“ေဝဠဳေက်ာ္ က က်မ ဘဝ ကို လက္ ခံ ခဲ့လို႔ ေရွ႕ ဆက္ ခဲ့ တာ” လို႔ သင္း သင္း ေျပာ

သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ကို ကာမလိမ္ လည္မႈျဖင့္ တရား စြဲဆိုထား တဲ့ အလွမယ္ သင္းသင္း ကေတာ့ ေဝဠဳေက်ာ္ နဲ႔ ပတ္သက္ခဲ့တာဟာ သူမရဲ့ ဘဝကို လက္ခံခဲ့တာ ေၾကာင့္ ေရွ႕ဆက္ခဲ့ တာလို႔ ေျပာပါတယ္။“က်မဟာ ေဝဠဳေက်ာ္နဲ႔စၿပီး ပတ္သက္ကတည္းက က်မရဲ့အတိတ္အေၾကာင္း၊ ဘဝအေၾကာင္း၊ ျဖတ္သန္း လာတဲ့ ဘဝအေၾကာင္း၊ ျဖတ္သန္း လာတာ အကုန္မွန္ သမၽွကို ေဝဠဳေက်ာ္ကို အကုန္လုံးေျပာျပထားခဲ့ၿပီးမွ က်မတို႔ ႏွစ္ေယာက္ဟာ ေရွ႕ဆက္ခဲ့တာ။ က်မ ဘဝကို လက္ခံခဲ့လို႔ ေရွ႕ဆက္ခဲ့တာ”“က်မသည္ ဘယ္ေတာ့မွ လိမ္ညာ ခဲ့တဲ့ အမ်ိဳသမီး မဟုတ္ဘူး။ ပြင့္ပြင့္လင္းလင္းပဲ။ လိုင္းေပၚမွာက ဟုတ္တာ ေတြေရာ၊ မဟုတ္တာေတြေရာ ထိုးႏွက္ခ်က္ ေတြ အမ်ားႀကီး ေပးထားတယ္။ အဲ့အေပၚမွာ က်မဘာလို႔ မေျဖရွင္းတာလဲဆိုေတာ့ က်မ မဟုတ္ဘူး။ မဟုတ္တဲ့ အတြက္ မေျဖရွင္းဘူး။ ဘာျဖစ္လို႔လဲ က်မ လိပ္ျပာသန႔္ၿပီးသားေလ” လို႔ သင္းသင္းက ေျပာပါတယ္။လတ္တေလာမွာလည္း သင္းသင္းရဲ့အတိတ္က ကိစၥရပ္မ်ားနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာ ေပၚမွာ ပ်ံ႕ႏွံ့ေနခဲ့ပါတယ္။ အဆိုပါ ကိစၥရပ္မ်ားအတြက္လည္း လိပ္ျပာလုံတဲ့ အေၾကာင္းကို အခုလို ေျပာျပခဲ့ပါတယ္။

“ေဝဠဳေက်ာ္နဲ႔ စၿပီး မပတ္သက္ခင္ ကတည္းက မိန္းမတေယာက္ အေနနဲ႔ ျဖတ္သန္း လာတဲ့အေပၚမွာ ဘယ္လို ယုတ္မာ တဲ့ ေယာက်ာ္းေတြနဲ႔ ေတြ႕ခဲ့ရလဲ ဆိုတာ ေဝဠဳေက်ာ္ ကို ဖြင့္ ေျပာခဲ့ၿပီးသား။ အခု သူတို႔ ဘက္က ေမးေနတဲ့ ေမးခြန္းေတြ အကုန္လုံးသည္ က်မဟာ ေဝဠဳေက်ာ္ကို အစအဆုံး ေျပာျပထားၿပီးမွ က်မတို႔ ႏွစ္ေယာက္ ေရွ႕ဆက္ ခဲ့တာ။ အခု သူတို႔ေမး က်မအမွန္အတိုင္း ေျဖခဲ့တာပဲ။ သူ႔ကိုလည္း အမွန္အတိုင္း ေျပာခဲ့ၿပီးသား” လို႔ သင္းသင္းက ေျပာပါတယ္။ဆက္လက္ၿပီး “တခုေျပာ ခ်င္တာ ဘယ္တုန္းကမွ သူမ်ားမယားငယ္ အျဖစ္မခံခဲ့ဘူး။ မိန္းမတေယာက္ေလ။ ေယာက်ာ္းေတြကို ယုံၾကည္မႈတခုနဲ႔ ပတ္သက္ခဲ့တာ။ ဒါေပမဲ့ ေယာက်ာ္းေတြ အကုန္လုံးက တေယာက္ တမ်ိဳးစီ ကလိမ္ ကက်စ္က်၊ ယုတ္မာၿပီးေတာ့ က်မအေပၚကို လိမ္ခဲ့တာပဲ ရွိတယ္။ ေယာက်္ားတိုင္းက ကိုယ့္ကို လိမ္ညာ ယုတ္မာသြားတာပဲ ရွိတာ”

