အမေရိကန်ရေတပ် ရဲ့ Air Test and Evaluation လေကြောင်းအုပ်ခွဲ (VX-23) ‘Salty Dogs’ က E/A-18G Growler တိုက်လေယာဉ်မှာ ရေတပ်အတွက် နောက်မျိုးဆက် ဖြစ်တဲ့ Jammer Mid-Band (NGJ-MB) ကို တပ်ဆင်ပြီး စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ထို first mission systems ဟာ အပြည့်အဝအောင်မြင်မှုရခဲ့ကြောင်းသိရပါတယ်။
KoPheon (M.W.O)
ScrambleMagazine
စမ်းသပ် ပျံသန်းမှုပြု ခဲ့သော အမေရိကန်ရေတပ် ၏ မျိုးဆက် သစ် Jammer Mid- Band စနစ် နှင့် EA-18G Growler တိုက် လေယာဉ် အကြောင်း သိကောင်း စရာ
အမေရိကန်ရေတပ် ရဲ့ Air Test and Evaluation လေကြောင်းအုပ်ခွဲ (VX-23) ‘Salty Dogs’ က E/A-18G Growler တိုက်လေယာဉ်မှာ ရေတပ်အတွက် နောက်မျိုးဆက် ဖြစ်တဲ့ Jammer Mid-Band (NGJ-MB) ကို တပ်ဆင်ပြီး စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ထို first mission systems ဟာ အပြည့်အဝအောင်မြင်မှုရခဲ့ကြောင်းသ်ိရပါတယ်။
NGJ-MD နည်းပညာကို တိုးတက်မှုရှိစေဖို့ အမြဲတမ်းလိုလို ကြ်ိုးပမ်းလျက်ရှိပြီး လာမဲ့ ၄ နှစ်အတွင်း EA-18G လေယာဉ်ရဲ့ အပေါ်မှာ အပြည့်အဝတပ်ဆင်မှု ပြုနိုင်ရန်အတွက် ရည်ရွယ်လျက် ရှိပါတယ်။ ထိုနည်းပညာကို လက်ရှိ ရေတပ်ရဲ့ EA-6B Prowler လေယာဉ်နဲ့ E/A-18G Growler လေယာဉ်များ မှာပါ အသုံးပြုနေတဲ့ ALQ-99 Tactical Jamming System pod နေရာမှာ အစားထိုးသွားနိုင်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။
NGJ-MD ( Next Generation Jammer Mid- Band )ဟာ ပြင်ပနေရာကနေ ချိတ်ဆွဲအသုံးပြုရတဲ့ External Jamming Pod စနစ်ပဲဖြစ်ပြီး ၄င်းစနစ်မှာ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်နည်းပညာ, sortware-based and Active Electronically Scanned Array နည်းပညာများနဲ့ ရန်သူရဲ့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ မြေပြင်က commu- nication systems တွေကို ပြိုကွဲပျက်စီး-(disrupt) စေရန် အစွမ်းရှိတဲ့ enhanced AEA နည်းပညာတို့လို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
NGJ-MD စနစ်ကို US ရေတပ်, တော်ဝင် သြစတြေးလျ လေတပ်နဲ့ နောင်အခါ ဂျာမနီနိုင်ငံမှာပါ အသုံးပြုဖို့ လျာထားတဲ့ အကြောင်း သိရပါတယ်။ ယင်းစနစ်ရဲ့ အလုပ်လုပ်ပုံအနေနဲ့က Surface-to-air မစ်ဆိုင်း (SAM) နည်းပညာမှာ ပါဝင်တဲ့ သေးငယ်တဲ့ ကြိမ်နုန်းလှိုင်းကို လေကြောင်းကာကွယ်ရေးနည်းစနစ် ထံ ကြီးမားတဲ့ လှိုင်းတစ်ခု အဖြစ် integrate မဖြစ်အောင် ကြားကနေဖြတ်တောက်နိုင်မဲ့ စွမ်းဆောင်ရည်ရှိပါတယ်။
အခုခေတ်ရဲ့ အငြင်းပွားဖွယ်ရာပုံစံတွေနဲ့ Jamming များကို ပိုမိုပြီး ပြည့်စုံမှုရှိစေရန် အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိပါတယ်။ NGJ-MD နည်းစနစ်အနေနဲ့ကလည်း လေကြောင်းအုပ်စုတွေ အတွက် လက်ရှိကာလအပြင် အနာဂတ်မှာကြုံတွေ့လာရမဲ့ ခြိမ်းခြောက်မှု များမှာ Spectrum dominance စနစ်တစ်ခုအဖြစ် ခုခံ ကာကွယ်မှုများကို သေချာစွာဆောင်ရွက်ပေးနိုင်မဲ့ နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။
KoPheon (M.W.O)
ScrambleMagazine