ဒီ(၂၀၂၀)ခုနှစ်က တနင်္လာသားသမီးတွေအတွက် အဆင်ပြေတဲ့နှစ်လို့ ယေဘုယျသုံးသပ်လို့ရနိုင်ပါတယ်။ အကောင်းအဆိုးတွေရှိနေပေမယ့် အကောင်းဘက်က ပိုမိုအလေးသာပါတယ်။ နေတတ်ရင်ကျေနပ်စရာများတဲ့ နှစ် လို့ပဲ သုံးသပ်လို့ရနိုင်ပါတယ်။

ကမ္ဘာမြေဓာတ်သဘောဆောင်တဲ့ နှစ်အပိုင်းအခြားကို ရောက်ရှိနေတာကြောင့်လဲ ခိုင်မြဲခြင်းတွေ၊ လာဘ်လာဘပေါများခြင်းတွေ၊ ထီပေါက်ခြင်းတွေ၊

ငွေကြေးဥစ္စာများစွာရရှိခြင်းတွေ၊ အမွေအနှစ်ရရှိခြင်း တွေ ဝင်ငွေလမ်းကြောင်းတိုးပွားခြင်း၊ စည်းစိမ်ဥစ္စာတိုးခြင်းစတဲ့ အကျိုးရလဒ်ကိုခံစားရတတ်ပါတယ်။

အပေါင်းအသင်း မိတ်ဆွေသစ်တွေ တိုးပွားတတ်ပါတယ်။ လူမှုရေးရှုပ်ထွေးမှုတွေတော့ ရှိနေတတ်ပါတယ်။

အိမ်ထောင်ဘက်နဲ့ သဘောထားကွဲလွဲမှုတွေ အများဆုံးဖြစ်နိုင်တဲ့နှစ်တစ်ခုပါပဲ။ ဆွေမျိုးသားချင်းတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတွေက ထင်သလောက် တိုးတတ်မှုမရှိနိုင်ပါဘူး။ စီမံခန့်ခွဲမှုတွေ လစ်ဟာနေတတ်ပါတယ်။

မိမိကိုယ်တိုင်အလုပ်ကို သေချာကြပ်မတ်ပါ။ သူများကိုလွှဲထားပြီး နေသာသလို မနေလိုက်ပါနဲ့။ ပရဟိတအလုပ်တွေ၊ ဘာသာသာသနာ အကျိုးအလုပ်တွေ လုပ်ဖြစ်ပါလိမ့်မယ်။

အိမ်မှာအလှူမဏ္ဍုပ်မြင်တဲ့အတွက် အလှူကြီးအတန်းကြီး ပေးရတတ်ပါတယ်။ သဒ္ဓါတရားထက်သန်သူများ အလှူရေစက်လက်နဲ့မကွာတဲ့ နှစ်လို့ယူဆနိုင်ပါတယ်။

လူချစ်လူခင်ကတော့ အလွန်များပါတယ်။ စန်းလဲအလွန်ပွင့်နေပါတယ်။ လက်ထပ်ဖို့ကြန့်ကြာနေသူများ သေချာပေါက်လက်ထပ်ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။

ချစ်သူမရှိသေးသူများ ချစ်သူသစ်ကျိန်းသေပေါက်ရ လာတတ်ပါတယ်။ အရွယ်လွန်နေတဲ့ အပျိုကြီး၊လူပျိုကြီးတွေတောင် အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရပြီး လက်ထပ်ရဖို့အကြောင်း တိုက်ဆိုင်လာတတ်ပါတယ်။

ရှုပ်ချင်ပွေချင်တဲ့ အိမ်ထောင်သည်တွေကတော့ စန်းပွင့်လွန်းအားကြီးတာကြောင့် အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်တာကိုတော့ သတိထားလိုက်ပါ။

ဒီနှစ်ဟာ သန့်စင်တဲ့ဂြိုဟ်ထဲကို တနင်္လာသားသမီးတွေက ရောက်ရှိနေတာပါ။ မဟုတ်တာလုပ်တာနဲ့ ကောင်းနေတဲ့ကံတွေက ရေပေါ်အရုပ်ရေးသလို အရာမထင်ပျောက်ကွယ်သွားပါလိမ့်မယ်။

နားလည်အောင်ထပ်ပြောရရင် မသာမာနည်းနဲ့ငွေမရှာနဲ့။ 1D/2D/3D လောင်းကစားမလုပ်ပါနဲ့။ ကာမေသု မလွန်ကျူးပါစေနဲ့။ လိမ်ရောင်းတဲ့ကိစ္စ ၊ သူများကိုဂျင်းထဲ့တဲ့ ကိစ္စတွေရှောင်ပါ။ မိစ္ဆာအာဇီဝနဲ့ စတင်အသက်မမွေးပါနဲ့။

အပျော်အပါးနဲ့ကာမဂုဏ်တရားကို တပ်မက်မှုတွေကင်းပါစေ။ မဟုတ်တာတွေလုပ်မိရင် မဟုတ်တဲ့ကံအကျိုးကို ခံစားရမယ်ဆိုတာကို နားလည်နိုင်ပါစေ။

