အိမ္ေျခရာမဲ့ဘဝကေန အခုလို ေရႊေရာင္လႊမ္းေနတဲ့ အိမ္ႀကီးကို ပိုင္ဆိုင္ နို င္တဲ့ အထိ ဘယ္ေလာက္ ထိ ႀကိဳးစားခဲ့ ရလည္း ဆိုတဲ့ အေၾကာင္းေျပာျပ လာခဲ့ တဲ့ ေဇရဲထက္

ပရိတ္ သတ္ႀကီးေရ မင္းသားေခ်ာ ေဇရဲထက္ ကေတာ့ ႐ုပ္ရွင္ဇာတ္ကား မ်ား ဗီဒီယို ဇာတ္ကားေပါင္း မ်ားစြာကို ရိုက္ကူးထားၿပီး လက္ရွိမွာေတာ့ အႏုပညာ အလုပ္ေတြကို ခဏရပ္ နားထားတာပဲ ျဖစ္ပါတယ္။ အားလုံးသိၿပီးျဖစ္တဲ့ အတိုင္း မင္းသားေခ်ာ ေဇရဲထက္ကေတာ့ကိုယ့္ အားကိုယ္ကိုးၿပီး ေအာက္ေျခကေန အခုလို မင္းသားဘဝေရာက္တဲ့ အထိ ႀကိဳးစားခဲ့ရတာ ျဖစ္ပါတယ္။ ေဇရဲထက္ ကေတာ့ လက္ထဲမွာ ပိုက္ဆံ ၂၀၀ ပဲရွိရာကေန အခုလို ေအာင္ျမင္တဲ့ အထိ ႐ုန္းကန္ခဲ့ ရပုံကို ေျပာျပခဲ့ပါတယ္။

ေဇရဲထက္ ေျပာခဲ့တာ ကေတာ့ ”ကၽြန္ေတာ္ အရင္ထဲက ပိုက္ဆံမရွိတဲ့ ဒဏ္ကို ခံခဲ့ရဖူးတယ္။ မနက္ျဖန္ဆိုရင္ ပိုက္ဆံ ၂၀၀ နဲ႔ ဘယ္လို ရပ္တည္မလဲ..အဲ့ဒါမ်ိဳး ေတြလည္း ၾကဳံခဲ့ဖူးတယ္။ ရန္ကုန္မွာဆို ပိုခက္ခဲတယ္။ သ႐ုပ္ေဆာင္ စျဖစ္ခါစကဆို ေခါက္ဆြဲေျခာက္တစ္ထုပ္နဲ႔ ကန္စြန္းရြက္လည္း တစ္စည္းနဲ႔ပဲ စားစရာ ရွိေတာ့တယ္။ ဒါမ်ိဳးေတြလည္း ျဖတ္သန္းခဲ့ဖူးတယ္။နယ္မွာဆိုလည္း အဲ့လိုပဲ မနက္ခင္းဆိုလည္း ထမင္းေၾကာ္ေလးပဲ စားဖို႔ ပိုက္ဆံ ၁၅၀ ေလာက္ကိုပဲ မနည္းခ်န္ခဲ့ရတာေတြလည္း ရွိတယ္။

အဲ့ေတာ့ ပိုက္ဆံရဲ့ တန္ဖိုးကို သိလာတယ္။အဲ့လို ႀကိဳးစား႐ုန္းကန္ခဲ့ရတာေတြ ရွိတယ္။ ပိုက္ဆံေလးရဖို႔ကို အလုပ္မ်ိဳးစုံ လုပ္ခဲ့ရတာေတြ ရွိတယ္။ ပိုက္ဆံေတြ စုၾကပါ။ လူတိုင္း ဘရန္းဒက္ ကို ႀကိဳက္တယ္။ ပြဲတက္အတြက္ ခါးပတ္ဆိုရင္ ဘရန္းဒက္တံဆိပ္ကို တစ္ခုစီဝယ္ ထားလိုက္တယ္။သ႐ုပ္ေဆာင္ တစ္ေယာက္ အေနနဲ႔ ပြဲ တက္ အတြက္ မရွိမျဖစ္ေတာ့ ဝယ္ထားလိုက္တယ္။

