






Source ; Htet thuya

ကျိုက်ထီး ရိုး ဘုရားဖူး ချင်သူများ အချိန် မကုန်ဘဲ သွားဖူး နိုင်မယ့် အနီးဆုံး ဖြတ်လမ်း ထွက် ပေါ်ပြီ

သိသူ နည်းပါးတဲ့ မန္တလေး ဘက်က ဘုရားဖူးလာ သူများအတွက် ကျိုက်ထီးရိုး ဖြတ်လမ်းလေးကို အားလုံးသိအောင်မျှဝေပေးနော်…

မန္တလေးဘက် ကနေ ကျိုက်ထီးရိုး ဘုရားဖူးသွားမယ့် သူတွေအတွက် ဖြတ်လမ်းလေးကို ပြောပြပေးသွားပါမယ်။ မန္တလေး-နေပြည်တော်ဘက်က မိဘပြည်သူများ ကျိုက်ထီးရိုးဘက်ကို ဘုရားဖူးသွားမယ် ဆိုရင် အရင်ကလို ၃၉ မိုင်

ဘုရားကြီးအထိ သွားပြီး ဘုရားကြီး – ဝေါလမ်းအတိုင်း သွားစရာ မလိုတော့ပါဘူး။ အဲဒီလမ်းက မိုင် ၂၀ ကျော်ဝေးပြီး ခရီးသွားကားတွေ အရမ်းများတဲ့ အတွက် ရှောင်ရတာ အန္တရာယ်များလှပါတယ်။

အဲဒီတော့— အခုဆို ခရီးလည်းသက်သာ၊ လမ်းလည်းကောင်း၊ အချိန်လည်းမြန်၊ ကားလဲသိပ်မရှောင်ရတဲ့လမ်းသစ်လေးတစ်ခုကို ညွှန်ပေးချင်ပါတယ်။အမြန်လမ်း မိုင်တိုင် ၇၂ ကနေဆင်းရင် ဒိုက်ဦးမြို့ကို ၁၆မိုင်မောင်းရပါတယ်။

ဒိုက်ဦး ကနေ တစ်ဆင့် မြစ်ကျိုးလမ်း အတိုင်းမောင်းရင် အကွာအဝေးမိုင် ၂၁/၁ မိုင်သာမောင်းရပြီး စစ်တောင်းတံတား (မုပ္ပလင်)အနီးကို ရောက်သွားပါတယ်။ ခရီးလမ်းတို၊ ကားကြောရှင်း၊ ဆီကုန်သက်သာ၊ လမ်းလဲကောင်း၊ အချိန်တို ရောက်ပြီး ကားသေးတွေပါ သွားလို့အဆင်ပြေကြောင်း လမ်းညွှန်ပေး လိုက်ပါတယ်။

Writer ; Kwee (Jeeptoolay)

Source ; Htet thuya