နာမည်နဲ့ရပ်တည်ကြသူများ သေချာပေါက် နာမည်ဂုဏ်သတင်းကျော်ကြားပါလိမ့်မယ်။ အွန်လိုင်းကနေ Blog/ vlogရိုက်တင်ကြသူများ သေချာပေါက်နာမည်ကြီးလာလိမ့်မယ်။

ကျော်တာခွတာတော့ မလုပ်နဲ့ပေါ့ဗျာ။ရေသန့်လုပ်ငန်းတွေ၊ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေ၊ အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတွေ၊ အလှပြုပြင်ရေးလုပ်ငန်းတွေ….

အွန်လိုင်းစီးပွားရေးတွေ၊ အနုစိပ်အသေးစိပ်အပင်ပန်းခံရတဲ့အလုပ်တွေ၊ ပြုပြင်ထိန်းသိမ်းရတဲ့အလုပ်တွေ၊ ပစ္စည်းလှောင်တဲ့လုပ်ငန်းတွေ၊ တစ်ပတ်ရစ် ရောင်းဝယ်ရေးလုပ်ငန်းတွေ၊လူမျိုးခြားနဲ့ ဆက်စပ်မှုရှိတဲ့အလုပ်တွေ အထူးတိုးတတ်နိုင်တဲ့ နှစ်တစ်ခုဖြစ်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးကတော့ ဆီးကျောက်ကပ်နှင့်ပက်သက်သော ဝေဒနာတွေခံစားရတတ်ပါတယ်။ အစာအိမ်၊ အူလမ်းကြောင်း၊ အူအတတ်ပေါက်ခြင်း စတာတွေကိုသတိနဲ့ယှဉ်ပါ။ သွေတိုး၊လေဖြတ်သတိထားပါ။ အငန်အလွန်မှ လျှော့စားပါ။

လှောင်ထား၊သိပ်ထားသော အစားအသောက်တွေရှောင်ပါ။ ငါးပိ၊ ငါးချဉ်၊ ချဉ်ပတ်စတဲ့ အစားအသောက်တွေကို အထူးရှောင်လိုက်စေချင်ပါတယ်။

ထီပေါက်ကံရှိနေတဲ့အတွက် မေလ၊ ဇူလိုင်လ၊ နိုဝင်ဘာလတွေမှာ မိမိအိမ်ရဲ့အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင်ရှိသော ထီဆိုင်မှာထီကံစမ်းလိုက်တာ အကောင်းဆုံးပါပဲ။တနင်္လာသားသမီး၊ အင်္ဂါသားသမီး၊

စနေသားသမီးတွေကတော့ အကျိုးပေးတဲ့သားသမီးတွေအဖြစ် ဒီနှစ်တွေ့ရပါလိမ့်မယ်။ သောကြာသားသမီးတွေနဲ့ကတော့ စီးပွားစပ်ဖို့လုပ်ငန်းတွဲလုပ်ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

ဝန်ထမ်း များအလုပ်ထွက်ချင်စိတ် လွန်စွာမှပေါ်လာတတ်ပါတယ်။ လက်ရှိအလုပ်မှာ လုပ်ချင်စိတ်ကုန်ခမ်းသွားတတ်တာမျိုးတွေ အလွန်တွေ့ရတတ်ပါတယ်။ အလုပ်ပြောင်းချင်စိတ်ပေါ်လာရင်တော့ နောက်အလုပ်သစ်တစ်ခုနဲ့ ချိတ်ဆက်မိမှ အလုပ်ထွက်ပါ။

အလုပ်မချိတ်ဘဲနဲ့ စိတ်လိုက်မာန်ပါ အလုပ်ထွက်လိုက်ရင်တော့ နောက်အလုပ်ရဖို့ နှစ်ဝက်လောက် ကြာသွားတတ်ပါတယ်။ တကယ့်ကို မျောက်သစ်ကိုင်းလွတ်ဖြစ်ရတတ်ပါတယ်။

အလုပ်နဲ့ပက်သက်ပြီး စိတ်ညစ်စရာတွေ၊ ဖိအားတွေများနေတတ်ပါတယ် ။ ခံနိုင်ရည်ရှိပါစေ။ ငွေစုဆောင်းလွယ်သလို လက်ဖွာသူတွေအတွက်လဲ သုံးသလောက်ကုန်၊ ရှာသလောက်မလောက်ဆိုတာမျိုးတွေ အလွန်ဖြစ်ရတတ်ပါတယ်။

ငွေစုစာအုပ်နဲ့ ငွေကိုစနစ်တကျစုပါ။ ငွေလေးလက်ထဲရှိလို့ ချေးငှားမယ်လို့တော့ စိတ်မကူးလိုက်ပါနဲ့။ ရေစက်ချပြီးပေးလိုက်တာကမှ ကုသိုလ်ရပါလိမ့်မယ်။ ဒီနှစ်မှာငွေချေးလိုက်ရင် ၈၀%က ဆုံးဖို့အသေအချာပါပဲ။

