အရမ္း မွန္တယ္.. ဟန္ေဆာင္ ေကာင္း တဲ့ ေဖေဖ ပါ (ဖတ္ၾကည့္ေနာ္)

မိသားစုတိုင္း မွာ ရွိတဲ့ သား သမီးတိုင္း ကို ေမးၾကည့္ ပါ။အေဖ နဲ႔ အေမ ဘယ္သူ႔ ကို ပိုခ်စ္သလဲ လို႔။ ၇၀%ေသာ သား သမီး ေတြက အေမ့ကို ပိုခ်စ္တယ္တဲ့။ ဇနီးနဲ႔ သား သမီး ေတြေရွ႕မွာအေဖျပဳံးေနေပမယ့္ ရင္ထဲမွာေတာ့ ဆို႔ေနမွာပါ။သူတို႔ရဲ့ ကြယ္ရာမွာအေဖ အားငယ္ေနမွာေပါ့။ဒါေပမယ့္ဘာမွ ေျပာမထြက္ခဲ့ပါဘူး။အေဖဟာ ေယာက်ာ္းတစ္ေယာက္ပါ။ မိန္းကေလးျဖစ္တဲ့ အေမလိုေတာ့ ဖြင့္ဟၿပီး မခ်စ္တတ္ဘူး အဲဒီေတာ့ အေဖ့အခ်စ္ကအရာမထင္ဘူးေပါ့။

သားသမီးေတြ လူ႔ေလာက ေရာက္ဖို႔ အေမ ဟာ အသက္နဲ႔ရင္းၿပီးေမြးထုတ္ေပးခဲ့တယ္ဒုကၡမ်ိဳးစုံနဲ႔ေပါ့။ အေဖကေတာ့အေမ့လို ကိုးလလည္း မလြယ္ရဘူး ဆယ္လမွာလည္း မဖြားရဘူး။ ဒါေပမယ့္မင္းတို႔ေတြ အူဝဲ လို႔စတင္ၿပီး ေအာ္ဟစ္လိုက္ကတည္းကလမ္းေလၽွာက္နိုင္တဲ့အထိ အေဖလုပ္ေကၽြးခဲ့တယ္။ ေရွ႕ေရးကို ေမၽွာ္ေတြးၿပီး ပညာ အေမြေပးဖို႔ အေမနဲ႔ တိုင္ပင္ခဲ့တယ္။ေက်ာင္း စအပ္ေပးေတာ့အေမက မင္းလက္ကို ဆြဲေနေပမယ့္ အေဖ မပါခဲ့ဘူးေလ။ အဲဒီအခ်ိန္မွာအေဖ ဘာလုပ္ေနလဲလို႔ မင္းေတြးမိရဲ့လား။

မင္းရဲ့ ထမင္းခ်ိဳင့္ထဲ ဟင္းေကာင္း ပါဖို႔ အေဖ ႀကိဳးစားေနတာပါ။မင္းရဲ့ လက္ထဲကို မုန႔္ဖိုးေတြ ေပးနိုင္ဖို႔ အေဖ ႀကိဳးစားေနတာပါ။ဒါေပမယ့္ေပါ့ မင္းကို ဟင္းေကာင္း ခ်က္ေကၽြးတာအေဖ မဟုတ္ခဲ့ဘူး။ မင္းကို မုန႔္ဖိုးထုပ္ေပးတာအေဖ မဟုတ္ျပန္ဘူး။အေမပဲ ျဖစ္ေနေလေတာ့ အေမ့ကိုပဲ ခ်စ္တယ္ လို႔ဆိုၾကတာ မဆန္းပါဘူး။မင္းစားခဲ့တဲ့ ဟင္းေကာင္း နဲ႔ မင္းသုံးခဲ့တဲ့ မုန႔္ဖိုးေတြဟာ အေဖ့ရဲ့ ေခၽြးစက္ေတြပါ။ အေဖက အေမ့လို မင္းတို႔ေရွ႕မွာေပြ႕ဖက္နမ္းရွိုက္ျခင္း မရွိခဲ့ေပမယ့္။မင္းတို႔ေတြအိပ္ရာဝင္ခ်ိန္မွာေတာ့ အေဖဟာ

အားရပါးရ နမ္းရွိုက္ခဲ့တာမင္းတို႔ေတြ မသိခဲ့ဘူး။ အေဖေတြ အေနနဲ႔ဖြင့္ဟၿပီးသားသမီး ေတြကို မခ်စ္တတ္ၾကဘူး။ ရင္ထဲမွာ က်ိတ္ၿပီးခ်စ္တတ္တာ အေဖတိုင္းရဲ့ အားနည္းခ်က္ပါ။အေဖဟာ သိပ္ၿပီးေတာ့ ဟန္ေဆာင္ေကာင္းလို႔။ဟန္ေဆာင္ အေကာင္းဆုံး အကယ္ဒမီဆုကို အေဖ့ကို ေပးခ်င္မိပါေတာ့တယ္။စာဖတ္သူ မိတ္ေဆြ သူငယ္ခ်င္း တို႔လ ည္း ဒီစာကို ဖတ္ၿပီးရင္ အေဖ နဲ႔ အေမကို ညီမၽွစြာ ခ်စ္တတ္ပါေစေနာ္။ ေမတၱာျဖင့္…ကူးယူထားျခင္းျဖစ္ပါတယ္။

