“ဂုဏ္ ထူး (၆) ဘာသာ ထြက္ တဲ့ သူေတြ နဲ႔ပဲ ေလာကႀကီး ကို တည္ေဆာက္ ထားတာ လား?

ကၽြန္မငယ္ငယ္ က စာမေတာ္ ဘူး 1 to 10 မေျပာနဲ႔ 1 to 20 ေတာင္ မဝင္ခဲ့ဘူး ကၽြန္မလည္း ကိုယ့္စြမ္းအား ရွိသေလာက္ ႀကိဳးစားက်က္တာပဲ.. နားလည္တာေတြရွိသလို နားမလည္တာ ေတြလည္းရွိတယ္…

ဒီေတာ့ အလြတ္က်က္ ဒါေမး ဒါေျဖ ကာလက စာေမးပြဲေတြမွာ အလြတ္မက်က္ နိုင္တဲ့ကၽြန္မ အဆင့္ေတြ လည္း မေကာင္းခဲ့ဘူး… စာေတာ္တဲ့အထဲမပါေတာ့ အတန္းထဲမွာကၽြန္မ မ်က္ႏွာလည္းမရခဲ့ပါဘူး.. ဆရာမနားေနခန္းမွာ စာေတြသြားသြားေမးၿပီး အခ်ိန္ရွိသေရြ႕စာလုပ္ေနတဲ့ မိန္းကေလးေတြကလည္း ကၽြန္မကိုမေပါင္းၾကဘူး..

အရမ္းမခ်မ္းသာေတာ့ ဆရာေတြ ဆရာမေတြကို အိမ္မွာဝိုင္းေခၚၿပီးလည္းမသင္နိုင္ခဲ့ေတာ့ အတန္းထဲမွာကၽြန္မနာမည္ဟာ အတန္းတက္လို႔နာမည္ေခၚရင္ထူးဖို႔တစ္ခုပဲ အသုံးဝင္ခဲ့တယ္.. အတူထိုင္တဲ့သူငယ္ခ်င္း သုံးေလးေယာက္ေလာက္ကလြဲရင္ ကၽြန္မ ရွိမွန္းေတာင္မသိၾကဘူး..

အရင္ကေတာ့ ကၽြန္မစိတ္ထဲ အဆင့္၁ ရသူေတြဟာ … သူတို႔အသက္ႀကီးလာရင္ ပညာတက္ႀကီး ေတြျဖစ္လာလိမ့္မယ္ ေငြေတြခ်မ္းသာၾကလိမ့္မယ္ သူတို႔ဘဝေတြအျမဲေအာင္ျမင္ၾကမယ္လို႔ ထင္ခဲ့မိတယ္… ဆရာဆရာမေတြကလည္း သူတို႔သည္သာ စံၿပ သူတို႔သည္သာ ဆရာဝန္ အင္ဂ်င္နီယာေတြျဖစ္ၾကလိမ့္မယ္ သူတို႔သည္သာ ခ်မ္းခ်မ္းသာသာေနရလိမ့္မယ္ ဆိုၿပီး အျမဲေျပာခဲ့ၾကတယ္…

ကၽြန္မတို႔က အဆင့္ မေကာင္းဘူး ပညာမေတာ္ဘူး ႀကီးလာရင္ ဆင္းရဲလိမ့္မယ္ ပင္ပန္းလိမ့္မယ္ ဆိုၿပီး စာေတြကိုပဲအလြတ္က်က္ခိုင္းၾကတယ္… အဲ့အတြက္ ကၽြန္မတို႔လို အမွတ္မေကာင္း အဆင့္မေကာင္းသူေတြဟာ ငါတို႔ႀကီးလာရင္ လူရာဝင္မွာမဟုတ္ဘူးဆိုၿပီး အေတြးရွိခဲ့ၾကဘူးတယ္…. အဆင့္မေကာင္းတဲ့ကၽြန္မဟာ ဘယ္ဆရာမရဲ့ မ်က္ႏွာသာေပးျခင္းကိုမွ မခံရသလို ေငြေၾကးမခ်မ္းသာလို႔ ေက်ာင္းပြဲေတာ္ေတြရဲ့ဘယ္ေနရာမွာမွ လူရာမဝင္ခဲ့ဘူး…