“က်မဘက္က လိမ္ညာ ယုတ္မာခဲ့တာ တခုမွ မရွိဘူး။ ဘယ္ေယာက်္ား ဆီက မွလည္း မေတာ္မတရားေလ်ာ္ေၾကးယူထားတဲ့ ရာဇဝင္လည္း မရွိဘူး။ အဲ့အတြက္ က်မလိပ္ျပာ က်မ သန႔္ထားၿပီးသား။ ကိုယ္ပတ္သက္ခဲ့တဲ့ ေယာက်ာ္းေတြက ကိုယ့္အေပၚ လိမ္ညာယုတ္မာသြားခဲ့တာ။ အဲဒါကို မခံခ်င္စိတ္နဲ႔ သြားခဲ့တာ” လို႔ ေျပာပါတယ္။ အတိတ္က ပတ္သက္ခဲ့တဲ့ အမ်ိဳးသားေတြ ကိုလည္း ယုံၾကည္မႈတခုနဲ႔သာ ပတ္သက္ခဲ့တာျဖစ္ၿပီး အြန္လိုင္းေပးမွာ ေျပာေနၾကသလို ေငြေရးေၾကးေရး ကိစၥမ်ား မရွိခဲ့ဘူးလို႔ ဆိုပါတယ္။“ေယာက်ာ္းေတြ နဲ႔ ပတ္သက္ခဲ့တာသည္ ယုံၾကည္မႈနဲ႔ပဲ ပတ္သက္ခဲ့တာ။ အဲ့ေတာ့ ဘယ္ေယာက်ာ္း ဆီကမွ ေလ်ာ္ေၾကး မေတာ္မတရား မေတာင္းခဲ့ဘူးသလို ဟလည္း မဟခဲ့ဘူး” လို႔ သင္းသင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့႐ုံးခ်ိန္း တခုမွာေတာ့ ေဝဠဳေက်ာ္ဘက္မွ သင္းသင္း အား တရား႐ုံးမွာ လိမ္ညာ ထြက္ဆို တင္ျပခဲ့တယ္ဆိုၿပီး တင္ျပခဲ့ေပမယ့္ တရား႐ုံးမွ ပယ္ဖ်က္ခဲ့တယ္ လို႔ သိရပါတယ္။“လိမ္ညာထြက္ဆိုတယ္ ဆိုတာကလည္း က်မဘက္က အမႈမွန္ေပၚေပါက္လို႔ ၿပီးခဲ့တဲ့႐ုံးခ်ိန္းက အဲ့အမႈကို တရား႐ုံးက ပယ္ဖ်က္ခဲ့ပါတယ္။ သိန္း ၃၀ မယူခဲ့တဲ့ ကိစၥလည္း ေပၚလြင္ခဲ့လို႔ တရား႐ုံးက ဖ်က္ေပးခဲ့ပါတယ္” လို႔ သင္းသင္းက ေျပာပါတယ္။လက္ရွိမွာေတာ့ စြပ္စြဲခံရသူ ေဝဠဳေက်ာ္ဘက္ကို စစ္ေဆးေနၿပီျဖစ္ၿပီး တရားလို သင္းသင္းကိုေတာ့ စစ္ေဆးၿပီး ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ကေတာ့ “အမႈက အခ်ိန္တန္ရင္ ၿပီးသြားမွာပါ” လို႔ မီဒီယာ မ်ားကို တရား႐ုံး အထြက္မွာ ျပန္လည္ ေျဖၾကားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္အား တရားလိုျဖစ္သူ သင္းသင္းမွ ကာမလိမ္လည္မႈျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ တရား႐ုံးမွာ စတင္ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ေဝဠဳေက်ာ္အေနနဲ႔ ေငြက်ပ္ သိန္း ၅၀ နဲ႔ အာမခံ ရယူကာ အမႈ ရင္ဆိုင္ေနတာ ျဖစ္ပါတယ္။