ထြက္သမၽွေတာ့ လိုက္ဝယ္မ ေနေတာ့ဘူး။ကၽြန္ေတာ္ ဝယ္လိုက္တဲ့ ဘရန္းဒက္ ခါးပတ္တစ္ခုကို ၁၀ သိန္းေက်ာ္မယ္..ေရႊတစ္က်ပ္သားေလာက္ရွိတယ္။ ျပန္ေရာင္းရင္ ေရႊတစ္က်ပ္သားေလာက္ မရဘူး။ တစ္က်ပ္သား ဆိုတာက ေရႊေစ်းတက္ရင္ တက္သလို ျပန္ရမယ္။ အဓိကက ဘရန္းဒက္ေတြ ဝတ္ထားမွ လူအထင္ႀကီးမွာလည္း မဟုတ္သလို ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိမွာလည္း မဟုတ္ဘူး။ ကၽြန္ေတာ္ ေအာက္ေျခကေန အခုခ်ိန္ထိ တစ္ဆင့္ခ်င္းပဲ တက္လာခဲ့တယ္။

ခုခ်ိန္မွာ အလုပ္ မလုပ္လည္း ဘာမွမျဖစ္ဘူး။ငါ တစ္ခ်ိန္တုန္းက ဘယ္လိုေနခဲ့ရတာလဲ ဆိုၿပီး ျပန္ေတြးလိုက္တယ္။ လက္ထဲ ပိုက္ဆံ ၂၀၀ နဲ႔ ေျခသလုံးအိမ္တိုင္ ဘဝနဲ႔ပဲ ေနခဲ့ရတာေလ…အခု အိမ္ေတြ အမ်ားႀကီး ရွိတယ္။ ဘာလုပ္ မွာလည္း ေတာ္ၿပီေပါ့ ….အဓိကက ကိုယ့္စိတ္ ကို ထားတတ္ဖို႔ရယ္ ေနာက္တစ္ခု က ပိုက္ဆံကို ၁၀၀ ဝင္ရင္ ၁၀၀ လုံး မသုံးပါနဲ႔ လို႔ ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္ဆိုရင္ သုံးပုံပုံတယ္။ အလႈရယ္ ကိုယ္သုံး ဖို႔ရယ္ ေနာင္ေရး အတြက္ရယ္ ” ဆိုကာ သူျဖတ္သန္းလာတဲ့ ဘဝကို ေျပာျပရင္း လူငယ္ေတြ ကို အႀကံေပးစကားေျပာခဲ့တာ ျဖစ္ပါတယ္။

အိမ်ခြေရာမဲ့ဘဝကနေ အခုလို ရွှေရောင်လွှမ်းနေတဲ့ အိမ်ကြီးကို ပိုင်ဆိုင် နို င်တဲ့ အထိ ဘယ်လောက် ထိ ကြိုးစားခဲ့ ရလည်း ဆိုတဲ့ အကြောင်းပြောပြ လာခဲ့ တဲ့ ဇေရဲထက်

ပရိတ် သတ်ကြီးရေ မင်းသားချော ဇေရဲထက် ကတော့ ရုပ်ရှင်ဇာတ်ကား များ ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားပြီး လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို ခဏရပ် နားထားတာပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း မင်းသားချော ဇေရဲထက်ကတော့ကိုယ့် အားကိုယ်ကိုးပြီး အောက်ခြေကနေ အခုလို မင်းသားဘဝရောက်တဲ့ အထိ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ ဇေရဲထက် ကတော့ လက်ထဲမှာ ပိုက်ဆံ ၂၀၀ ပဲရှိရာကနေ အခုလို အောင်မြင်တဲ့ အထိ ရုန်းကန်ခဲ့ ရပုံကို ပြောပြခဲ့ပါတယ်။

