ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပမႈ ဖ်က္လို ဖ်က္ဆီး လုပ္သည္ ဆိုကာ ရန္ကုန္တိုင္း အစိုးရ ကို တရားစြဲ မည္

ကရင္ အာဇာနည္ေန႔ အခမ္းအနား က်င္းပမႈကို ဖ်က္လို ဖ်က္ဆီး လုပ္သည္ဟု ဆိုကာ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ကို တရားစြဲဆို သြားမည္ျဖစ္ေၾကာင္း ကရင္ အာဇာနည္ေန႔ ျဖစ္ေျမာက္ ေရးဦးေဆာင္ သည့္ ကရင္လူငယ္ မ်ားကေျပာသည္။ ဩဂုတ္ ၁၃ရက္က လွည္း တန္းရွိ Comreg office တြင္ ျပဳ လုပ္သည့္ ကရင္အာဇာနည္ေန႔ က်င္းပမႈေၾကာင့္ ဖမ္းဆီးခံရမႈ ကိစၥႏွင့္ ပတ္သက္သည့္သတင္း စာရွင္းလင္းပြဲတြင္ ကရင္လူငယ္ မ်ားက ေျပာဆိုျခင္းျဖစ္သည္။ ‘‘ကြၽန္ေတာ္တို႔ ကရင္လူမ်ိဳး ေတြရဲ႕ အမွတ္လကၡဏာ၊ဝိေသ သေတြကို ဖ်က္လိုဖ်က္ဆီးလုပ္တဲ့ အရာေတြက တရားစြဲလို႔ရပါ တယ္။ တရားစြဲဖို႔အတြက္ ဥပေဒ ပညာရွင္ေတြနဲ႔ တိုင္ပင္ေနပါ တယ္။ ဘယ္လိုပုံစံလုပ္မယ္ဆို တာမၾကာခင္ ထုတ္ျပန္ေပးသြား မွာပါ’’ဟု ကရင္အာဇာနည္ေန႔ ျဖစ္ေျမာက္ေရးအဖြဲ႕ဝင္ ေစာ ထြန္းထြန္းက ေျပာသည္။

အဆိုပါျဖစ္စဥ္ မ်ားသည္ အစိုးရၫႊန္ၾကား ခ်က္မ်ားသည္ ကရင္လူမ်ိဳးတို႔၏ အခြင့္အေရးကို ပိတ္ပင္ တားဆီးေနသည့္ ျဖစ္စဥ္ မ်ားေၾကာင့္ တရားစြဲဆိုရန္ စီစဥ္ ေဆာင္႐ြက္ရျခင္း ျဖစ္သည္ဟု ကရင္အမ်ိဳးသမီးအစည္းအ႐ုံး ဥကၠ႒ေနာ္အုံးလွ က ေျပာသည္။ ဩဂုတ္ ၁၂ ရက္က က် ေရာက္သည့္ ကရင္အာဇာနည္ ေန႔ကို ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလပန္းၿခံေရွ႕၌ ျပဳလုပ္ခဲ့ျခင္းကို အခ်ိန္ ေက်ာ္လြန္ လုပ္ေဆာင္ျခင္းႏွင့္ ခြင့္ျပဳခ်က္မေပးထားသည့္ ကိစၥ မ်ား လုပ္ေဆာင္ သည္ဟုဆိုကာ ေက်ာက္တံတားရဲစခန္းကအခမ္း အနားဦးေဆာင္ က်င္းပသူႏွစ္ဦး ကို ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး ၿငိမ္း စုစီပုဒ္မ ၂၀ ျဖင့္ အမႈဖြင့္ခံရၿပီး ခံဝန္ျဖင့္ျပန္လည္လႊတ္ေပးခဲ့သည္ ဟု သတင္းစာရွင္းလင္းပြဲတြင္ ကရင္လူငယ္မ်ားကေျပာသည္။

‘‘အခုအျဖစ္ အပ်က္က တ ကယ့္ရင္နာဖို႔ ေကာင္းသလို ဝမ္း နည္းဖို႔လည္း ေကာင္းပါတယ္။ ဒီဟာက ကြၽန္မတို႔ ကရင္တစ္ခု တည္းမဟုတ္ဘဲ တိုင္းရင္းသား အခြင့္အေရး တစ္ခုလုံးကို မေလး စား၊ မလိုက္နာ၊ တန္ဖိုးမထားတဲ့ အစိုးရအာဏာပိုင္ေတြျဖစ္ေန တယ္’’ ဟု ကရင္လူငယ္တစ္ဦးျဖစ္ သည္ ေနာ္စဲစဲကေျပာသည္။ လက္ရွိ က်င္းပျပဳလုပ္ခဲ့ သည့္ ကရင္အာဇာနည္ေန႔ က်င္း ပသည့္အခါတိုင္း ဖမ္းဆီးတရား စြဲမႈမ်ားရွိေနျခင္းကို ၿငိမ္ခံေတာ့ မည္မဟုတ္ဘဲ ျပန္လည္တရား စြဲဆိုမည္ျဖစ္ေၾကာင္း ေနာ္အုံးလွ ကေျပာသည္။

