








သမီး မစန္ဒာဝင်း


@Dawna Aungtoe

@Thetdwe Aung

အမေစု ရဲ့ ကူညီမှုကြောင့် သမီးလေး အသက် ကို ကယ်တင် ပေးနိုင် ခဲ့သည့် ကောက ရိတ် က ဖအေ တစ်ယောက် ရဲ့ ကျေးဇူးတင် လွှာ

ကြည်နူး ပီတိဖြစ်ရပါသည်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့၊(၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံပြည်သူ လူထုတွေ့ဆုံပွဲ၌ ကျွန်တော် ဦးမောင်ဝင်းမှ

ကျွန်တော်၏ သမီးလေး မစန္ဒာဝင်း(ဒုနှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသော နှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့် အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန် စာရေးသားပေး ပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီး ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက် ပေးရန် တာဝန်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင် မှလည်း အစမှ အဆုံး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပါသည်။

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါ ဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

ယခုဓါတ်ပုံအရ သမီးလေး အောင်မြင် စွာ ခွဲစိတ်ပြီး ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း ဖြစ်နေသည်ကို တွေ့ရသည်အတွက် များစွာ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါသည်။

ဦးမောင်ဝင်း၊ ကော့ကရိတ်မြို့

သမီး အသက်ကို ကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့် အပေါ် လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်း လက်ဆယ်ဖြာထိပ်မှာ မိုး၍ သမီး မစန္ဒာဝင်းမှ ရိုကျိုးရှိခိုးကန်တော့ပါတယ်၊ အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊

သမီး မစန္ဒာဝင်း

အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဝင်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

@Dawna Aungtoe

@Thetdwe Aung