၈သိန္း ေက်ာ္ရ နိုင္ တဲ့ နိုင္ငံ ေတာ္ မီးဖြား စရိတ္ ကို ဒီလို ေလၽွာက္ထား လို႕ရပါ တယ္

၈သိန္္းေက်ာ္ ရနိုင္တဲ႔ နိုင္္ငံေတာ္ မီးဖြားစ ရိိတ္ ဘယ္လို ေလၽွာက္ရမလဲ

နိုိင္ငံေတာ္ မွ မိိခင္စရိတ္

မီးဖြားစရိိတ္ ဘယ္လို ေလၽွာက္ထားမလဲ

ကၽြန္မ လူမွုဖူလုံေရး ကေန မီးဖြားစရိတ္ထုတ္ယူခဲ့တဲ့ အခ်ိန္ကစလို႔ တစ္ႏွစ္ခြဲ ကာလ အတြင္း ေမေမေတြက လာဆက္သြယ္ေမးျမန္းၾကတာ ဒီေန႔ထိပါပဲ။

အားလုံး ကို သိသမၽွ မၽွေဝရင္း ေမေမေတြ အဆင္ေျပေျပထုတ္လို႔ ရခဲ့တယ္ဆိုတာ ျပန္ၾကားတာနဲ႔ တင္ ဝမ္းသာမိတာ အမွန္ပါပဲ။

သတင္းစကားေလး တစ္ခု လက္ဆင့္ကမ္း႐ုံနဲ႔ မီးတြင္းကာလမွာ မနည္းတဲ့ ေငြပမာဏရရွိတာဟာ မိခင္အသစ္စက္စက္ေလး‌ေတြ အတြက္ အကူအညီ သိပ္ျဖစ္ ေစတာေပါ့ရွင္။

အလုပ္ရွုပ္မယ္ ထင္လို႔/ပမာဏနည္းနည္းပဲရမယ္ထင္လို႔ … အေၾကာင္းေၾကာင္းေၾကာင့္ မထုတ္ ေတာ့ဘူး စိတ္ကူးေနတဲ့ သူေတြအတြက္ ဒီပိုစ့္ေလးကို ထပ္မံေရး သားလိုက္ပါတယ္။

စာရြက္ စာတမ္း၊ ႐ုံးအဝင္အထြက္္ ထင္သေလာက္ အလုပ္မရွုပ္ပါ။ မီးဖြားစရိ တ္ခံစားခြင့္ေငြ မန ည္းပါ။ လစာ၂သိိန္းရသူက ၅သိန္းခြဲခန႔္၊ ၂သိန္းခြဲရသူက ၇သိန္း ခန႔္၊ ၃သိန္းႏွင့္ အထက္ ရသူက ၈သိန္း‌ခန႔္ ရရွိမွာ ျဖစ္ပါတယ္။

ဘယ္သူေတြ မီးဖြားစရိတ္ ထုတ္ယူလို႔ ရနိုင္မလဲ။လူမွု‌ဖူလုံေရး(S S B) လစဥ္ေဆာင္ထားသူ၊ ေဆာင္သည့္သက္တမ္း ၁ႏွစ္အထက္ရွိိသူတိုင္း ထုတ္ယူ နိုင္ပါတယ္။

ဘယ္အခ်ိန္မွာ မီးဖြားစရိိတ္ ေလၽွာက္ထားလို ႔ရသလဲ။ မီးဖြားၿပီး၂လအတြင္း ေလၽွာက္ရပါမယ္။ပုဂၢလိကေဆး႐ုံမွာေမြးရင္ေရာ ေလၽွာက္လို႔ရသလား။ ဘယ္ေဆး႐ုံမွာေမြးေမြး ေလၽွာက္လို႔ရပါတယ္။

ဘာ‌ေတြလုပ္ဖို႔ လိုအပ္မလဲ။ကိုယ္ဝန္ရွိေနစဥ္ လူမွုဖူလုံေရး ေဆးခန္းက ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ပါတယ္။ SSBကတ္ရဲ့ ေနာက္ေက်ာဘက္မွာ ကိုယ္က ဘယ္ၿမိဳ႕နယ္ရဲ့ ေဆးခန္းမွာ ျပရမလဲဆိုတာ ပါပါတယ္။

ကိုယ့္ေနရပ္ လိပ္စာနဲ႔ နီးတဲ့ေဆးခန္းကိုပဲ ထည့္ေပးထား တာပါ။ ဆရာဝန္က ကို ယ္ဝန္ရွိေၾကာင္း စမ္းသပ္သိရွိမွ မီးမဖြားမီခြင့္(၆)ပတ္၊ မီးဖြားၿပီး ခြင့္(၈)ပတ္ကို ခံစားခြင့္ရဖို႔ လက္မွတ္ထိုးေပးမွာ ျဖစ္ပါတယ္။

