အိမ္မက္ေတြ အေကာင္ အထည္ ေဖာ္ႏိုင္ခ်ိန္ မွာ လမ္းေဘး ေစ်းသည္ ဖခင္ကို လူၾကားထဲ ႐ွိခိုး ခဲ့တဲ့ သားလိမၼာ

ကိုယ့္ဘဝ က ဘယ္ေလာက္ပဲ ေအာင္ျမင္ၿပီး ၊ ထိပ္ဆံုး မွာ ရပ္တည္ ေနပါေစ ဘဝ တစ္ေလ်ွာက္လံုး ကိုယ့္ကို ျပဳစုေစာင့္ ေ႐ွာက္ခဲ့ၾကသူေတြ ၊ မိဘေတြ ကိုေတာ့ မေမ့သင့္ပါဘူး ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေကာင္ေလးတစ္ ေယာက္ဟာလည္း သူ႔ရဲ႕ရည္မွန္းခ်က္ေတြ အေကာင္အထည္ ေဖာ္ႏိုင္ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕မိဘေတြ ကို လံုးဝမေမ့သြား ဘူး ဆိုတာ ည သက္ေသျပလိုက္ တာပါပဲ ။ Mohamad Risky Saputra အမည္ ႐ွိတဲ့ အင္ဒိုနီး႐ွားႏိုင္ငံ က အသက္ 19ႏွစ္အရြယ္ ေကာင္ ေလး ဟာ ရဲအရာ႐ွိ ေလ့က်င့္ေရး သင္တန္းေက်ာင္းကို တက္ေရာက္ႏိုင္ခဲ့ပါတယ္ ။ သူ႔ရဲ႕ဖခင္ျဖစ္သူကို ေက်းဇူးတင္ လြန္းလို႔ ဦးၫြတ္ၿပီး ဂါရဝျပဳခဲ့တဲ့ ဓာတ္ပံု ဟာ social media ေပၚမွာ အေတာ္ ေလး ေရပန္းစား ေနလ်က္ ႐ွိပါတယ္ ။

Risky ရဲ႕မိခင္ျဖစ္သူေျပာျပခ်က္ အရ သူမရဲ႕သားအငယ္ဆံုးတစ္ေယာက္ဟာ ရဲအရာ႐ွိတစ္ဦးအေတာ္ေလးျဖစ္ခ်င္ခဲ့တာပါ ။ သို႔ေပမဲ့လည္း သူမတို႔ရဲ႕မိသားစုအေျခအေနေၾကာင့္ သူမက သားျဖစ္သူကို မေထာက္ပံ့ႏိုင္ေၾကာင္း ေျပာဆိုခဲ့ေပမဲ့လည္း Risky ကေတာ့ မိဘေတြရဲ႕ သေဘာတူညီခ်က္ကိုသာ လိုခ်င္တာျဖစ္ေၾကာင္း သူမတို႔အား ႐ိုး႐ွင္းစြာေတာင္းဆိုခဲ့ပါတယ္ ။

ထို႔အျပင္ Risky တို ႔ရဲ႕မိသားစု ဟာ အိမ္ေ႐ွ႕မွာ လွည္းေလး နဲ့ ႔ေစ်းေရာင္းေနတဲ့ ဖခင္ျဖစ္သူရဲ႕ဝင္ေငြကိုသာ မွီခိုအားထားေနရတဲ့ အတြက္ ျဖစ္ပါတယ္ ။ အစပိုင္း မွာေတာ့ မိခင္ျဖစ္သူက သားေလးဟာ လူေရြးခ်ယ္တဲ့ စာေမးပြဲမွာေအာင္ျမင္တယ္ဆိုတဲ့အတြက္ သူမရဲ႕ေပ်ာ္ရႊင္စိတ္လႈပ္႐ွားမႈကို လံုးဝထိန္းလို႔မရတဲ့အထိ ျဖစ္မိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သားျဖစ္သူကို ဂုဏ္ယူလြန္းလွတဲ့ မိဘႏွစ္ပါးမွာေတာ့ သူတို႔ေတြဆီမွာ႐ွိတဲ့အေကာင္းဆံုး ဝတ္စံုေလးေတြနဲ႔ သားျဖစ္သူရဲ႕ ရဲအရာ႐ွိတာဝန္ခန္႔အပ္တဲ့ပြဲသဘင္အခမ္းအနားကို တက္ေရာက္ခ်ီးျမင့္ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