၂၀၁၉ ၾသဂုတ္ ၁၂ရက္က လည္း (၆၉)ႏွစ္ေျမာက္ ကရင္ အာဇာနည္ေန႔ အခမ္း အနား က်င္းပခဲ့ျခင္းေၾကာင့္ ဦးစီး ေဆာင္႐ြက္ခဲ့သည့္ ေနာ္အုံးလွ အပါအဝင္ ကရင္လူငယ္ႏွစ္ဦးကို ကရင္အာဇာနည္ဟူေသာ တား ျမစ္စာသားမ်ား အသုံးျပဳျခင္း ေၾကာင့္ ေက်ာက္တံတား တရား႐ုံး က ၿငိမ္းစုစီဥပေဒပုဒ္မ ၂၀အရ ေထာင္ဒဏ္ (၁၅)ရက္စီက်ခံေစ ရန္ ယင္းႏွစ္ေအာက္ တိုဘာ ၂ ရက္က အမိန႔္ခ်ခဲ့သည္။

ဆဲဗင္းေဒး

ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှု ဖျက်လို ဖျက်ဆီး လုပ်သည် ဆိုကာ ရန်ကုန်တိုင်း အစိုးရ ကို တရားစွဲ မည်

ကရင် အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုကို ဖျက်လို ဖျက်ဆီး လုပ်သည်ဟု ဆိုကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း ကရင် အာဇာနည်နေ့ ဖြစ်မြောက် ရေးဦးဆောင် သည့် ကရင်လူငယ် များကပြောသည်။ ဩဂုတ် ၁၃ရက်က လှည်း တန်းရှိ Comreg office တွင် ပြု လုပ်သည့် ကရင်အာဇာနည်နေ့ ကျင်းပမှုကြောင့် ဖမ်းဆီးခံရမှု ကိစ္စနှင့် ပတ်သက်သည့်သတင်း စာရှင်းလင်းပွဲတွင် ကရင်လူငယ် များက ပြောဆိုခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ ကရင်လူမျိုး တွေရဲ့ အမှတ်လက္ခဏာ၊ဝိသေ သတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ အရာတွေက တရားစွဲလို့ရပါ တယ်။ တရားစွဲဖို့အတွက် ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်နေပါ တယ်။ ဘယ်လိုပုံစံလုပ်မယ်ဆို တာမကြာခင် ထုတ်ပြန်ပေးသွား မှာပါ’’ဟု ကရင်အာဇာနည်နေ့ ဖြစ်မြောက်ရေးအဖွဲ့ဝင် စော ထွန်းထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ် များသည် အစိုးရညွှန်ကြား ချက်များသည် ကရင်လူမျိုးတို့၏ အခွင့်အရေးကို ပိတ်ပင် တားဆီးနေသည့် ဖြစ်စဉ် များကြောင့် တရားစွဲဆိုရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌနော်အုံးလှ က ပြောသည်။ ဩဂုတ် ၁၂ ရက်က ကျ ရောက်သည့် ကရင်အာဇာနည် နေ့ကို ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့ခြင်းကို အချိန် ကျော်လွန် လုပ်ဆောင်ခြင်းနှင့် ခွင့်ပြုချက်မပေးထားသည့် ကိစ္စ များ လုပ်ဆောင် သည်ဟုဆိုကာ ကျောက်တံတားရဲစခန်းကအခမ်း အနားဦးဆောင် ကျင်းပသူနှစ်ဦး ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ငြိမ်း စုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံရပြီး ခံဝန်ဖြင့်ပြန်လည်လွှတ်ပေးခဲ့သည် ဟု သတင်းစာရှင်းလင်းပွဲတွင် ကရင်လူငယ်များကပြောသည်။

‘‘အခုအဖြစ် အပျက်က တ ကယ့်ရင်နာဖို့ ကောင်းသလို ဝမ်း နည်းဖို့လည်း ကောင်းပါတယ်။ ဒီဟာက ကျွန်မတို့ ကရင်တစ်ခု တည်းမဟုတ်ဘဲ တိုင်းရင်းသား အခွင့်အရေး တစ်ခုလုံးကို မလေး စား၊ မလိုက်နာ၊ တန်ဖိုးမထားတဲ့ အစိုးရအာဏာပိုင်တွေဖြစ်နေ တယ်’’ ဟု ကရင်လူငယ်တစ်ဦးဖြစ် သည် နော်စဲစဲကပြောသည်။ လက်ရှိ ကျင်းပပြုလုပ်ခဲ့ သည့် ကရင်အာဇာနည်နေ့ ကျင်း ပသည့်အခါတိုင်း ဖမ်းဆီးတရား စွဲမှုများရှိနေခြင်းကို ငြိမ်ခံတော့ မည်မဟုတ်ဘဲ ပြန်လည်တရား စွဲဆိုမည်ဖြစ်ကြောင်း နော်အုံးလှ ကပြောသည်။

၂၀၁၉ သြဂုတ် ၁၂ရက်က လည်း (၆၉)နှစ်မြောက် ကရင် အာဇာနည်နေ့ အခမ်း အနား ကျင်းပခဲ့ခြင်းကြောင့် ဦးစီး ဆောင်ရွက်ခဲ့သည့် နော်အုံးလှ အပါအဝင် ကရင်လူငယ်နှစ်ဦးကို ကရင်အာဇာနည်ဟူသော တား မြစ်စာသားများ အသုံးပြုခြင်း ကြောင့် ကျောက်တံတား တရားရုံး က ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝအရ ထောင်ဒဏ် (၁၅)ရက်စီကျခံစေ ရန် ယင်းနှစ်အောက် တိုဘာ ၂ ရက်က အမိန့်ချခဲ့သည်။

ဆဲဗင်းဒေး