အ ဆိုတော် စိုင်းဆိုင်မောဝ်ဟာ ဂီတလောကမှာတော့ ဂုရုကြီးတစ်ယောက်လို့ တင်စားရအောင် အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ သီချင်းတွေကတော့ ယနေ့ထက်တိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်က လက်ရှိမှာ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

မနေ့ကတော့ စိုင်းဆိုင်မောဝ်တစ်ယောက် ကွယ်လွန်သွားပြီဆိုပေမယ့် သူ့ရဲ့အသိုင်းအဝိုင်းကတော့ စိုင်းဆိုင်မောဝ် တစ်ယောက် အခြေအနေကောင်းလာပြီလို့ ပြောလာပါတယ်။

ဒီနေ့ ဇန်နဝါရ်ီလ (၄) ရက်နေ့မှာတော့ စိုင်းဆိုင်မောဝ်ရဲ့ ဇနီးနဲ့ သမီးတို့လည်း ရောက်ရှိလာပြီး စိုင်းဆိုင်မောဝ်တစ်ယောက် ထူထူထောင်ထောင် ဖြစ်လာပြီဆိုပြီး သိရပါတယ်။

စိုင်းဆိုင်မောဝ်ကတော့ သူ့ရဲ့ ရောဂါဝေဒနာတွေကို ကြိုးစားတိုက်ထုတ်နေတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းဆိုင်မောဝ် အမြန်ဆုံး ကျန်းမာလာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Rowena
Source: Sai Kham On’s fb