၂၀၂၀ NLD ေအာင္ႏိုင္ေရးသီခ်င္း ကို အႏုပညာရွင္မ်ား စြာ ပါဝင္သီဆို မည္

မၾကာ ခင္လပိုင္းမွာ ျပဳလုပ္ေတာ့မယ့္၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေပါင္းစုံရွိတဲ့အနက္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အတြက္ ၂၀၂၀ ေအာင္ႏိုင္ေရးသီခ်င္းကိုေတာ့ အႏုပညာရွင္ ၃၅ ေယာက္ထက္ မနည္း သီဆိုေပးသြားမယ္လို႔ သိရပါတယ္။ “၂၀၁၅ ခုႏွစ္၊ NLD ေအာင္ႏိုင္ေရး သီခ်င္း “ခြပ္ေဒါင္းမာန္ခ်ီ NLD” ကိုေရးခဲ့တဲ့ ေတးေရး သံသာဝင္းကပဲ က်မတို႔အတြက္ “၂၀၂၀ ခြပ္ေဒါင္းမာန္ခ်ီ ” သီခ်င္းကို ေမတၱာျဖင့္ ေရးေပးမွာပါ” လို႔ ဒါ႐ိုက္တာၾကည္ျဖဴသွ်င္က ေျပာပါတယ္။

အဆိုပါ ပါတီ ေအာင္ႏိုင္ေရးသီခ်င္းကိုေတာ့ အဆိုေတာ္ သံသာဝင္းက ေရးသားထားတာျဖစ္ၿပီး ယခုႏွစ္အတြက္လည္း အဆိုပါ သီခ်င္းကိုပဲ သီဆိုသြားၾကမွာျဖစ္ပါတယ္။ “အဆိုေတာ္ေတြကို ခ်ိတ္ဆက္ေပးတဲ့ အနဂၢ၊ သံသာဝင္း၊ သွ်ီ၊ မမီမီဝင္းေဖ ယေန႔ ေတြ႕ဆုံျဖစ္တဲ့ ကိုရင္ဂို၊ မေကာ္နီ၊ လင္းနစ္၊ သားႀကီး၊ ဆိုင္စံနဲ႔ သီခ်င္းမွာ ပါဝင္အားျဖည့္ သီဆိုၾကမယ့္ အႏုပညာ ေမာင္ႏွမမ်ားအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္” လို႔ ၾကည္ျဖဴသွ်င္က ဆိုပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္ၾကတဲ့ အဆိုေတာ္ ၃၅ ေယာက္က သီဆိုၾကမွာျဖစ္ၿပီး စည္းကမ္းခ်က္မ်ားနဲ႔အညီ ႐ိုက္ကူးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ “အေမစုကို ခ်စ္ေသာ နာမည္ေက်ာ္ အဆိုေတာ္ ၃၅ ေယာက္ထက္ မနည္း သီဆိုၾကမွာျဖစ္ၿပီး ကိုဗစ္ကာလ စည္းကမ္းနဲ႔အညီ ႐ိုက္ကူးတင္ဆက္သြားမွာ ျဖစ္ပါတယ္” လို႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာထားပါတယ္။ NLD ေအာင္ႏိုင္ေရးအတြက္လည္း ဝန္းရံၾကတဲ့ ဂီတအႏုပညာရွင္ ၅၀ နီးပါးဝန္းရံၾကတာဟာလည္း ဝမ္းသာစရာသတင္းေကာင္းပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

“အေမစုကိုခ်စ္တဲ့ နာမည္ႀကီး ဂီတအႏုပညာရွင္ေတြ ၅၀ နီးပါး NLD ေအာင္ႏိုင္ေရးအတြက္ ဝန္းရံဖို႔ရွိေနတာကေတာ့ ဝမ္းသာစရာ သတင္းေကာင္းေလးပါပဲ။ ႐ုပ္ရွင္နဲ႔ သဘင္မွာလည္း အမာခံေတြကေတာ့ NLD ေအာင္ႏိုင္ေရးကို ဝန္းရံဖို႔ အဆင္သင့္ပါပဲ။ ေနာက္မွ နာမည္ေတြ အားလုံး ေဖာ္ျပပါ့မယ္” လို႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္အတြက္ NLD ပါတီေအာင္ႏိုင္ေရးသီခ်င္းဟာလည္း “ခြပ္ေဒါင္းမာန္ခ်ီ NLD” လို႔ အမည္ေပးထားတဲ့ သီခ်င္းျဖစ္ၿပီး ၂၀၂၀ အတြက္လည္း အဆိုပါ နာမည္နဲ႔သာ ျဖစ္ပါတယ္။

