နီ နီခင်ဇော်ကတော့ Melody World ပြိုင်ပွဲကစပြီး လက်ရှိအချိန်အထိအောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်သူတစ်ဦးပါ။ပုံစံမျိုးစုံနဲ့သီချင်းတွေကိုပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ထူးချွန်တဲ့အနုပညာရှင်အဖြစ်လည်း သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ နီနီကတော့ ပြန်လည်သီဆိုတေးတွေအပါအဝင် ပရိသတ်ရင်ကိုထိရှစေတဲ့သီချင်းကောင်းများစွာကို သီဆိုထားသူပါ။

“မာရီယို” “Red” “U” ဆိုတဲ့ အယ်လ်ဘမ်(၃)ချပ်ကိုထွက်ရှိထားပြီး လက်ရှိမှာလည်း

အခုလည်း သူက မိန်းကလေးတွေရဲ့ အသည်းကျော် အာဆီယံ မိန်းကလေးများရဲ့ အချစ်တော် ဖြစ်တဲ့ ပိုင်တံခွန် နဲ့ တွဲပြီး အမိုက်စား သီချင်းတစ်ပုဒ်ကို Music Video နဲ့ အတူပရိသတ်တွေဆီကို ချပြလိုက်ပါပြီ ။ သီချင်းလေးရဲ့ နာမည်ကတော့ Bom Pa Pa ဖြစ်ပါတယ်။ ဒီသီချင်းကို ရိုက်ကူးထားတာကလည်း တကယ့်ကို ညှို့အားပြင်းတဲ့ ရိုက်ချက်တွေနဲ့ အပီအပြင်ကို ပုံဖော်ထားတာဖြစ်ပါတယ်။

ပိုင်တံခွန် သီချင်းတွေဆိုတာကိုတော့ The ပါတီခင်ဇော်ဆိုတဲ့နာမည်နဲ့တေးသီချင်းအယ်လ်ဘမ်အသစ်ကိုထွက်ရှိတော့မှာပါ။

Mask Singer Myanmar ကြည့်ရှုကြသူတွေ သိကြပြီးသားဖြစ်မှာပါ။ ဒီသီချင်းထဲမှာလည်း Featuring အနေနဲ့ ပိုင်တံခွန် ကိုယ်တိုင် သီဆိုထားတာပါ။ သီချင်းလေးကတော့ ခပ်မြူးမြူပုံစံလေးပါ ဒါပေမယ့် ကြည့်မိတဲ့ ပိုင်တံခွန်ရဲ့ ပရိသတ်တွေကတော့ နီနီခင်ဇော်နဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်ဆိုတဲ့ စကားမျိုးပြောဖြစ်မှာ အသေချာပါပဲ ။

ဒီသီချင်းလေးကတော့ ပါတီခင်ဇော် ဆိုတဲ့ ခွေထဲမှာ ပါဝင်ထားတာပါ။ အခုကတော့ တကယ့်ကို အမိုက်စား Music Video လေးအဖြစ်နဲ့ရောက်ရှိလာခဲ့ပါပြီ။ Music Video ရဲ့ Link လေးကိုတော့ Comment မှာရေးသားဖော်ပြထားပါတယ် ။ Music Video လေးကို ကြည့်ပြီး ခံစားချက်လေးတွေကိုလည်း ပြန်လည်မျှဝေခဲ့ပါဦးနော် ။