Credit burma.irrawaddy

“ဝေဠုကျော် က ကျမ ဘဝ ကို လက် ခံ ခဲ့လို့ ရှေ့ ဆက် ခဲ့ တာ” လို့ သင်း သင်း ပြော

သရုပ်ဆောင် ဝေဠုကျော် ကို ကာမလိမ် လည်မှုဖြင့် တရား စွဲဆိုထား တဲ့ အလှမယ် သင်းသင်း ကတော့ ဝေဠုကျော် နဲ့ ပတ်သက်ခဲ့တာဟာ သူမရဲ့ ဘဝကို လက်ခံခဲ့တာ ကြောင့် ရှေ့ဆက်ခဲ့ တာလို့ ပြောပါတယ်။“ကျမဟာ ဝေဠုကျော်နဲ့စပြီး ပတ်သက်ကတည်းက ကျမရဲ့အတိတ်အကြောင်း၊ ဘဝအကြောင်း၊ ဖြတ်သန်း လာတဲ့ ဘဝအကြောင်း၊ ဖြတ်သန်း လာတာ အကုန်မှန် သမျှကို ဝေဠုကျော်ကို အကုန်လုံးပြောပြထားခဲ့ပြီးမှ ကျမတို့ နှစ်ယောက်ဟာ ရှေ့ဆက်ခဲ့တာ။ ကျမ ဘဝကို လက်ခံခဲ့လို့ ရှေ့ဆက်ခဲ့တာ”“ကျမသည် ဘယ်တော့မှ လိမ်ညာ ခဲ့တဲ့ အမျိုသမီး မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပဲ။ လိုင်းပေါ်မှာက ဟုတ်တာ တွေရော၊ မဟုတ်တာတွေရော ထိုးနှက်ချက် တွေ အများကြီး ပေးထားတယ်။ အဲ့အပေါ်မှာ ကျမဘာလို့ မဖြေရှင်းတာလဲဆိုတော့ ကျမ မဟုတ်ဘူး။ မဟုတ်တဲ့ အတွက် မဖြေရှင်းဘူး။ ဘာဖြစ်လို့လဲ ကျမ လိပ်ပြာသန့်ပြီးသားလေ” လို့ သင်းသင်းက ပြောပါတယ်။လတ်တလောမှာလည်း သင်းသင်းရဲ့အတိတ်က ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်များအတွက်လည်း လိပ်ပြာလုံတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ဝေဠုကျော်နဲ့ စပြီး မပတ်သက်ခင် ကတည်းက မိန်းမတယောက် အနေနဲ့ ဖြတ်သန်း လာတဲ့အပေါ်မှာ ဘယ်လို ယုတ်မာ တဲ့ ယောကျာ်းတွေနဲ့ တွေ့ခဲ့ရလဲ ဆိုတာ ဝေဠုကျော် ကို ဖွင့် ပြောခဲ့ပြီးသား။ အခု သူတို့ ဘက်က မေးနေတဲ့ မေးခွန်းတွေ အကုန်လုံးသည် ကျမဟာ ဝေဠုကျော်ကို အစအဆုံး ပြောပြထားပြီးမှ ကျမတို့ နှစ်ယောက် ရှေ့ဆက် ခဲ့တာ။ အခု သူတို့မေး ကျမအမှန်အတိုင်း ဖြေခဲ့တာပဲ။ သူ့ကိုလည်း အမှန်အတိုင်း ပြောခဲ့ပြီးသား” လို့ သင်းသင်းက ပြောပါတယ်။ဆက်လက်ပြီး “တခုပြော ချင်တာ ဘယ်တုန်းကမှ သူများမယားငယ် အဖြစ်မခံခဲ့ဘူး။ မိန်းမတယောက်လေ။ ယောကျာ်းတွေကို ယုံကြည်မှုတခုနဲ့ ပတ်သက်ခဲ့တာ။ ဒါပေမဲ့ ယောကျာ်းတွေ အကုန်လုံးက တယောက် တမျိုးစီ ကလိမ် ကကျစ်ကျ၊ ယုတ်မာပြီးတော့ ကျမအပေါ်ကို လိမ်ခဲ့တာပဲ ရှိတယ်။ ယောကျ်ားတိုင်းက ကိုယ့်ကို လိမ်ညာ ယုတ်မာသွားတာပဲ ရှိတာ”

