ဘဝ တစ္ခုလုံးႏွစ္ ၿပီး ႐ုန္းကန္ ေပးတဲ့ ဖခင္ လယ္သမားႀကီး ကို ဂုဏ္ယူ စြာ ပြဲထုတ္ ခဲ့တဲ့ သမီး

မိဘေတြ ဆုိတာ ကိုယ္တုိင္က ဆားနဲ႔လွ်က္စားေနရရင္ ေတာင္မွ သားေတြ သမီးေတြ ထမင္းပန္းကန္ ထဲမွာ အရမ္းအရသာရွိတဲ့ စားေကာင္းေသာက္ဖြယ္ေတြ ျမင္ေစ ခ်င္ၾကပါတယ္။ ကိုယ္တိုင္က လုံၿခဳံေအာင္ဝတ္ဖုိ႔ အႏုိင္ႏုိင္ ႐ုန္းကန္ေနရရင္ေတာင္မွ သားေတြသမီးေတြကိုေတာ့ လူတန္းေစ့ ဝတ္ေစခ်င္ၾကပါတယ္။ သားေတြသမီးေတြရဲ႕ ပညာေရးမွာလည္း သူတုိ႔တက္ႏုိင္တာထက္ ပုိေထာက္ပံ့ၾကၿပီး၊ လူေတာ္လူေကာင္းေတြ ျဖစ္ေစခ်င္ၾကပါတယ္။

အခုလည္း ေက်ာင္းသူမေလး တစ္ေယာက္ကေတာ့ သူမတုိ ႔မိသားစုက အစစအရာရာ မျပည့္စုံေပမယ့္ သူမကို တျခားကေလးေတြနဲ႔ တန္းတူ ေက်ာင္း တက္ႏုိင္ေအာင္၊ တျခားကေလးေတြလုိ ဝတ္စား ဆင္ယင္ႏုိင္ေအာင္၊ တျခားကေလးေတြလုိ သုံးစြဲႏုိင္ေအာင္ ႀကိဳးစားရုန္းကန္ေပးတဲ့ လယ္သမားဖခင္ႀကီးကုိ ဘြဲ႕ယူတဲ့ ေန႔မွာ ဂုဏ္ယူစြာ ပြဲထုတ္ခဲ့ပါတယ္။

ေက်ာင္းသူေလး အမည္ကေတာ့ Ela Marfil Sullano ျဖစ္ပါတယ္။ သူမရဲ႕ဖခင္ဟာ ဘယ္ေလာက္ေတာင္ ခက္ခဲၾကမ္းတမ္းတဲ့ ဘဝဒဏ္ေတြကို ရင္စည္းခံခဲ့ရသလဲဆုိတာ ႐ုပ္ရည္႐ုပကာကုိၾကည့္ ႐ုံနဲ႔ သိႏုိင္ပါတယ္။ အေကာင္းဆုံးလုိ႔ ယူဆရတဲ့ အဝတ္ေတြကို ေရြးခ်ယ္ဝတ္ဆင္ခဲ့ေပမယ့္ သူ႔ပုံစံက ႏြမ္းပါးလြန္းပါတယ္။

ၾကမ္းတမ္းတဲ့ လက္ေခ်ာင္းေတြ ကုိ ျမင္လုိက္တာနဲ႔ သူဟာ မိသားစု အတြက္ ဘယ္ေလာက္ေတာင္ တာဝန္ေက်ခဲ့ သလဲ ျမင္သာေစမွာပါ။ Ela ဟာ ဖိလစ္ပိုင္ႏုိင္ငံ၊ Iloilo ျပည္နယ္၊ Leganes မွာတည္ရွိတဲ့ St. Vincent College of Science and Technology ကေန ဂုဏ္ထူးေတြနဲ႔အတူ ဘြဲ႕ရယူႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဘြဲ႕ယူအမွတ္တရမွာ ဖခင္က မပါမျဖစ္ အေရးပါးတဲ့ လူတစ္ေယာက္ပါ။

သူမဟာ ဖခင္နဲ ႔အတူတြဲ႐ုိက္ထားတဲ့ဓာတ္ပုံေလးကို Facebook Profile အျဖစ္ ထားရွိဂုဏ္ျပဳခဲ့ရာ၊ သူမရဲ႕ဓာတ္ပုံကုိ Like and Reaction ျပဳလုပ္သူ (၁၁၅၀၀၀)ဦးအထိ ရွိခဲ့ၿပီး၊ ျပန္လည္မွ်ေဝသူ (၂၆၀၀၀)အထိ ရွိခဲ့ပါတယ္။ မွတ္ခ်က္ေရးသူေပါင္း (၃၈၀၀)အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။