ဧရာဝတီ

၂၀၂၀ NLD အောင်နိုင်ရေးသီချင်း ကို အနုပညာရှင်များ စွာ ပါဝင်သီဆို မည်

မကြာ ခင်လပိုင်းမှာ ပြုလုပ်တော့မယ့်၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံရှိတဲ့အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ၂၀၂၀ အောင်နိုင်ရေးသီချင်းကိုတော့ အနုပညာရှင် ၃၅ ယောက်ထက် မနည်း သီဆိုပေးသွားမယ်လို့ သိရပါတယ်။ “၂၀၁၅ ခုနှစ်၊ NLD အောင်နိုင်ရေး သီချင်း “ခွပ်ဒေါင်းမာန်ချီ NLD” ကိုရေးခဲ့တဲ့ တေးရေး သံသာဝင်းကပဲ ကျမတို့အတွက် “၂၀၂၀ ခွပ်ဒေါင်းမာန်ချီ ” သီချင်းကို မေတ္တာဖြင့် ရေးပေးမှာပါ” လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

အဆိုပါ ပါတီ အောင်နိုင်ရေးသီချင်းကိုတော့ အဆိုတော် သံသာဝင်းက ရေးသားထားတာဖြစ်ပြီး ယခုနှစ်အတွက်လည်း အဆိုပါ သီချင်းကိုပဲ သီဆိုသွားကြမှာဖြစ်ပါတယ်။ “အဆိုတော်တွေကို ချိတ်ဆက်ပေးတဲ့ အနဂ္ဂ၊ သံသာဝင်း၊ သျှီ၊ မမီမီဝင်းဖေ ယနေ့ တွေ့ဆုံဖြစ်တဲ့ ကိုရင်ဂို၊ မကော်နီ၊ လင်းနစ်၊ သားကြီး၊ ဆိုင်စံနဲ့ သီချင်းမှာ ပါဝင်အားဖြည့် သီဆိုကြမယ့် အနုပညာ မောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတဲ့ အဆိုတော် ၃၅ ယောက်က သီဆိုကြမှာဖြစ်ပြီး စည်းကမ်းချက်များနဲ့အညီ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “အမေစုကို ချစ်သော နာမည်ကျော် အဆိုတော် ၃၅ ယောက်ထက် မနည်း သီဆိုကြမှာဖြစ်ပြီး ကိုဗစ်ကာလ စည်းကမ်းနဲ့အညီ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောထားပါတယ်။ NLD အောင်နိုင်ရေးအတွက်လည်း ဝန်းရံကြတဲ့ ဂီတအနုပညာရှင် ၅၀ နီးပါးဝန်းရံကြတာဟာလည်း ဝမ်းသာစရာသတင်းကောင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမေစုကိုချစ်တဲ့ နာမည်ကြီး ဂီတအနုပညာရှင်တွေ ၅၀ နီးပါး NLD အောင်နိုင်ရေးအတွက် ဝန်းရံဖို့ရှိနေတာကတော့ ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ။ ရုပ်ရှင်နဲ့ သဘင်မှာလည်း အမာခံတွေကတော့ NLD အောင်နိုင်ရေးကို ဝန်းရံဖို့ အဆင်သင့်ပါပဲ။ နောက်မှ နာမည်တွေ အားလုံး ဖော်ပြပါ့မယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွက် NLD ပါတီအောင်နိုင်ရေးသီချင်းဟာလည်း “ခွပ်ဒေါင်းမာန်ချီ NLD” လို့ အမည်ပေးထားတဲ့ သီချင်းဖြစ်ပြီး ၂၀၂၀ အတွက်လည်း အဆိုပါ နာမည်နဲ့သာ ဖြစ်ပါတယ်။

ဧရာဝတီ