ဒီအေၾကာင္းေတြကိုကၽြန္မအေမကို ျပန္ေျပာတိုင္း အေမကစကားတစ္ခြန္းအျမဲေျပာတယ္ “အဆင့္မေကာင္း ေပမယ့္ လူေကာင္းျဖစ္ေအာင္ႀကိဳးစားေပါ့သမီးရဲ့”တဲ့ “ငါ့သမီးက စာညံ့ေပမယ့္ ႀကီးလာရင္ လူရာဝင္မွာပါ”တဲ့…..

ခုျပန္ေတြး ၾကည့္ေတာ့လည္း အေမေျပာတာ ေလးေတြမမွားခဲ့ဘူးဆိုတာ ကၽြန္မသိလာတယ္ ခုခ်ိန္မွာ ငယ္ငယ္က အဆင့္၁ ဆိုတဲ့သူတိုင္းလည္း မခ်မ္းသာၾကသလို… အမွတ္ေကာင္းခဲ့တဲ့သူတိုင္းလည္း ဆရာဝန္မျဖစ္ခဲ့ၾကပါဘူး ဆရာမေတြရဲ့မ်က္ႏွာသာေပးတာခံခဲ့ရတဲ့ သူတခ်ိဳ႕လည္း ေလာကဓံရဲ့မ်က္ႏွာသာေပးျခင္းကိုမခံရဘဲ အဆင္မေျပေနၾကတဲ့သူေတြလည္း ကၽြန္မေတြ႕ေနရတယ္

၉တန္းေတာင္မေအာင္တဲ့ သူေတြက သိန္းကိုေသာင္းနဲ႔ခ်ီခ်မ္းသာေနၾကၿပီး… ႏွစ္စဥ္ပထမရခဲ့တဲ့သူတခ်ိဳ႕ကေတာ့ ရာထူးတစ္ခု ခုံတစ္လုံး ေဘာပင္တစ္ေခ်ာင္းနဲ႔ အသက္ေတြႀကီးသြားတာက်မျမင္ေနရတယ္ ဆယ္တန္းကိုရိုးရိုးသာေအာင္ခဲ့တဲ့သူေတြက ကားထည္လဲစီးေနၾကၿပီး ဂုဏ္ထူးေတြနဲ႔ေအာင္တဲ့သူေတြက Bus ကားစီးေနရတုန္းပဲ… စာေတာ္ခဲ့ၿပီး ခုလည္းအဆင္ေျပေနၾကသူေတြရွိသလို စာညံ့တဲ့သူေတြ ခုလည္းဆင္းရဲေနတုန္းပဲဆိုတာလည္း ကၽြန္မေတြ႕ေနရတယ္ ဆိုေတာ့…

ကၽြန္မငယ္ငယ္က စာမရလို ႔စိတ္ဓာတ္က်ၿပီး ငိုခဲ့တာေတြ.. အဆင့္၁ရတဲ့သူေတြရဲ့ကၽြန္မတို႔ကို ႏွိမ္ခ်ဆက္ဆံတာေတြ… ကၽြန္မတို႔ဘဝရဲ့အဆုံးအျဖတ္ဟာ Report card ေပၚကအဆင့္သာလၽွင္ျဖစ္တယ္လို႔ ကၽြန္မထင္ေနခဲ့တာေတြ…
အားလုံးဟာ ဟာသေတြျဖစ္ကုန္တယ္ ကံၾကမၼာရဲ့အဆုံးအျဖတ္ဟာ အဆင့္သက္မွတ္ခ်က္ေတြထက္ ပိုအေရးႀကီးတယ္ဆိုတာသိလာတဲ့အခါ..
ဘဝေပးအေျခအေနနဲ႔ မိဘရဲ့ေထာက္ပံ့ေပးနိုင္မႈေတြဟာ အတန္းထဲမွာ ပထမရတာထက္ ပိုအေရးႀကီးတယ္ဆိုတာ…

