တကၠသိုလ္ ဝင္ စာေမးပြဲ ပထမ အႀကိမ္ က်ရႈံး ေက်ာင္းသား မ်ား ေက်ာင္းေၿဖ အျဖစ္ ထပ္ေျဖနိုင္

တကၠသိုလ္ ဝင္စာေမးပြဲ ေက်ာင္း တြင္းေၿဖ ေက်ာင္းသား၊ ေက်ာင္း သူမ်ားအေနျဖင့္ စာေမးပြဲပထမ အႀကိမ္က်ရႈံးပါက ေက်ာင္းတစ္ႏွစ္ ျပန္လည္တက္ေရာက္ကာ ေျဖဆို နိုင္သည္။ ေက်ာင္းသား၊ ေက်ာင္းသူ အမ်ားစုသည္ တကၠသိုလ္ဝင္စာ ေမးပြဲကို ေက်ာင္းတြင္းေၿဖ အျဖစ္ ေျဖဆိုၿပီး တစ္ႀကိမ္က်ရႈံးပါက ေနာင္ႏွစ္တြင္ အျပင္ေၿဖ အျဖစ္ ေျဖဆိုေလ့ ရွိသည္။

‘‘က်သြားတဲ့ ကေလးက ေနာက္တစ္ႏွစ္ ျပန္ေျဖဖို႔ ကိုယ္ တိုင္က အားေလ်ာ့သြားတာရွိနိုင္ တယ္။ ေနာက္ေငြေၾကးအရ မတတ္နိုင္တာမ်ိဳး ၾကဳံနိုင္တယ္။ ဒါေၾကာင့္ ေက်ာင္းျပန္တက္ၿပီး ေျဖဆိုခြင့္ကို ေနာက္တစ္ႀကိမ္ ထပ္ေပးတာေပါ့’’ဟု အေျခခံ ပညာဦးစီးဌာနမွ အဆင့္ျမင့္အရာ ရွိတစ္ဦးကေျပာသည္။ တကၠသိုလ္ဝင္ စာေမးပြဲကို နဝမတန္းေအာင္ျမင္ၿပီးေနာက္ ၂ ႏွစ္ဆက္တိုက္ ေက်ာင္းတက္ကာ ေျဖဆိုခြင့္ရွိၿပီး ၂ ႏွစ္ထက္ေက်ာ္ လြန္ ေျဖဆိုမႈကို ျပင္ပေျဖအျဖစ္ သာ ပညာေရးဝန္ႀကီးဌာနကခြင့္ ျပဳထားသည္။

ေက်ာင္းတက္၍ ၂ ႏွစ္ေၿဖ ဆိုနိုင္ ေၾကာင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ မိဘ မ်ားအား အသိေပးရန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ပညာေရးမႉး႐ုံးမ်ားမွ တစ္ဆင့္ ခရိုင္ပညာေရးမႉးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉးမ်ား၊ ေက်ာင္း အုပ္ႀကီးမ်ား၊ ဆရာ၊ ဆရာမမ်ား သို႔ အဆင့္ဆင့္ညႊန္ၾကားထား သည္။ ၂၀၂၀ ျပည့္ႏွစ္ မတ္လက စစ္ေဆးခဲ့ေသာ တကၠသိုလ္ ဝင္စာ ေမးပြဲကို ေက်ာင္းသား၊ ေက်ာင္း သူကိုး သိန္းေက်ာ္ ဝင္ေရာက္ေၿဖ ဆိုခဲ့ၿပီး စာေမးပြဲ ေအာင္စာရင္းကို ၾသဂုတ္ ၉ရက္တြင္ ထုတ္ျပန္ထား သည္။

ဆဲဗင္းေဒး

တက္ကသိုလ် ဝင် စာမေးပွဲ ပထမ အကြိမ် ကျရှုံး ကျောင်းသား များ ကျောင်းဖြေ အဖြစ် ထပ်ဖြေနိုင်

တက္ကသိုလ် ဝင်စာမေးပွဲ ကျောင်း တွင်းဖြေ ကျောင်းသား၊ ကျောင်း သူများအနေဖြင့် စာမေးပွဲပထမ အကြိမ်ကျရှုံးပါက ကျောင်းတစ်နှစ် ပြန်လည်တက်ရောက်ကာ ဖြေဆို နိုင်သည်။ ကျောင်းသား၊ ကျောင်းသူ အများစုသည် တက္ကသိုလ်ဝင်စာ မေးပွဲကို ကျောင်းတွင်းဖြေ အဖြစ် ဖြေဆိုပြီး တစ်ကြိမ်ကျရှုံးပါက နောင်နှစ်တွင် အပြင်ဖြေ အဖြစ် ဖြေဆိုလေ့ ရှိသည်။

‘‘ကျသွားတဲ့ ကလေးက နောက်တစ်နှစ် ပြန်ဖြေဖို့ ကိုယ် တိုင်က အားလျော့သွားတာရှိနိုင် တယ်။ နောက်ငွေကြေးအရ မတတ်နိုင်တာမျိုး ကြုံနိုင်တယ်။ ဒါကြောင့် ကျောင်းပြန်တက်ပြီး ဖြေဆိုခွင့်ကို နောက်တစ်ကြိမ် ထပ်ပေးတာပေါ့’’ဟု အခြေခံ ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို နဝမတန်းအောင်မြင်ပြီးနောက် ၂ နှစ်ဆက်တိုက် ကျောင်းတက်ကာ ဖြေဆိုခွင့်ရှိပြီး ၂ နှစ်ထက်ကျော် လွန် ဖြေဆိုမှုကို ပြင်ပဖြေအဖြစ် သာ ပညာရေးဝန်ကြီးဌာနကခွင့် ပြုထားသည်။

ကျောင်းတက်၍ ၂ နှစ်ဖြေ ဆိုနိုင် ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များအား အသိပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများ သို့ အဆင့်ဆင့်ညွှန်ကြားထား သည်။ ၂၀၂၀ ပြည့်နှစ် မတ်လက စစ်ဆေးခဲ့သော တက္ကသိုလ် ဝင်စာ မေးပွဲကို ကျောင်းသား၊ ကျောင်း သူကိုး သိန်းကျော် ဝင်ရောက်ဖြေ ဆိုခဲ့ပြီး စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ရက်တွင် ထုတ်ပြန်ထား သည်။

ဆဲဗင်းဒေး