အကယ္၍ ကိုယ္ဝန္ရွိစဥ္က မျပခဲ့ရင္ မီးဖြားၿပီး ေမြးစာရင္းနဲ႔အတူ သြားျပရပါမယ္။

ဘယ္လိုစာရြက္ စာတမ္းေတြ လိုအပ္မလဲ။

လူမွုဖူလုံေရးေဆးခန္း က ဆရာဝန္ရဲ့ ေဆးလက္မွတ္၊ ေမြးစာရင္း၊ ကိုယ္တိုင္ေရးေလၽွာက္လႊာ နဲ႔ အလုပ္ရွင္(သို႔)HR Managerရဲ့ ေထာက္ခံစာတို႔ လိုအပ္ပါ တယ္။

ဘယ္႐ုံးမွာ သြားေလၽွာက္ ရမွာလဲ။ကိုိယ္SSBေဆာင္တဲ့ ႐ုံးမွာ ေလၽွာက္ရမွာပါ။ SSBကတ္ရဲ့ ေနာက္ေက်ာဘက္မွာ ႐ုံးနာမည္ပါပါတယ္။ဘယ္လိုတြြက္ခ်က္ၿပီး ေပးတာလဲ။

မီးဖြားခြင့္ရတဲ့ ရက္တိုင္းမွာ တစ္ေန႔၀င္ေငြရဲ့၇၀% နဲ႔ မီးဖြားစရိတ္အျဖစ္ တစ္လ၀င္ေငြရဲ့ ၅၀%တို႔ ျဖစ္ပါတယ္။

မီးဖြားစရိိတ္ အျမင့္ ဆုံးရရွိေငြဟာ (၈၃၆,၀၀၀)က်ပ္ ျဖစ္ၿပီး အမႊာေမြးရင္ေတာ့ ဒီ့ထက္ပိုခံစားခြင့္ ရွိပါတယ္။

ဘယ္အခ်ိိန္မွာ ေငြထုတ္လို႔ရၿပီလဲ။

လဆန္းရက္ ေလၽွာက္ထားခဲ့ရင္ ဒီလရဲ့တြက္ခ်က္မွုထဲမွာ ပါဝင္မွာမို႔ ေနာက္တစ္လ ဆို ထုတ္လို႔ရပါၿပီ။ ဒီေတာ့ အၾကမ္းဖ်င္း ၁လ/၁လခြဲခန႔္ပဲ ၾကာပါတယ္။ SSB႐ုံးက ‌ရရွိေငြခ်လန္ပဲ ေပးလိုက္မွာျဖစ္ၿပီး အစိုးရ ဘဏ္မွာ သြားထုတ္ရမွာပါ။

ဒါ့ေၾကာင့္ ကိုိယ္တိုင္ လစဥ္ေပးေဆာင္ေနရတဲ့အတြက္ မီးဖြားခ်ိန္အက်ိဳး ခံစားခြင့္ ျပန္လည္ရရွိမယ့္ အခြင့္အေရးကို အဆုံးရွုံးမခံဘဲ မီးဖြားစရိတ္ေလၽွာက္ထား သင့္ေၾကာင္း အႀကံျပဳပါရေစရွင္။

ဖိုးျပဳံးခ်ိဳေလး ရဲ့ ေမေမ

လူမွုဖူလုံေရး မီးဖြား စရိတ္

၈သိန်း ကျော်ရ နိုင် တဲ့ နိုင်ငံ တော် မီးဖွား စရိတ် ကို ဒီလို လျှောက်ထား လို့ရပါ တယ်

၈သိန််းကျော် ရနိုင်တဲ့ နိုင််ငံတော် မီးဖွားစ ရိိတ် ဘယ်လို လျှောက်ရမလဲ

နိိုင်ငံတော် မှ မိိခင်စရိတ်

မီးဖွားစရိိတ် ဘယ်လို လျှောက်ထားမလဲ

ကျွန်မ လူမှုဖူလုံရေး ကနေ မီးဖွားစရိတ်ထုတ်ယူခဲ့တဲ့ အချိန်ကစလို့ တစ်နှစ်ခွဲ ကာလ အတွင်း မေမေတွေက လာဆက်သွယ်မေးမြန်းကြတာ ဒီနေ့ထိပါပဲ။

အားလုံး ကို သိသမျှ မျှဝေရင်း မေမေတွေ အဆင်ပြေပြေထုတ်လို့ ရခဲ့တယ်ဆိုတာ ပြန်ကြားတာနဲ့ တင် ဝမ်းသာမိတာ အမှန်ပါပဲ။

သတင်းစကားလေး တစ်ခု လက်ဆင့်ကမ်းရုံနဲ့ မီးတွင်းကာလမှာ မနည်းတဲ့ ငွေပမာဏရရှိတာဟာ မိခင်အသစ်စက်စက်လေး‌တွေ အတွက် အကူအညီ သိပ်ဖြစ် စေတာပေါ့ရှင်။

အလုပ်ရှုပ်မယ် ထင်လို့/ပမာဏနည်းနည်းပဲရမယ်ထင်လို့ … အကြောင်းကြောင်းကြောင့် မထုတ် တော့ဘူး စိတ်ကူးနေတဲ့ သူတွေအတွက် ဒီပိုစ့်လေးကို ထပ်မံရေး သားလိုက်ပါတယ်။