Ela က သူမအေနနဲ႔ ဒီလုိ လူတလုံးသူတလုံး ျဖစ္လာဖုိ႔ အတြက္ တစ္ေယာက္တည္း စြမ္းအားနဲ႔ မရႏုိင္ေၾကာင္း၊ မိဘေတြရဲ႕ အကူအညီမပါဘဲ၊ သားသမီး ဆုိတာ ထိပ္ဆုံး ေနရာ ေရာက္ႏုိင္ဖုိ႔ မလြယ္ေၾကာင္း၊ သူမဘဝမွာ အေရးပါဆုံးေသာ လူပုဂၢိဳလ္ကေတာ့ ဖခင္ျဖစ္တဲ့အတြက္ အခုလုိ ဂုဏ္ျပဳခဲ့တာလုိ႔ ဆုိပါတယ္။

credit – shwemom

ဘဝ တစ်ခုလုံးနှစ် ပြီး ရုန်းကန် ပေးတဲ့ ဖခင် လယ်သမားကြီး ကို ဂုဏ်ယူ စွာ ပွဲထုတ် ခဲ့တဲ့ သမီး

မိဘတွေ ဆိုတာ ကိုယ်တိုင်က ဆားနဲ့လျှက်စားနေရရင် တောင်မှ သားတွေ သမီးတွေ ထမင်းပန်းကန် ထဲမှာ အရမ်းအရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ မြင်စေ ချင်ကြပါတယ်။ ကိုယ်တိုင်က လုံခြုံအောင်ဝတ်ဖို့ အနိုင်နိုင် ရုန်းကန်နေရရင်တောင်မှ သားတွေသမီးတွေကိုတော့ လူတန်းစေ့ ဝတ်စေချင်ကြပါတယ်။ သားတွေသမီးတွေရဲ့ ပညာရေးမှာလည်း သူတို့တက်နိုင်တာထက် ပိုထောက်ပံ့ကြပြီး၊ လူတော်လူကောင်းတွေ ဖြစ်စေချင်ကြပါတယ်။

အခုလည်း ကျောင်းသူမလေး တစ်ယောက်ကတော့ သူမတို ့မိသားစုက အစစအရာရာ မပြည့်စုံပေမယ့် သူမကို တခြားကလေးတွေနဲ့ တန်းတူ ကျောင်း တက်နိုင်အောင်၊ တခြားကလေးတွေလို ဝတ်စား ဆင်ယင်နိုင်အောင်၊ တခြားကလေးတွေလို သုံးစွဲနိုင်အောင် ကြိုးစားရုန်းကန်ပေးတဲ့ လယ်သမားဖခင်ကြီးကို ဘွဲ့ယူတဲ့ နေ့မှာ ဂုဏ်ယူစွာ ပွဲထုတ်ခဲ့ပါတယ်။

ကျောင်းသူလေး အမည်ကတော့ Ela Marfil Sullano ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝဒဏ်တွေကို ရင်စည်းခံခဲ့ရသလဲဆိုတာ ရုပ်ရည်ရုပကာကိုကြည့် ရုံနဲ့ သိနိုင်ပါတယ်။ အကောင်းဆုံးလို့ ယူဆရတဲ့ အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ခဲ့ပေမယ့် သူ့ပုံစံက နွမ်းပါးလွန်းပါတယ်။

ကြမ်းတမ်းတဲ့ လက်ချောင်းတွေ ကို မြင်လိုက်တာနဲ့ သူဟာ မိသားစု အတွက် ဘယ်လောက်တောင် တာဝန်ကျေခဲ့ သလဲ မြင်သာစေမှာပါ။ Ela ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo ပြည်နယ်၊ Leganes မှာတည်ရှိတဲ့ St. Vincent College of Science and Technology ကနေ ဂုဏ်ထူးတွေနဲ့အတူ ဘွဲ့ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘွဲ့ယူအမှတ်တရမှာ ဖခင်က မပါမဖြစ် အရေးပါးတဲ့ လူတစ်ယောက်ပါ။

သူမဟာ ဖခင်နဲ ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကို Facebook Profile အဖြစ် ထားရှိဂုဏ်ပြုခဲ့ရာ၊ သူမရဲ့ဓာတ်ပုံကို Like and Reaction ပြုလုပ်သူ (၁၁၅၀၀၀)ဦးအထိ ရှိခဲ့ပြီး၊ ပြန်လည်မျှဝေသူ (၂၆၀၀၀)အထိ ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူပေါင်း (၃၈၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။

Ela က သူမအနေနဲ့ ဒီလို လူတလုံးသူတလုံး ဖြစ်လာဖို့ အတွက် တစ်ယောက်တည်း စွမ်းအားနဲ့ မရနိုင်ကြောင်း၊ မိဘတွေရဲ့ အကူအညီမပါဘဲ၊ သားသမီး ဆိုတာ ထိပ်ဆုံး နေရာ ရောက်နိုင်ဖို့ မလွယ်ကြောင်း၊ သူမဘဝမှာ အရေးပါဆုံးသော လူပုဂ္ဂိုလ်ကတော့ ဖခင်ဖြစ်တဲ့အတွက် အခုလို ဂုဏ်ပြုခဲ့တာလို့ ဆိုပါတယ်။

credit – shwemom