ခရက္ဒစ္

အရမ်း မှန်တယ်.. ဟန်ဆောင် ကောင်း တဲ့ ဖေဖေ ပါ (ဖတ်ကြည့်နော်)

မိသားစုတိုင်း မှာ ရှိတဲ့ သား သမီးတိုင်း ကို မေးကြည့် ပါ။အဖေ နဲ့ အမေ ဘယ်သူ့ ကို ပိုချစ်သလဲ လို့။ ၇၀%သော သား သမီး တွေက အမေ့ကို ပိုချစ်တယ်တဲ့။ ဇနီးနဲ့ သား သမီး တွေရှေ့မှာအဖေပြုံးနေပေမယ့် ရင်ထဲမှာတော့ ဆို့နေမှာပါ။သူတို့ရဲ့ ကွယ်ရာမှာအဖေ အားငယ်နေမှာပေါ့။ဒါပေမယ့်ဘာမှ ပြောမထွက်ခဲ့ပါဘူး။အဖေဟာ ယောကျာ်းတစ်ယောက်ပါ။ မိန်းကလေးဖြစ်တဲ့ အမေလိုတော့ ဖွင့်ဟပြီး မချစ်တတ်ဘူး အဲဒီတော့ အဖေ့အချစ်ကအရာမထင်ဘူးပေါ့။

သားသမီးတွေ လူ့လောက ရောက်ဖို့ အမေ ဟာ အသက်နဲ့ရင်းပြီးမွေးထုတ်ပေးခဲ့တယ်ဒုက္ခမျိုးစုံနဲ့ပေါ့။ အဖေကတော့အမေ့လို ကိုးလလည်း မလွယ်ရဘူး ဆယ်လမှာလည်း မဖွားရဘူး။ ဒါပေမယ့်မင်းတို့တွေ အူဝဲ လို့စတင်ပြီး အော်ဟစ်လိုက်ကတည်းကလမ်းလျှောက်နိုင်တဲ့အထိ အဖေလုပ်ကျွေးခဲ့တယ်။ ရှေ့ရေးကို မျှော်တွေးပြီး ပညာ အမွေပေးဖို့ အမေနဲ့ တိုင်ပင်ခဲ့တယ်။ကျောင်း စအပ်ပေးတော့အမေက မင်းလက်ကို ဆွဲနေပေမယ့် အဖေ မပါခဲ့ဘူးလေ။ အဲဒီအချိန်မှာအဖေ ဘာလုပ်နေလဲလို့ မင်းတွေးမိရဲ့လား။

မင်းရဲ့ ထမင်းချိုင့်ထဲ ဟင်းကောင်း ပါဖို့ အဖေ ကြိုးစားနေတာပါ။မင်းရဲ့ လက်ထဲကို မုန့်ဖိုးတွေ ပေးနိုင်ဖို့ အဖေ ကြိုးစားနေတာပါ။ဒါပေမယ့်ပေါ့ မင်းကို ဟင်းကောင်း ချက်ကျွေးတာအဖေ မဟုတ်ခဲ့ဘူး။ မင်းကို မုန့်ဖိုးထုပ်ပေးတာအဖေ မဟုတ်ပြန်ဘူး။အမေပဲ ဖြစ်နေလေတော့ အမေ့ကိုပဲ ချစ်တယ် လို့ဆိုကြတာ မဆန်းပါဘူး။မင်းစားခဲ့တဲ့ ဟင်းကောင်း နဲ့ မင်းသုံးခဲ့တဲ့ မုန့်ဖိုးတွေဟာ အဖေ့ရဲ့ ချွေးစက်တွေပါ။ အဖေက အမေ့လို မင်းတို့ရှေ့မှာပွေ့ဖက်နမ်းရှိုက်ခြင်း မရှိခဲ့ပေမယ့်။မင်းတို့တွေအိပ်ရာဝင်ချိန်မှာတော့ အဖေဟာ

အားရပါးရ နမ်းရှိုက်ခဲ့တာမင်းတို့တွေ မသိခဲ့ဘူး။ အဖေတွေ အနေနဲ့ဖွင့်ဟပြီးသားသမီး တွေကို မချစ်တတ်ကြဘူး။ ရင်ထဲမှာ ကျိတ်ပြီးချစ်တတ်တာ အဖေတိုင်းရဲ့ အားနည်းချက်ပါ။အဖေဟာ သိပ်ပြီးတော့ ဟန်ဆောင်ကောင်းလို့။ဟန်ဆောင် အကောင်းဆုံး အကယ်ဒမီဆုကို အဖေ့ကို ပေးချင်မိပါတော့တယ်။စာဖတ်သူ မိတ်ဆွေ သူငယ်ချင်း တို့လ ည်း ဒီစာကို ဖတ်ပြီးရင် အဖေ နဲ့ အမေကို ညီမျှစွာ ချစ်တတ်ပါစေနော်။ မေတ္တာဖြင့်…ကူးယူထားခြင်းဖြစ်ပါတယ်။

ခရက်ဒစ်