စာရွက် စာတမ်း၊ ရုံးအဝင်အထွက်် ထင်သလောက် အလုပ်မရှုပ်ပါ။ မီးဖွားစရိ တ်ခံစားခွင့်ငွေ မန ည်းပါ။ လစာ၂သိိန်းရသူက ၅သိန်းခွဲခန့်၊ ၂သိန်းခွဲရသူက ရသိန်း ခန့်၊ ၃သိန်းနှင့် အထက် ရသူက ၈သိန်း‌ခန့် ရရှိမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ မီးဖွားစရိတ် ထုတ်ယူလို့ ရနိုင်မလဲ။လူမှု‌ဖူလုံရေး(S S B) လစဉ်ဆောင်ထားသူ၊ ဆောင်သည့်သက်တမ်း ၁နှစ်အထက်ရှိိသူတိုင်း ထုတ်ယူ နိုင်ပါတယ်။

ဘယ်အချိန်မှာ မီးဖွားစရိိတ် လျှောက်ထားလို ့ရသလဲ။ မီးဖွားပြီး၂လအတွင်း လျှောက်ရပါမယ်။ပုဂ္ဂလိကဆေးရုံမှာမွေးရင်ရော လျှောက်လို့ရသလား။ ဘယ်ဆေးရုံမှာမွေးမွေး လျှောက်လို့ရပါတယ်။

ဘာ‌တွေလုပ်ဖို့ လိုအပ်မလဲ။ကိုယ်ဝန်ရှိနေစဉ် လူမှုဖူလုံရေး ဆေးခန်းက ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ကိုယ်က ဘယ်မြို့နယ်ရဲ့ ဆေးခန်းမှာ ပြရမလဲဆိုတာ ပါပါတယ်။

ကိုယ့်နေရပ် လိပ်စာနဲ့ နီးတဲ့ဆေးခန်းကိုပဲ ထည့်ပေးထား တာပါ။ ဆရာဝန်က ကို ယ်ဝန်ရှိကြောင်း စမ်းသပ်သိရှိမှ မီးမဖွားမီခွင့်(၆)ပတ်၊ မီးဖွားပြီး ခွင့်(၈)ပတ်ကို ခံစားခွင့်ရဖို့ လက်မှတ်ထိုးပေးမှာ ဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဝန်ရှိစဉ်က မပြခဲ့ရင် မီးဖွားပြီး မွေးစာရင်းနဲ့အတူ သွားပြရပါမယ်။

ဘယ်လိုစာရွက် စာတမ်းတွေ လိုအပ်မလဲ။

လူမှုဖူလုံရေးဆေးခန်း က ဆရာဝန်ရဲ့ ဆေးလက်မှတ်၊ မွေးစာရင်း၊ ကိုယ်တိုင်ရေးလျှောက်လွှာ နဲ့ အလုပ်ရှင်(သို့)HR Managerရဲ့ ထောက်ခံစာတို့ လိုအပ်ပါ တယ်။

ဘယ်ရုံးမှာ သွားလျှောက် ရမှာလဲ။ကိိုယ်SSBဆောင်တဲ့ ရုံးမှာ လျှောက်ရမှာပါ။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ရုံးနာမည်ပါပါတယ်။ဘယ်လိုတွွက်ချက်ပြီး ပေးတာလဲ။

မီးဖွားခွင့်ရတဲ့ ရက်တိုင်းမှာ တစ်နေ့ဝင်ငွေရဲ့ရ၀% နဲ့ မီးဖွားစရိတ်အဖြစ် တစ်လဝင်ငွေရဲ့ ၅၀%တို့ ဖြစ်ပါတယ်။

မီးဖွားစရိိတ် အမြင့် ဆုံးရရှိငွေဟာ (၈၃၆,၀၀၀)ကျပ် ဖြစ်ပြီး အမွှာမွေးရင်တော့ ဒီ့ထက်ပိုခံစားခွင့် ရှိပါတယ်။

ဘယ်အချိိန်မှာ ငွေထုတ်လို့ရပြီလဲ။

လဆန်းရက် လျှောက်ထားခဲ့ရင် ဒီလရဲ့တွက်ချက်မှုထဲမှာ ပါဝင်မှာမို့ နောက်တစ်လ ဆို ထုတ်လို့ရပါပြီ။ ဒီတော့ အကြမ်းဖျင်း ၁လ/၁လခွဲခန့်ပဲ ကြာပါတယ်။ SSBရုံးက ‌ရရှိငွေချလန်ပဲ ပေးလိုက်မှာဖြစ်ပြီး အစိုးရ ဘဏ်မှာ သွားထုတ်ရမှာပါ။

ဒါ့ကြောင့် ကိိုယ်တိုင် လစဉ်ပေးဆောင်နေရတဲ့အတွက် မီးဖွားချိန်အကျိုး ခံစားခွင့် ပြန်လည်ရရှိမယ့် အခွင့်အရေးကို အဆုံးရှုံးမခံဘဲ မီးဖွားစရိတ်လျှောက်ထား သင့်ကြောင်း အကြံပြုပါရစေရှင်။

ဖိုးပြုံးချိုလေး ရဲ့ မေမေ

လူမှုဖူလုံရေး မီးဖွား စရိတ်