ည (၁၂) မွ မနက္ (၄) နာရီ အတြင္း အျပင္ ထြက္ လၽွင္ ပစ္ခြင့္ ရွိသည့္ ကာဖ်ဴး အမိန႔္ မႏၲေလး တြင္ မ႐ုတ္သိမ္း ေသး

ည (၁၂) မွ မနက္ (၄) နာရီအတြင္း အျပင္ ထြက္ လၽွင္ ပစ္ခြင့္ရွိသည့္ ကာဖ်ဴး အမိန႔္ မႏၲေလးတြင္ မ႐ုတ္သိမ္းေသး၊ ယင္းအခ်ိန္အတြင္း အျပင္ထြက္ သူမ်ားကို ေထာင္ (၁) လအျပစ္ ေပးၿပီး အေရးယူေန

မႏၲေလးၿမိဳ႕၌ ည(၁၂)နာရီ ေနာက္ပိုင္း ေနအိမ္ျပင္ပ ေနထိုင္သြား လာသူမ်ားကို ညမထြက္ရအမိန႔္ ေဖာက္ဖ်က္ က်ဴးလြန္မႈျဖင့္ ဖမ္းဆီးတရားစြဲ ေထာင္ခ်မႈမ်ား လုပ္ေဆာင္ေနၿပီး ၾသဂုတ္(၁၁)ရက္ႏွင့္ (၁၂)ရက္ညက လူ(၁၅)ဦးခန႔္ကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သတင္းရရွိပါတယ္။

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံ၊ မဟာ ေအာင္ေျမႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ညမထြက္ရ အမိန႔္ ေဖာက္ဖ်က္မႈျဖင့္ ၾသဂုတ္(၁၁)ရက္ႏွင့္ (၁၂)ရက္ညက ဖမ္းဆီး အေရးယူခဲ့မႈ လူ(၁၅)ဦးဝန္းက်င္ ရွိသည္ဟု သက္ ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာပါတယ္။

“မေန႔က သုံးဦး။ ဒီေန႔ ႏွစ္ဦး။ ည တစ္နာရီေက်ာ္ ေတြ႕လို႔ ဖမ္းဆီးၿပီး တရား႐ုံး က ေထာင္တစ္လဆီ ခ်လိုက္ပါၿပီ” ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

မႏၲေလးတိုင္း ေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္ မ်ားတြင္ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမႈ မျဖစ္ေပၚေစေရးႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားအား အေထာက္အကူ ျဖစ္ေစရန္ အတြက္ ေန႔စဥ္ ည(၁၂)နာရီမွ နံနက္(၄)နာရီအတြင္း ညမထြက္ရ ကာဖ်ဴး အမိန႔္မ်ား ထားရွိမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဧၿပီလဆန္း ကတည္းက တိုင္းအစိုးက အမိန ႔္ထုတ္ထားၿပီး ေလးလေ က်ာ္ၾကာ ယေန႔အခ်ိန္ထိ ယင္းအမိန႔္ ႐ုပ္သိမ္းျခင္း မရွိေသးဘဲ ဆက္လက္ထားရွီမည္ ျဖစ္ေၾကာင္းႏွင့္ မလိုက္နာသူမ်ားကို တည္ဆဲဥပေဒ အရ အေရးယူမည္ ျဖစ္ေၾကာင္း မႏၲေလးတိုင္း အစိုးရက ထုတ္ျပန္ထားပါတယ္။

