မဟာ ဆန်ပြီး ထူးခြားလှပတဲ့ အဆင်းရူပါနဲ့ နူးညံလွန်းတဲ့ နှလုံးသားကိုပါ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး ကုသိုလ်ရေးအရမ်းလုပ်တဲ့ နန္ဒာလှိုင်ကတော့ လတ်တလောမှ ပရိသတ်တွေကို သတင်းကောင်းလေးတစ်ခုပါးလိုက်တာ တွေ့ရပါတယ်။ အဆိုပါသတင်းကတော့ သူမကို နိုင်ငံတော်က သီရိသုဓမ္မာသိင်္ဂီဘွဲ့ ချီးမြှင့်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရတဲ့ နန္ဒာလှိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန္ဒာလှိုင်ကတော့ “သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ။” ဆိုပြီး သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရလို့ ဝမ်းမြောက် ဂုဏ်ယူစွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သီရိသုဓမ္မာသီင်္ဂီဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ နန္ဒာလှိုင်ကို ဂုဏ်ပြုစကားလေးတွေ ဆိုသွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nandar Hlaing’s Facebook