အင် မတန်ဝမ်းနည်းစရာကောင်းတဲ့မြင်ကွင်းပါ ၊ သူ့ဖာသာ သဘာဝအလျှောက် ကြွေကျတဲ့ သန္တာကျောက်ခက် ကျောက်ပွင့်တွေမဟုတ်ပဲ လူတွေက တကူးတက တူးဆွချိုးဖဲ့လာပြီး ရောင်းစားနေတာ သိလိုက်ရတော့ ပိုပြီးဝမ်းနည်း ရပါတယ်၊

ဒီ လိုဆိုင်မျိုးမှာ ဒီလိုပစ္စည်းမျိုးတွေကိုတွေ့ရင်အားမပေးကြပါနဲ့လို့ တိုက်တွန်းပါရစေ၊ ခုပုံက မောင်းမကန်ကမ်းခြေမှာ ရောင်းနေတဲ့ပုံတွေပါ ဘယ်လိုရသလဲလို့ ဆိုင်ရှင်အမျိုးသမီးကို မေးကြည့်တော့ ပင်လယ်ထဲ ကျွန်းတွေအနားက တူးလာ တာ လို့ပြောတယ် တခု့ကိုဘယ်လောက်လဲလို့မေးတော့ လှရင်လှသလို တခုကို ၃၅၀၀ ကနေ လေးငါးခြောက်ထောင် လောက်ရတယ်လို့ပြောတယ်ခရုခွံတွေပါရောင်းတယ် ခရုတွေက ထားပါတော့ သူက မျိုးပွားနှုန်းများတယ် မြန်တယ်။

ပြောချင်တာက ဒီသန္တာကျောက်ပွင့်ကျောက်ခက် ကျောက်မှိုတွေပါ ယုခုပုံမှာမြင်တွေ့နေရတဲ့ အရွယ်ရောက်ဖို့ နှစ်ပေါင်း ရာထောင်ချီကြာမှ ဖြစ်တာ မြေပြင်ပေါ်က သစ်ပင်ကြီးတပင် သစ်တောကြီးတခုဖြစ်ဖို့ အနှစ်းငါးဆယ်လောက် ထိမ်းသိမ်း လိုက်ရင်ရပြီး ရေအောက်မှာ ပျက်စီးသွားပြီးဆိုရင် ပြန်လည်ဖြစ်ထွန်းဖို့ကမလွယ်ဘူး၊

အဲ့ဒိကျောက်ပွင့်ကျောက်ခက်တွေဟာ ပင်လယ်ရေသတ္တဝါတွေရဲ့ နားခိုရာ အန္တရာယ် ရှောင်တိန်းရာ မျိုးပွားရာ သူတိုဆီမှာ ကပ်ငြိပေါက်ရောက်နေတဲ့ ရေညှိတွေကို စားသုံးအသက်ဆက် နေတဲ့ ရေညှိစား ငါးငယ် လိပ်ငယ်ကလေတွေရဲ့ ထမင်းအိုး ကြီးပါ ဒီသက်ရှိ ကျောက်တွေသာ ပျက်စီးပျောက်ဆုံးသွားမယ်ဆိုရင် ရေနေသတ္တဝါတွေ အစာကွင်းဆက် ပျက်ပြီ ဒီဒေသ ကို မှီခိုနေတဲ့ ငါးမျိုးတွေပျောက်ကွယ်ပြီသာမှတ် ပင်လယ်ထဲ ငါးရှားလာရင် ပင်လယ်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက် နေ တဲ့ သူတွေရဲ့ စာဝတ်နေရေးပါထိခိုက်လာနိုင်တာတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိထားသင့်တာပေါ့ ၊

နဂိုကတည်းကမှ ဒရွတ်ဆွဲလှေ (ဝါလက်)တွေရဲ့ဒါဏ် ခရုဆွဲလှေ (ရှပ်လှေ)တွေရဲ့ဒါဏ် တချိန်ကဗုံးတွေခွဲပြီးငါးခိုးဖမ်းလို့ ဗုံးခွဲလှေတွေရဲ့ ဒါဏ်ကိုခံ ခဲ့ရတဲ့ မြန်မာ့ပင်လယ်ပြင်ကြီးဟာ ခုလည်း တရုတ်ဈေးကွက်ရဲ့တောင်းဆိုမှုကြောင့် ကျားလက်သဲ ခေါ် ကျားလက်ဝါး လို့ခေါ်တဲ့ ခရုကမာ တမျိုးကို တူးဆွ ရင်း ဆက်စပ် သန္တာကျောက်တန်းက ကျောက်ပွင့် ကျောက်ခက်တွေကိုပါဈေးကွက်အပေါ်တင်လာတာမြင်ရတော့ များမကြာမှီကာလ ဒီဒေသမှာ ငါးတွေရှားလာတော့မှာပါ ၊

အမှန်တော့ အဲ့ဒိကျောက်ပွင့် ကျောက်ခက် ကျောက်ပန်း ကျောက်မှိုတွေဟာ မတို့မထိ သဘာဝအတိုင်းထားပြီး ပြစား လို့ရတဲ့ ရတနာတွေပါ ပင်လယ်ရေအောက်ကိုလေ့လာတဲ့ ပင်လယ်ရေအောက်အလှအပတွေ ကိုခံစားတက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေ က ဒီသန္တာကျောက်တန်းတွေရဲ့အလှအပကိုခံစားကြတာပါ၊

ဒါကိုဒီဒေသခံတွေကပဲ ဘယ်လောက်မှမများတဲ့တန်ဘိုးနဲ့ရောင်းစားနေတာမြင်ရတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပဲ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း အချိန်မှီတားဆီးပြီး ပင်လယ်ရေအောက်ကြမ်းပြင်ကြီးကိုထိန်းသိမ်း သင့်ပါတယ် ခမျာ။

Myint Htay