မြန် မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အေးမြဖြူလေးကတော့ သူမပထမဆုံးပွဲဦးထွက် ပရိသတ်နဲ့တိုက်ရိုက်သီဆိုဖျော်ဖြေရတဲ့ပွဲမှာ ပရိသတ်တွေရဲ့ အကြီးအကျယ်အားပေးမှုရရှိခဲ့တယ်လို့ သိရပါတယ်။

အေးမြဖြူလေးဟာ ညောင်ဦးမြို့နယ်စဥ့်ကူ မှာ ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအပြီး သူမရဲ့ ပထမဆုံး ပရိသတ်နဲ့ တိုက်ရိုက်တွေ့ဆုံဖျော်ဖြေရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အေးမြဖြူလေးဟာ ဖျော်ဖြေပွဲကနေအပြန် ပုဂံမှာဝင်ရောက်လည်ပတ်ဘုရားဖူးရင်း ကုသိုလ်ယူခဲ့ပါသေးတယ်။ အေးမြဖြူကိုချစ်တဲ့ ဖန်တွေကတော့ အေးမြဖြူလေးကို ကျောင်းပြန်မတက်သေးဘူးလားလို့ စိုးရိမ်တကြီးမေးနေကြတာပါ။ သူမရဲ့ ဖန်တွေက မကြာသေးခင်ကပဲ သူမအတွက် အိုင်ဖုန်း 11 pro ကို လက်ဆောင်ပေးခဲ့ကြတာဖြစ်ပြီး မကြာခင်ကျရောက်မယ့် သူမရဲ့ မွေးနေ့ပွဲအတွက်လည်း ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

အေးမြဖြူအနေနဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်နေတာကြောင့် ကျောင်းခဏနားထားခဲ့တာဖြစ်ပြီး မကြာခင်မှာ UFL ကျောင်းသူကြီးအဖြစ် မြင်တွေ့ကြရတော့မှာပဲဖြစ်ပါတယ်။

Cele Star