ပညာေရးမွာ မထူးခၽြန္ေပမယ့္ လူတိုင္းဟာ တျခားတစ္ခုခုမွာ ထူးခၽြန္နိုင္တယ္ ဆိုတာ… ဘဝမွာ ကိုယ္ယုံၾကည္ရာကိုသာ ေသခ်ာႀကိဳးစားရင္ အဆင့္၁မရလည္းကိစၥမရွိဘူးဆိုတာ သိလာတဲ့အခ်ိန္မွာ… ကၽြန္မ သားသမီးေတြကို အတန္းထဲမွာ ပထမရဖို႔ အသည္းအသန္ႀကိဳးစားၿပီး အပူေလာင္ေနတဲ့မိဘေတြထဲ က်မ မပါေတာ့ဘူး…

ကၽြန္မ အေမလိုပဲ ကၽြန္မ သားသမီး ေတြကို စကားတခြန္းပဲကၽြန္မအျမဲေျပာတယ္ “အဆင့္ ၁ ရဖို႔ထက္ လူေကာင္းျဖစ္ေအာင္ ႀကိဳးစားပါ အဆင့္ ၁ ရဖို႔ထက္ လူရာဝင္ေအာင္ လူဝင္ဆံ့ေအာင္ပိုႀကိဳးစားပါ အတန္းထဲမွာ မ်က္ႏွာရဖို႔ထက္ ျပင္ပေလာကမွာ ေအာင္ျမင္စြာရပ္တည္ဖို႔ အျမဲႀကိဳးစားပါ”

“ဂုဏ် ထူး (၆) ဘာသာ ထွက် တဲ့ သူတွေ နဲ့ပဲ လောကကြီး ကို တည်ဆောက် ထားတာ လား?

ကျွန်မငယ်ငယ် က စာမတော် ဘူး 1 to 10 မပြောနဲ့ 1 to 20 တောင် မဝင်ခဲ့ဘူး ကျွန်မလည်း ကိုယ့်စွမ်းအား ရှိသလောက် ကြိုးစားကျက်တာပဲ.. နားလည်တာတွေရှိသလို နားမလည်တာ တွေလည်းရှိတယ်…

ဒီတော့ အလွတ်ကျက် ဒါမေး ဒါဖြေ ကာလက စာမေးပွဲတွေမှာ အလွတ်မကျက် နိုင်တဲ့ကျွန်မ အဆင့်တွေ လည်း မကောင်းခဲ့ဘူး… စာတော်တဲ့အထဲမပါတော့ အတန်းထဲမှာကျွန်မ မျက်နှာလည်းမရခဲ့ပါဘူး.. ဆရာမနားနေခန်းမှာ စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့ မိန်းကလေးတွေကလည်း ကျွန်မကိုမပေါင်းကြဘူး..

အရမ်းမချမ်းသာတော့ ဆရာတွေ ဆရာမတွေကို အိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့ အတန်းထဲမှာကျွန်မနာမည်ဟာ အတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲ အသုံးဝင်ခဲ့တယ်.. အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင် ကျွန်မ ရှိမှန်းတောင်မသိကြဘူး..

အရင်ကတော့ ကျွန်မစိတ်ထဲ အဆင့်၁ ရသူတွေဟာ … သူတို့အသက်ကြီးလာရင် ပညာတက်ကြီး တွေဖြစ်လာလိမ့်မယ် ငွေတွေချမ်းသာကြလိမ့်မယ် သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့ ထင်ခဲ့မိတယ်… ဆရာဆရာမတွေကလည်း သူတို့သည်သာ စံပြ သူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ် သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီး အမြဲပြောခဲ့ကြတယ်…

