ဖခင္ကြယ္လြ န္ျခင္း (၁၆)နွစ္ျပည့္ မွာ ဖခင္ၾကီးလွဲေလ်ာင္း ရာ အုတ္ဂူေလး ဆီသြားျပီး ဂါရဝျပဳကန္ေတာ့ခဲ့ တဲ့ ထူးအိမ္သင္ ရဲ့သမီးေလး မိကြန္ေထာ

ပရိသတ္ေတြ ရဲ့ခံစားခ်က္ နဲ့ တစ္ထပ္တည္းက်ေအာင္ ကုိယ္ပိုင္သံစဥ္သီခ်င္းေတြကို ေရးစပ္သီကံုးခဲ့တဲ့ ေတးေရး ေတးဆို ထူးအိမ္သင္ကေတာ့ လူ့ေလာကၾကီးထဲမွာမရိွေတာ့ေပမယ့္ သူ့ရဲ့ နာမည္တစ္လံုးကေတာ့ ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြၾကားမွာ က်န္ရစ္ေနဆဲ ျဖစ္ပါတယ္။ ထူးအိမ္သင္ကေတာ့ ကြယ္လြန္သြားတဲ့အခ်ိန္မွာ သမီးေလး မိကြန္ေထာတစ္ေယာက္က်န္ခဲ့ျပီး မိကြန္ေထာကေတာ့ အခုဆိုရင္ အသက္ (၂၃) နွစ္ေက်ာ္ အရြယ္ေတာင္ျဖစ္ျပီး ဖခင္ျဖစ္သူရဲ့ အနုပညာအေမြေတြကို ဆက္လက္ထိန္းသိမ္းထားေနဆဲ ျဖစ္ပါတယ္။

ဒီကေန့ ၾသဂုတ္လ (၁၄) ရက္ေန့ကေ တာ့ ထူးအိမ္သင္ ကြယ္လြန္ျခင္း (၁၆) နွစ္တိတိ ျပည့္တဲ့ ေန့ေလးပဲ ျဖစ္ပါတယ္။ ထူးအိမ္သင္ရဲ့ သမီးေလး မိကြန္ေထာကေတာ့ ဖခင္ကြယ္လြန္ျခင္း (၁၆) နွစ္ျပည့္မွာ ဖခင္ရဲ့ အုတ္ဂူေလးဆီသြားျပီး သတိရျခင္းေတြမ်ားစြာနဲ့ ဂါရဝျပဳခဲ့ရင္း ဖခင္အတြက္ ရည္စူးျပီး အလွဴအတန္းေတြ ျပဳလုပ္ေပးေနတာကို ေတြ့ရပါတယ္။ ငယ္စဥ္ကတည္းက ဖခင္ကို ဆံုးရႈံးခဲ့ရတဲ့ မိကြန္ေထာကေတာ့ နွစ္စဥ္ ၾသဂုတ္လ (၁၄) ရက္ေန့ေရာက္တိုင္း သတိရျခင္းေတြမ်ားစြာနဲ့ ဖခင္ကို တမ္းတေနရဆဲ ျဖစ္ပါတယ္။

မိကြန္ေထာကေတာ့ အနုပညာအလုပ္ေတြမလုပ္ကိုင္ေပမယ့္ ထူးအိမ္သင္ရဲ့ “တုနႈိင္းမဲ့ရတနာ” သီခ်င္းမွာ ပါဝင္ခဲ့စဥ္အရြယ္ကတည္းက ပရိသတ္ေတြ ခ်စ္ခဲ့ရသူေလးျဖစ္ျပီး ဒီေန့ဒီအခ်ိန္ထိ သတိတရ ခ်စ္ေနရဆဲ ျဖစ္ပါတယ္။ အဆိုေတာ္ၾကီး ထူးအိမ္သင္လည္း ေကာင္းရာဘံုဘဝကေန သမီးေလးအတြက္ သာဓုေခၚဆိုနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mikon Htaw’s fb , Cele Connections

ဖခင်ကွယ်လွ န်ခြင်း (၁၆)နှစ်ပြည့် မှာ ဖခင်ကြီးလှဲလျောင်း ရာ အုတ်ဂူလေး ဆီသွားပြီး ဂါရဝပြုကန်တော့ခဲ့ တဲ့ ထူးအိမ်သင် ရဲ့သမီးလေး မိကွန်ထော

ပရိသတ်တွေ ရဲ့ခံစားချက် နဲ့ တစ်ထပ်တည်းကျအောင် ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ရေးစပ်သီကုံးခဲ့တဲ့ တေးရေး တေးဆို ထူးအိမ်သင်ကတော့ လူ့လောကကြီးထဲမှာမရှိတော့ပေမယ့် သူ့ရဲ့ နာမည်တစ်လုံးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားမှာ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ကတော့ ကွယ်လွန်သွားတဲ့အချိန်မှာ သမီးလေး မိကွန်ထောတစ်ယောက်ကျန်ခဲ့ပြီး မိကွန်ထောကတော့ အခုဆိုရင် အသက် (၂၃) နှစ်ကျော် အရွယ်တောင်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်လက်ထိန်းသိမ်းထားနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၄) ရက်နေ့ကေ တာ့ ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၆) နှစ်တိတိ ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကတော့ ဖခင်ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်မှာ ဖခင်ရဲ့ အုတ်ဂူလေးဆီသွားပြီး သတိရခြင်းတွေများစွာနဲ့ ဂါရဝပြုခဲ့ရင်း ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရတဲ့ မိကွန်ထောကတော့ နှစ်စဉ် သြဂုတ်လ (၁၄) ရက်နေ့ရောက်တိုင်း သတိရခြင်းတွေများစွာနဲ့ ဖခင်ကို တမ်းတနေရဆဲ ဖြစ်ပါတယ်။

မိကွန်ထောကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်ပေမယ့် ထူးအိမ်သင်ရဲ့ “တုနှိုင်းမဲ့ရတနာ” သီချင်းမှာ ပါဝင်ခဲ့စဉ်အရွယ်ကတည်းက ပရိသတ်တွေ ချစ်ခဲ့ရသူလေးဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ သတိတရ ချစ်နေရဆဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး ထူးအိမ်သင်လည်း ကောင်းရာဘုံဘဝကနေ သမီးလေးအတွက် သာဓုခေါ်ဆိုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mikon Htaw’s fb , Cele Connections