အဆိုပါ အမိန႔္ထုတ္ ျပန္ၿပီးေနာက္ပိုင္း ကန႔္သတ္ခ်ိန္ အတြင္း ေနအိမ္ျပင္ပ ေနထိုင္သြားလာ သူမ်ားကို ညမထြက္ရအမိန႔္ ေဖာက္ဖ်က္ က်ဴးလြန္မႈျဖင့္ ဖမ္းဆီး တရားစြဲ ေထာင္ခ်မႈမ်ား ဆက္တိုက္ လုပ္ေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္ ဇူလိုင္(၂၂)ရက္က မႏၲေလးၿမိဳ႕ေန အမ်ိဳးသား (၇)ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ တစ္လစီ ခ်မွတ္ခဲ့သလို ဇြန္(၁၇)ရက္ ညပိုင္းကလည္း မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန႔္ ေဖာက္ဖ်က္မႈျဖင့္ လူ(၁၉)ဦးကို ဖမ္းဆီးတရားစြဲ ဆိုခဲ့ကာ အလုပ္မဲ့ ေထာင္ဒဏ္ တစ္လစီ ျပစ္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရး၊ ရဲတပ္ဖြဲ႕ႏွင့္ တရား႐ုံးမ်ားက ထုတ္ျပန္ထားပါတယ္။

ည (၁၂) မှ မနက် (၄) နာရီ အတွင်း အပြင် ထွက် လျှင် ပစ်ခွင့် ရှိသည့် ကာဖျူး အမိန့် မန္တလေး တွင် မရုတ်သိမ်း သေး

ည (၁၂) မှ မနက် (၄) နာရီအတွင်း အပြင် ထွက် လျှင် ပစ်ခွင့်ရှိသည့် ကာဖျူး အမိန့် မန္တလေးတွင် မရုတ်သိမ်းသေး၊ ယင်းအချိန်အတွင်း အပြင်ထွက် သူများကို ထောင် (၁) လအပြစ် ပေးပြီး အရေးယူနေ

မန္တလေးမြို့၌ ည(၁၂)နာရီ နောက်ပိုင်း နေအိမ်ပြင်ပ နေထိုင်သွား လာသူများကို ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်မှုဖြင့် ဖမ်းဆီးတရားစွဲ ထောင်ချမှုများ လုပ်ဆောင်နေပြီး သြဂုတ်(၁၁)ရက်နှင့် (၁၂)ရက်ညက လူ(၁၅)ဦးခန့်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာ အောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တွင် ညမထွက်ရ အမိန့် ဖောက်ဖျက်မှုဖြင့် သြဂုတ်(၁၁)ရက်နှင့် (၁၂)ရက်ညက ဖမ်းဆီး အရေးယူခဲ့မှု လူ(၁၅)ဦးဝန်းကျင် ရှိသည်ဟု သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောပါတယ်။

“မနေ့က သုံးဦး။ ဒီနေ့ နှစ်ဦး။ ည တစ်နာရီကျော် တွေ့လို့ ဖမ်းဆီးပြီး တရားရုံး က ထောင်တစ်လဆီ ချလိုက်ပါပြီ” ဟု ချမ်းအေးသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် များတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန် အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ ကာဖျူး အမိန့်များ ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလဆန်း ကတည်းက တိုင်းအစိုးက အမိန ့်ထုတ်ထားပြီး လေးလေ ကျာ်ကြာ ယနေ့အချိန်ထိ ယင်းအမိန့် ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ထားရှီမည် ဖြစ်ကြောင်းနှင့် မလိုက်နာသူများကို တည်ဆဲဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

အဆိုပါ အမိန့်ထုတ် ပြန်ပြီးနောက်ပိုင်း ကန့်သတ်ချိန် အတွင်း နေအိမ်ပြင်ပ နေထိုင်သွားလာ သူများကို ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်မှုဖြင့် ဖမ်းဆီး တရားစွဲ ထောင်ချမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်(၂၂)ရက်က မန္တလေးမြို့နေ အမျိုးသား (၇)ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သလို ဇွန်(၁၇)ရက် ညပိုင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်မှုဖြင့် လူ(၁၉)ဦးကို ဖမ်းဆီးတရားစွဲ ဆိုခဲ့ကာ အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် တရားရုံးများက ထုတ်ပြန်ထားပါတယ်။