အိမ်မက်တွေ အကောင် အထည် ဖော်နိုင်ချိန် မှာ လမ်းဘေး စျေးသည် ဖခင်ကို လူကြားထဲ ရှိခိုး ခဲ့တဲ့ သားလိမ္မာ

ကိုယ့်ဘဝ က ဘယ်လောက်ပဲ အောင်မြင်ပြီး ၊ ထိပ်ဆုံး မှာ ရပ်တည် နေပါစေ ဘဝ တစ်လျှောက်လုံး ကိုယ့်ကို ပြုစုစောင့် ရှောက်ခဲ့ကြသူတွေ ၊ မိဘတွေ ကိုတော့ မမေ့သင့်ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ် ယောက်ဟာလည်း သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ပြီးနောက်မှာတော့ သူ့ရဲ့မိဘတွေ ကို လုံးဝမမေ့သွား ဘူး ဆိုတာ ည သက်သေပြလိုက် တာပါပဲ ။ Mohamad Risky Saputra အမည် ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ က အသက် 19နှစ်အရွယ် ကောင် လေး ဟာ ရဲအရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင် လွန်းလို့ ဦးညွတ်ပြီး ဂါရဝပြုခဲ့တဲ့ ဓာတ်ပုံ ဟာ social media ပေါ်မှာ အတော် လေး ရေပန်းစား နေလျက် ရှိပါတယ် ။

Risky ရဲ့မိခင်ဖြစ်သူပြောပြချက် အရ သူမရဲ့သားအငယ်ဆုံးတစ်ယောက်ဟာ ရဲအရာရှိတစ်ဦးအတော်လေးဖြစ်ချင်ခဲ့တာပါ ။ သို့ပေမဲ့လည်း သူမတို့ရဲ့မိသားစုအခြေအနေကြောင့် သူမက သားဖြစ်သူကို မထောက်ပံ့နိုင်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း Risky ကတော့ မိဘတွေရဲ့ သဘောတူညီချက်ကိုသာ လိုချင်တာဖြစ်ကြောင်း သူမတို့အား ရိုးရှင်းစွာတောင်းဆိုခဲ့ပါတယ် ။

ထို့အပြင် Risky တို ့ရဲ့မိသားစု ဟာ အိမ်ရှေ့မှာ လှည်းလေး နဲ့ ့စျေးရောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့ဝင်ငွေကိုသာ မှီခိုအားထားနေရတဲ့ အတွက် ဖြစ်ပါတယ် ။ အစပိုင်း မှာတော့ မိခင်ဖြစ်သူက သားလေးဟာ လူရွေးချယ်တဲ့ စာမေးပွဲမှာအောင်မြင်တယ်ဆိုတဲ့အတွက် သူမရဲ့ပျော်ရွှင်စိတ်လှုပ်ရှားမှုကို လုံးဝထိန်းလို့မရတဲ့အထိ ဖြစ်မိကြောင်း ပြောဆိုခဲ့ပါတယ် ။ သားဖြစ်သူကို ဂုဏ်ယူလွန်းလှတဲ့ မိဘနှစ်ပါးမှာတော့ သူတို့တွေဆီမှာရှိတဲ့အကောင်းဆုံး ဝတ်စုံလေးတွေနဲ့ သားဖြစ်သူရဲ့ ရဲအရာရှိတာဝန်ခန့်အပ်တဲ့ပွဲသဘင်အခမ်းအနားကို တက်ရောက်ချီးမြင့်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)