ကျွန်မတို့က အဆင့် မကောင်းဘူး ပညာမတော်ဘူး ကြီးလာရင် ဆင်းရဲလိမ့်မယ် ပင်ပန်းလိမ့်မယ် ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်… အဲ့အတွက် ကျွန်မတို့လို အမှတ်မကောင်း အဆင့်မကောင်းသူတွေဟာ ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီး အတွေးရှိခဲ့ကြဘူးတယ်…. အဆင့်မကောင်းတဲ့ကျွန်မဟာ ဘယ်ဆရာမရဲ့ မျက်နှာသာပေးခြင်းကိုမှ မခံရသလို ငွေကြေးမချမ်းသာလို့ ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှ လူရာမဝင်ခဲ့ဘူး…

ဒီအကြောင်းတွေကိုကျွန်မအမေကို ပြန်ပြောတိုင်း အမေကစကားတစ်ခွန်းအမြဲပြောတယ် “အဆင့်မကောင်း ပေမယ့် လူကောင်းဖြစ်အောင်ကြိုးစားပေါ့သမီးရဲ့”တဲ့ “ငါ့သမီးက စာညံ့ပေမယ့် ကြီးလာရင် လူရာဝင်မှာပါ”တဲ့…..

ခုပြန်တွေး ကြည့်တော့လည်း အမေပြောတာ လေးတွေမမှားခဲ့ဘူးဆိုတာ ကျွန်မသိလာတယ် ခုချိန်မှာ ငယ်ငယ်က အဆင့်၁ ဆိုတဲ့သူတိုင်းလည်း မချမ်းသာကြသလို… အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း ဆရာဝန်မဖြစ်ခဲ့ကြပါဘူး ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့ သူတချို့လည်း လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်း ကျွန်မတွေ့နေရတယ်

၉တန်းတောင်မအောင်တဲ့ သူတွေက သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး… နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့ ရာထူးတစ်ခု ခုံတစ်လုံး ဘောပင်တစ်ချောင်းနဲ့ အသက်တွေကြီးသွားတာကျမမြင်နေရတယ် ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက ကားထည်လဲစီးနေကြပြီး ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက Bus ကားစီးနေရတုန်းပဲ… စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလို စာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်း ကျွန်မတွေ့နေရတယ် ဆိုတော့…

ကျွန်မငယ်ငယ်က စာမရလို ့စိတ်ဓာတ်ကျပြီး ငိုခဲ့တာတွေ.. အဆင့်၁ရတဲ့သူတွေရဲ့ကျွန်မတို့ကို နှိမ်ချဆက်ဆံတာတွေ… ကျွန်မတို့ဘဝရဲ့အဆုံးအဖြတ်ဟာ Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့ ကျွန်မထင်နေခဲ့တာတွေ…
အားလုံးဟာ ဟာသတွေဖြစ်ကုန်တယ် ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ အဆင့်သက်မှတ်ချက်တွေထက် ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..
ဘဝပေးအခြေအနေနဲ့ မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ အတန်းထဲမှာ ပထမရတာထက် ပိုအရေးကြီးတယ်ဆိုတာ…

ပညာရေးမှာ မထူးချွန်ပေမယ့် လူတိုင်းဟာ တခြားတစ်ခုခုမှာ ထူးချွန်နိုင်တယ် ဆိုတာ… ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာ သေချာကြိုးစားရင် အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ သိလာတဲ့အချိန်မှာ… ကျွန်မ သားသမီးတွေကို အတန်းထဲမှာ ပထမရဖို့ အသည်းအသန်ကြိုးစားပြီး အပူလောင်နေတဲ့မိဘတွေထဲ ကျမ မပါတော့ဘူး…

ကျွန်မ အမေလိုပဲ ကျွန်မ သားသမီး တွေကို စကားတခွန်းပဲကျွန်မအမြဲပြောတယ် “အဆင့် ၁ ရဖို့ထက် လူကောင်းဖြစ်အောင် ကြိုးစားပါ အဆင့် ၁ ရဖို့ထက် လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ အတန်းထဲမှာ မျက်နှာရဖို့ထက် ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့ အမြဲကြိုးစားပါ”