



Credit WE Media
Ref – The Nation

ကိုဗစ် ကြောင့် ရွေ့ဆိုင်းခဲ့ရသော ထိုင်း သင်္ကြန် ကို စက်တင်ဘာလ တွင် ပြန်လည် ကျင်းပ မည်

ကိုဗစ်ကူးစက် မှုကြောင့် ရွေ့ဆိုင်းခဲ့ရတဲ့ ထိုင်းသင်္ကြန်ပွဲတော် ကို လာမယ့် စက်တင်ဘာ လမှာ ပြန်လည် ကျင်းပမယ်လို့ ထိုင်းအစိုးရ ကြေညာလိုက်ပါတယ်။ ယနေ့ပြုလုပ်ခဲ့တဲ့ ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းသင်္ကြန်ကို

လာမယ့် စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အတွင်း ပြန်လည်ကျင်းပမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဝီဆာနုက ပြောကြားခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ထိုင်းအားလပ်ရက် မရှိတာကြောင့် ယခုကဲ့သို့ ပြောင်းရွေ့ကျင်းပခြင်း ဖြစ်တယ် လို့ ထိုင်းအစိုးရကပြောပါတယ်။

ယခင်က ထိုင်းသင်္ကြန်ကို ဇူလိုင်လ ၂၇ ရက်မှာကျင်းပဖို့ စီစဉ်ထား ပေမယ့် ကူးစက်မှုတွေ ရှိနေသေးလို့ ထပ်မံရွေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

Credit WE Media
Ref – The Nation