ဇေရဲထက် ပြောခဲ့တာ ကတော့ ”ကျွန်တော် အရင်ထဲက ပိုက်ဆံမရှိတဲ့ ဒဏ်ကို ခံခဲ့ရဖူးတယ်။ မနက်ဖြန်ဆိုရင် ပိုက်ဆံ ၂၀၀ နဲ့ ဘယ်လို ရပ်တည်မလဲ..အဲ့ဒါမျိုး တွေလည်း ကြုံခဲ့ဖူးတယ်။ ရန်ကုန်မှာဆို ပိုခက်ခဲတယ်။ သရုပ်ဆောင် စဖြစ်ခါစကဆို ခေါက်ဆွဲခြောက်တစ်ထုပ်နဲ့ ကန်စွန်းရွက်လည်း တစ်စည်းနဲ့ပဲ စားစရာ ရှိတော့တယ်။ ဒါမျိုးတွေလည်း ဖြတ်သန်းခဲ့ဖူးတယ်။နယ်မှာဆိုလည်း အဲ့လိုပဲ မနက်ခင်းဆိုလည်း ထမင်းကြော်လေးပဲ စားဖို့ ပိုက်ဆံ ၁၅၀ လောက်ကိုပဲ မနည်းချန်ခဲ့ရတာတွေလည်း ရှိတယ်။

အဲ့တော့ ပိုက်ဆံရဲ့ တန်ဖိုးကို သိလာတယ်။အဲ့လို ကြိုးစားရုန်းကန်ခဲ့ရတာတွေ ရှိတယ်။ ပိုက်ဆံလေးရဖို့ကို အလုပ်မျိုးစုံ လုပ်ခဲ့ရတာတွေ ရှိတယ်။ ပိုက်ဆံတွေ စုကြပါ။ လူတိုင်း ဘရန်းဒက် ကို ကြိုက်တယ်။ ပွဲတက်အတွက် ခါးပတ်ဆိုရင် ဘရန်းဒက်တံဆိပ်ကို တစ်ခုစီဝယ် ထားလိုက်တယ်။သရုပ်ဆောင် တစ်ယောက် အနေနဲ့ ပွဲ တက် အတွက် မရှိမဖြစ်တော့ ဝယ်ထားလိုက်တယ်။

ထွက်သမျှတော့ လိုက်ဝယ်မ နေတော့ဘူး။ကျွန်တော် ဝယ်လိုက်တဲ့ ဘရန်းဒက် ခါးပတ်တစ်ခုကို ၁၀ သိန်းကျော်မယ်..ရွှေတစ်ကျပ်သားလောက်ရှိတယ်။ ပြန်ရောင်းရင် ရွှေတစ်ကျပ်သားလောက် မရဘူး။ တစ်ကျပ်သား ဆိုတာက ရွှေစျေးတက်ရင် တက်သလို ပြန်ရမယ်။ အဓိကက ဘရန်းဒက်တွေ ဝတ်ထားမှ လူအထင်ကြီးမှာလည်း မဟုတ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှာလည်း မဟုတ်ဘူး။ ကျွန်တော် အောက်ခြေကနေ အခုချိန်ထိ တစ်ဆင့်ချင်းပဲ တက်လာခဲ့တယ်။

ခုချိန်မှာ အလုပ် မလုပ်လည်း ဘာမှမဖြစ်ဘူး။ငါ တစ်ချိန်တုန်းက ဘယ်လိုနေခဲ့ရတာလဲ ဆိုပြီး ပြန်တွေးလိုက်တယ်။ လက်ထဲ ပိုက်ဆံ ၂၀၀ နဲ့ ခြေသလုံးအိမ်တိုင် ဘဝနဲ့ပဲ နေခဲ့ရတာလေ…အခု အိမ်တွေ အများကြီး ရှိတယ်။ ဘာလုပ် မှာလည်း တော်ပြီပေါ့ ….အဓိကက ကိုယ့်စိတ် ကို ထားတတ်ဖို့ရယ် နောက်တစ်ခု က ပိုက်ဆံကို ၁၀၀ ဝင်ရင် ၁၀၀ လုံး မသုံးပါနဲ့ လို့ ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင် သုံးပုံပုံတယ်။ အလှုရယ် ကိုယ်သုံး ဖို့ရယ် နောင်ရေး အတွက်ရယ် ” ဆိုကာ သူဖြတ်သန်းလာတဲ့ ဘဝကို ပြောပြရင်း လူငယ်တွေ ကို အကြံပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။