



ဆရာဂျွန်လွင် ရဲ့ ညှိနှိုင်းပေးမှုကြောင့် တိုင်ရွန် ကိုပြန်လည်တောင်းပန် လာ တဲ့ မအူပင်သားလေး ရဲမင်းနောင်

ပရိ သတ်ကြီးရေ တိုင်ရွန်ကတော့ တက်သစ်စမင်းသားတစ်ယောက်အနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပါဝင် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ” အခမ်းနားဆုံးမေတ္တာနဲ့ ချိုးရုပ်” ဇာတ်ကားတို့မှာလည်း တိုင်ရွန်က ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိခဲ့ပါသေးတယ်။

လတ်တလောမှာတော့ မော်ဒယ်လ်ရဲမင်းနောင်နဲ့ အထင်လွဲမှုလေးတွေဖြစ်ခဲ့တဲ့အပေါ် ဆရာဂျွန်လွင်ကတော့ဘသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ”
ဘဝရဲ့အေးချမ်းမှူ့ပါစကားကိုနားထောင်ပေးတဲ့တပည့်Ye Min Naung အေးချမ်းကြီးပွါးတိုးတက်ပါစေ”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

မော်ဒယ်လ်ရဲမင်းနောင်ကလည်း နားလည်မှုလွဲခဲ့ကြောင်းကို သူ့ရဲ့ My dayမှာ ပရိသတ်တစ်ချို့နဲ့ သူ့ရဲ့ဆရာဂျွန်လွင်ကိုတောင်းပန်ခဲ့တာပါ။ ပရိသတ်ကြီးလည်း တိုင်ရွန်နဲ့ မော်ဒယ်လ်ရဲမင်းနောင်တို့ ရဲ့အထင်လွဲမှုတွေပြေလည်သွားပြီသိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။