“ကျမဘက်က လိမ်ညာ ယုတ်မာခဲ့တာ တခုမှ မရှိဘူး။ ဘယ်ယောကျ်ား ဆီက မှလည်း မတော်မတရားလျော်ကြေးယူထားတဲ့ ရာဇဝင်လည်း မရှိဘူး။ အဲ့အတွက် ကျမလိပ်ပြာ ကျမ သန့်ထားပြီးသား။ ကိုယ်ပတ်သက်ခဲ့တဲ့ ယောကျာ်းတွေက ကိုယ့်အပေါ် လိမ်ညာယုတ်မာသွားခဲ့တာ။ အဲဒါကို မခံချင်စိတ်နဲ့ သွားခဲ့တာ” လို့ ပြောပါတယ်။ အတိတ်က ပတ်သက်ခဲ့တဲ့ အမျိုးသားတွေ ကိုလည်း ယုံကြည်မှုတခုနဲ့သာ ပတ်သက်ခဲ့တာဖြစ်ပြီး အွန်လိုင်းပေးမှာ ပြောနေကြသလို ငွေရေးကြေးရေး ကိစ္စများ မရှိခဲ့ဘူးလို့ ဆိုပါတယ်။“ယောကျာ်းတွေ နဲ့ ပတ်သက်ခဲ့တာသည် ယုံကြည်မှုနဲ့ပဲ ပတ်သက်ခဲ့တာ။ အဲ့တော့ ဘယ်ယောကျာ်း ဆီကမှ လျော်ကြေး မတော်မတရား မတောင်းခဲ့ဘူးသလို ဟလည်း မဟခဲ့ဘူး” လို့ သင်းသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်း တခုမှာတော့ ဝေဠုကျော်ဘက်မှ သင်းသင်း အား တရားရုံးမှာ လိမ်ညာ ထွက်ဆို တင်ပြခဲ့တယ်ဆိုပြီး တင်ပြခဲ့ပေမယ့် တရားရုံးမှ ပယ်ဖျက်ခဲ့တယ် လို့ သိရပါတယ်။“လိမ်ညာထွက်ဆိုတယ် ဆိုတာကလည်း ကျမဘက်က အမှုမှန်ပေါ်ပေါက်လို့ ပြီးခဲ့တဲ့ရုံးချိန်းက အဲ့အမှုကို တရားရုံးက ပယ်ဖျက်ခဲ့ပါတယ်။ သိန်း ၃၀ မယူခဲ့တဲ့ ကိစ္စလည်း ပေါ်လွင်ခဲ့လို့ တရားရုံးက ဖျက်ပေးခဲ့ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။လက်ရှိမှာတော့ စွပ်စွဲခံရသူ ဝေဠုကျော်ဘက်ကို စစ်ဆေးနေပြီဖြစ်ပြီး တရားလို သင်းသင်းကိုတော့ စစ်ဆေးပြီး ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ “အမှုက အချိန်တန်ရင် ပြီးသွားမှာပါ” လို့ မီဒီယာ များကို တရားရုံး အထွက်မှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။ သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှု ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

Credit burma.irrawaddy