နာ မည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီဆုများရှင် ဝါရင့်မင်းသမီး မေသန်းနုကို ရန်ကင်းတရားရုံးကနေ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပါတယ်…မေသန်းနုဟာ သိန်း ၁၂၀၀ လိမ်လည်မှုနဲ့ ၄ နှစ်ကြာတရားရင်ဆိုင်ရအပြီးမှာ ခုလို အမိန့်ချမှတ်ခံခဲ့ရတာပါ…

ခုလို ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကင်းမြို့နယ် တရားရုံး မြို့နယ်တရားသူကြီးဖြစ်တဲ့ ဦးထွန်းနိုင်ဝင်းက ခုလိုပြောပြခဲ့ပါတယ်…“တရားလို ဒေါ်စန်းစန်းမြင့်ကနေ မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ်ကမြေကွက်တစ်ကွက်မှာ ကန်ထရိုက်တိုက်ဆောက်နေကြောင်းပြောပြီး စရံငွေ သိန်း ၄၀၀ ကို ရယူသွားခဲ့ပြီး နောက်သိရှိရာမှာတော့ ကန်ထရိုက်က မေသန်းနုမဟုတ်ကြောင်း သိပြီး တရားစွဲခဲ့တာလို့ သိရပါတယ်..

အမှုကို တရားရှင်လွှတ်ခဲ့ပေမဲ့ တရားလိုကမကျေနပ်တာကြောင့် ထပ်တရားစွဲရာမှာတော့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ ထောင် ၇ နှစ်ချမှတ်နိုင်ပေမဲ့ မေသန်းနုဟာ ပထမဆုံးအကြိမ် ပြစ်မှုကျုးလွန်တာဖြစ်လို့ ၁ နှစ်သာချမှတ်ခံခဲ့ရတယ်လို့ဆိုပါတယ်..….နောက်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ ခရိုင်တရားရုံးကို အယူခံတက်နိုင်တယ်လို့ ဆိုပါတယ်…”

ဒီအကြောင်းတွေကိုတော့ တရားသူကြီးဖြစ်တဲ့ ဦးထွန်းနိုင်ဝင်းက 8 Days TV ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်…မေသန်းနုအနေနဲ့ အယူခံတက်မတက်ကိုတော့ သိရခြင်းမရှိသေးပါဘူး…တရားသူကြီးပြောဆိုခဲ့တဲ့ ဗီဒီယိုကိုလည်း အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : 8days TV