက ရခိုင်ကနေ ရန်ကုန် တက်ပြီး အနုပညာအလုပ် တွေကို ဇွဲရှိရှိလုပ်ကိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက အခုဆိုရင် အနုပညာလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း (၂၀)နီးပါးအချိန် ရှိပြီဖြစ်ပြီး ပရိသတ်အားပေးမှုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေလျက်ရှိပါတယ်။

နေတိုးကလည်း သူ့ရဲ့ အနု ပညာကို အားပေးကြတဲ့ ပရိသတ်တွေကို လေးစားချစ်ခင် မှုရှိသလို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ချင်း စီတိုင်းကိုလည်း မိသားစုလို သဘောထားသူတစ်ယောက် ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နေတိုးက ဆယ်တန်း ကို ဂုဏ်ထူး(၃)ဘာသာနဲ့ အောင်မြင်တဲ့ ဒါရိုက်တာအောင်ဇော်လင်းရဲ့ သမီးလေးကို အိမ်ခေါ်ပြီး မုန့်ဖိုးပေးဂုဏ်ပြုခဲ့ပြီး ဒါရိုက်တာ အောင်ဇော်လင်းက “သမီးအတွက် သတိတရနဲ့ မုန်ဖိုးခေါ်ပေးပြီး သမီးကန်တော့တာကို သေသေချာချာ ဆုတောင်းပေးနေတာ ကြည့်ပြီး တကယ် ကြည်နူးမိတယ်…ကျေးဇူးပါ..မင်းသားရေ.” ဆိုပြီး နေတိုးကို ကျေးဇူးတင်စကား ပြေထားပါတယ်။

နေတိုးကတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သာမက သူတို့ရဲ့ မိသားစုဝင်တွေ ကိုလည်း ချစ်ခင်တယ်ဆိုတာကိုတော့ အထွေအထူးပြောစရာလိုမယ် မထင်ပါဘူး။ စိတ်ထား ကောင်းတဲ့ မင်းသားချော နေတိုးတစ်ယောက် အကယ်ဒမီဆုကြီးတွေကို ဒီထက်မက ဆွတ်ခူးရရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Zaw Lin ‘s fb
Bilie – Cele Connections