ေက်ာင္းဖြင့္ခ်ိန္ေနာက္က်၍ အေျခခံပညာ ေက်ာင္း မ်ား တြင္ စာေမး ပြဲ စစ္ေဆး ျခင္း မ်ားကို စာသင္ၾကား ေသလာက္ သာ စစ္ေဆး ေမးျမန္း မည္

ေက်ာင္းဖြင့္ခ်ိန္ ေနာက္က်၍ အေျခခံပညာေက်ာင္း မ်ားတြင္ စာေမးပြဲစစ္ေဆးျခင္း မ်ားကို စာသင္ၾကားသေလာက္ သာ စစ္ေဆးေမးျမန္းမည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရသည္။

“စာေမးပြဲဆိုတာ ဒီေခတ္ မွာေတာ့ အေရးမႀကီးေတာ့ ပါဘူး။ စာေမးပြဲထက္စာလို ႔ရွိရင္ကေလးက တကယ္တတ္သြားတဲ့ဟာကိုပဲ လိုခ်င္တာေပါ့။မတတ္ဘဲနဲ႔ စာေမးပြဲေအာင္ဖို႔ပဲ လုပ္ခဲ့တာဟာႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့ အခါၾကေတာ့ မလိုလားအပ္ဘဲနဲ႔က်ဴရွင္ ေတြဘာေတြအမ်ားႀကီးျဖစ္သြား တာေပါ့။ဒါေၾကာင့္ ဒီေနာက္ပိုင္း ပညာေရးစနစ္က က်ဴရွင္စနစ္မလိုေလာက္ေအာင္ ေပးထားတဲ့ ပညာေရးစနစ္ျဖစ္တာေပါ့။စာေမးပြဲကိုဦးမတည္ပါဘူး။ေက်ာင္းသူ၊ေက်ာင္းသားေတြကို C ေလးလုံးေပါ့။၂၁ရာစု ကၽြမ္းက်င္မႈေတြပဲရေအာင္ သြားမွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ေက်ာင္းဖြင့္တာေနာက္က်လည္းပဲ ဘာမွပူစရာမလိုဘူး။အဓိကေတာ့ ၁ရက္သင္ခြင့္ရရင္ကိုပဲ ၁ရက္ကေလးေတြအတြက္အက်ိဳးရွိတယ္ေလ။

အဲဒီသေဘာမ်ိဳးနဲ႔သါား တာျဖစ္ပါတယ္။စာေမးပြဲကေတာ့ ဆယ္ရက္ စာသင္ရင္ဆယ္ရက္စာပဲေမးမွာေပါ့။ တစ္လစာသင္ရင္တစ္လစာပဲေမးမွာေပါ့”လို႔ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန မွ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္ကေျပာသည္။ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းတြင္း စာေမးပြဲစစ္ေဆးျခင္းကို တစ္ႏွစ္လၽွင္ ေလးႀကိမ္စစ္ေဆးေမးျမန္းၿပီး အထက္တန္း အဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးရာတြင္ စာေမးပြဲေလးႀကိမ္ ျပည့္မွီေအာင္ေျဖဆိုထားရန္ လိုအပ္ေၾကာင္းသိရသည္။

လက္ရွိတြင္ အေျခခံပညာအထက္တန္း အဆင့္ေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ဖြင့္လွစ္ရန္က်န္ရွိေနၿပီး စက္တင္ဘာလ အတြင္းတြင္ အေျခခံပညာအလယ္တန္း အဆင့္ေက်ာင္း မ်ားကို အစိုးရသက္မွတ္ခ်က္ covid 19ကပ္ေရာဂါ ကာကြယ္ေရး အခ်က္ ၈၀ ျပည့္မွီကိုက္ညီမွသာဖြင့္လွစ္ ခြင့္ေပးမည္ျဖစ္ေၾကာင္းသိရသည္။ ျမန္မာနိုင္ငံတြင္ အေျခခံပညာေက်ာင္းေပါင္း ေလးေသာင္းေက်ာ္ ဆရာ၊ဆရာမ ေလးသိန္းေက်ာ္ရွိေၾကာင္းသိရသည္။

source : PeopleMedia

ကျောင်းဖွင့်ချိန်နောက်ကျ၍ အခြေခံပညာ ကျောင်း များ တွင် စာမေး ပွဲ စစ်ဆေး ခြင်း များကို စာသင်ကြား သေလာက် သာ စစ်ဆေး မေးမြန်း မည်

ကျောင်းဖွင့်ချိန် နောက်ကျ၍ အခြေခံပညာကျောင်း များတွင် စာမေးပွဲစစ်ဆေးခြင်း များကို စာသင်ကြားသလောက် သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

“စာမေးပွဲဆိုတာ ဒီခေတ် မှာတော့ အရေးမကြီးတော့ ပါဘူး။ စာမေးပွဲထက်စာလို ့ရှိရင်ကလေးက တကယ်တတ်သွားတဲ့ဟာကိုပဲ လိုချင်တာပေါ့။မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲ လုပ်ခဲ့တာဟာနှစ်ပေါင်းများစွာကြာခဲ့တဲ့ အခါကြတော့ မလိုလားအပ်ဘဲနဲ့ကျူရှင် တွေဘာတွေအများကြီးဖြစ်သွား တာပေါ့။ဒါကြောင့် ဒီနောက်ပိုင်း ပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင် ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။စာမေးပွဲကိုဦးမတည်ပါဘူး။ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစု ကျွမ်းကျင်မှုတွေပဲရအောင် သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျောင်းဖွင့်တာနောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ။

အဲဒီသဘောမျိုးနဲ့သါား တာဖြစ်ပါတယ်။စာမေးပွဲကတော့ ဆယ်ရက် စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။ တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်ကပြောသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း စာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်း အဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ် ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်။

လက်ရှိတွင် အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်ကျန်ရှိနေပြီး စက်တင်ဘာလ အတွင်းတွင် အခြေခံပညာအလယ်တန်း အဆင့်ကျောင်း များကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေး အချက် ၈၀ ပြည့်မှီကိုက်ညီမှသာဖွင့်လှစ် ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်းသိရသည်။

source : PeopleMedia