ဇန်နဝါရီလ၊ သြဂုတ်လနှင့် ဒီဇင်ဘာလတွေမှာတော့ ကံအင်အားနည်းနေတဲ့အတွက် သတိဝီရိယနဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။ ကားဝယ်ဖို့၊ ခြံဝယ်ဖို့စိတ်ကူးနေရင်တော့ ဒီနှစ်မှာဝယ်ဖို့ အထူးပဲတိုက်တွန်းလိုပါတယ်။

တစ်ခုသတိပေးချင်တာက သူများငွေတွေလက်မခံပါနဲ့။ ခဏလာအပ်တာပဲဖြစ်ဖြစ် လက်မခံပါနဲ့။ မိမိလာဘ်ပိတ်သွားတတ်ပါတယ်။

ကျောက်အတု၊ ရွှေရည်စိမ်စတာတွေ အဝင်မခံပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။ သားသမီး ရင်သွေးယူလို့ အလွန်ကောင်းတဲ့နှစ်တစ်ခုပါပဲ။ (၂၀၂၀)အတွင်းရင်သွေးမွေးနိုင်ရင် သားသမီးကောင်းမွေးဖွားနိုင်ပါတယ်။ မိဘကိုအကျိုးပြုတဲ့ သားသမီးတွေဖြစ်တတ်ပါတယ်။

တနင်္လာနေ့ဖွားတွေဟာ အခုနှစ်(၂၀၂၀)မှာ အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ်၊ ၇၇နှစ်စသော အသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး

ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာ မေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

အမှုအခင်းနဲ့ပက်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ ဘယ်လိုကောင်းသလဲဆိုတော့ အမှုဖြစ်ရင်တော့ နိုင်သွားနိုင်ပါတယ်။ ရန်အတိုက်အခံတွေကို အနိုင်ရနိုင်တာကိုလဲ တွေ့ရပါတယ်။ ပျော်စရာအချိန်တွေ၊ အမှတ်ရစရာ တွေများတဲ့နှစ်လဲဖြစ်ပါတယ်။

ဒီနှစ်ဟာ ဘုရင်တောင်ဖောင်ဖျက်တိုက်သလိုပါပဲ။ တွန်းတွန်းတိုက်တိုက်သာ ကြိုးစားလိုက်ပါ။ အောင်မြင်မှုအသီးအပွင့်တွေကို နှစ်ပေါင်းများစွာခံစားရနိုင်ပါတယ်။

နိဂုံးချုပ်ပြောပေးရမယ်ဆိုရင်တော့ တနင်္လာသားသမီးတွေအနေနဲ့ (၂၀၂၀)မှာကိုယ်ချင်းစာစိတ်ကိုမွေးမြူလိုက်ပါ။ မေတ္တာတရားလက်ကိုင်ထားပါ။ အလုပ်နဲ့ပက်သက်ရင် အနစ်နာခံလိုက်ပါ။ အိမ်ထောင်သည်များစုတ်ကိစ္စ အထူးရှောင်လိုက်ပါ။

အကြီးအကဲမိဘတွေ ကျန်းမာရေးချို့တဲ့မှုတွေကြုံရမယ်။

ရှောင်ထွက်မသွားဘဲ သေချာပြုစုလိုက်ပါ။ သိသာစွာ မိမိကံပါမြင့်မားသွားတတ်ပါတယ်။ ကြီးနိုင်ငယ်ညင်းမလုပ်ဘဲ လုပ်ကိုင်ဆောင်ရွက်သွားစေချင်ပါတယ်။ ကြီးကျယ်တဲ့မင်္ဂလာပွဲများနှင့် ရှင်ပြု၊နားသစတဲ့အလှူအတန်းတွေကိုလဲ အထူးကြုံရတတ်ပါတယ်ဗျ။

တစ်နှစ်စာအထူးယတြာ….

– မိမိမွေးနေ့တွေမှာ နီးစပ်ရာစေတီရဲ့ သောကြာထောင့်မှာ အဖြူရောင်အကျီဝတ်ဆင်ပြီး ထီးဖြူ ၇ လက်လှူ ဒါန်းဆုတောင်းပါ။

– ဒိဝါတပတိဂါထာတော် မိမိအနေနဲ့ နေ့စဉ် ၁၀၈ ခေါက် ရွတ်ဖတ်ပါ။ ပုတီးစိပ်လဲရပါတယ်။

– ကျောင်းသူကျောင်းသား ကလေးငယ်တွေကို လွယ်အိတ်လှူပေးပါ။

– မိမိရဲ့မိခင်ကို လက်ပွေ့အိတ်၊ ပိုက်ဆံအိတ် လက်ဆောင်ဝယ်ပေးလိုက်ပါ။

– အိမ်ကဘုရားမှာ ဒိန်ချဉ်ခဏခဏကပ်လှူပေးပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)