




အ ချစ်ရေး နဲ့ ပတ်သတ်ပြီး နောင်တကင်း တယ်လို့ ဆို လာ တဲ့ နန်းဆုရတီစိုး

မင်း သမီးချောလေးနန်ူးဆုရတီစိုးကတော့ လက်ရှိ မှာတော့ သရုပ်ဆောင် ပိုင်းသာမက ဂီတပိုင်းမှာလည်း ထိုးဖောက်နိုင်အောင်ကြိုးစားနေသူပါ တေးရေးဝေကြီး ရေးပေးထားတဲ့ သူမရဲ့ ” မြန်မာပြည်ကြီးထဲမှာ” သီချင်းကလည်း ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်ရစ်စေတဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ်။ မကြာသေးမီကလည်းသီချင်းအသစ်လေးကို ပရိသတ်တွေကို မိတ်ဆက်ပေးထား ပါသေးတယ်။

နန်းဆုက အားလုံးသိတဲ့ အတိုင်း အဆိုတော် G-fatt နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ နှစ်ယောက်သား အချိန်တော်တော်များကို အတူတူဖြတ်သန်းပြီးမှ ရုတ်တရက် လမ်းခွဲ ပြတ်ဆဲခဲ့တာပါ။ ယခုအချိန့ထိပြန်လည်ပေါင်းဆည်းစေချင်တဲ့ ပရိသတ်တွေရှိကြသေးပေမာ့်ဘသူတို့နှစ်ယောက်ကတော့ အရာအားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်သွားနေကြတာဖြစ်ပါတယ်။ နန်းဆုကတော့ သူမရဲ့အချစ်ရေး နဲ့ပတ်သတ်ပြီးပြောပြလာပါတယ်။

“အချစ်ရေး နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေရပါတယ်။ အတွေ့ အကြုံတွေ သင်ခန်းစာ ယူပြီး အချစ်ရေး ကို ရှေ့ဆက် သွားမယ် နောက်ကြောင်း ပြန်မလှည့်ပါဘူး။မင်္ဂလာ သတင်းတွေ ရှိလာရင် ပရိသတ်ကို ပြောမှာပါ” လို့ ပြောလာပါတယ်။ နန်းဆုကတော့ အခုချိန်ထိတော့ ပရိတ်သတ်တွေကို အချိန်ပေးပြီး အချစ်သစ် ကိုမရှာဘဲအေးအေး ဆေးဆေးနေလျက် ရှိပါတယ်။

Source-Myanmar Celebrity