အေမစု က (ယုန္)လိုမက်င့္ ဖို႔ (ယုန္)လို အေရွ႕ခုန္ေပါက္သြားၿပီးေတာ့မွ ေနာက္ေတာ့ မွ က်န္ရက္ ခဲ့လို႔ရွိရင္ မေကာင္းဘူးဟု သတိေပး

ဂိုးသြင္း အနိုင္ယူၾကမယ္။ ဒီေန႔ သတင္းစာ ထဲမွာ ဖတ္ရတာကေ တာ့ ႐ုရွက Covid ကာကြယ္ေဆး ေတြ႕ၿပီလို့ ေျပာပါတယ္။ ဘယ္ေလာက္ေသခ်ာတယ္၊ မေသခ်ာဘူး ဆိုတာကေတာ့ မသိရေသးဘူးေပါ့။ ေသခ်ာၿပီဆိုတာနဲ႔ #ကၽြန္မတို့ျပည္သူေတြအတြက္အျမန္ဆုံးရေအာင္လုပ္မွာပဲ။ ကၽြန္မေျပာရတဲ့အေၾကာင္းက ဒီၾကားကာလမွာ သီးညႇင္းခံၾကပါ။ စည္းကမ္းထိန္းသိမ္းၾကပါေပါ့။ ေျပာရရင္ #ဂိုးမသြင္းခင္ေလးတင္မွခလုပ္တိုက္လဲတာေတြဘာေတြမျဖစ္ပါေစနဲ႔ေပါ့။

အေမတစ္ဦးရဲ့ ေမၽွာ္လင့္ခ်က္။ အားကစားေလာက ေအာင္ျမင္ျခင္းဆိုတာ နိုင္ငံရဲ့ဂုဏ္သိကၡာပဲ။ တစ္ခ်ိန္တစ္ခါတုန္းကဆိုရင္၊ အေမတို့ေခတ္က (ျပဳံးလၽွက္) အေမတို့မ်ိဳးဆက္ေတြက ေျပာလို့မဆုံးဘူးေပါ့ေနာ္။ အေမတို့ငယ္ငယ္တုန္းကဆိုရင္ ျမန္မာနိုင္ငံေဘာလုံးအသင္းက အာရွမွာထိပ္တန္းကပဲ။ အခုထက္ထိ ျပန္သတိရတယ္။ အဲလိုျပန္ျဖစ္ေစခ်င္တယ္။ ကိုယ့္နိုင္ငံဆိုေတာ့ အာရွမွာပဲျဖစ္ျဖစ္၊ ကမၻာမွာပဲျဖစ္ျဖစ္ #အျမဲပဲထိပ္ကျဖစ္ေစခ်င္တာပဲ။

#ရင္းျမစ္ျပႆနာ။ ေဇာ္ေဇာ္ မၾကာ ခဏေျပာဖူးပါတယ္။ အေမတို့ ေဘာလုံးသမားေတြက ပထမပိုင္းမွာ အင္တိုက္အားတိုက္ကစားၿပီး၊ ဒုတိယပိုင္းမွာ အားက်လာတာဟာ ငယ္ငယ္တုန္းကတည္းက အာဟာရမျပည့္ဝခဲ့လို့ဆိုၿပီး သုံးသပ္တဲ့အေၾကာင္းေျပာဖူးပါတယ္။ #ေမြးကတည္းက အာဟာရျပည့္ဝေအာင္ျပဳစုပ်ိဳးေထာင္ေပးဖို့လိုပါတယ္။

#အေမျမင္ခ်င္တဲ့ စုေပါင္း အင္အားTeam Work အဖြဲ႕လိုက္လုပ္ရတဲ့ဟာကို အရမ္း သေဘာက်တယ္။ အခုေခတ္မွာဆိုရင္ ေခတ္စားေနတာက ဘာလဲဆိုေတာ့ လူတိုင္းကေခါင္းေဆာင္ျဖစ္ခ်င္တယ္။ #ေခါင္းေဆာင္ သင္တန္းေတြသိပ္မ်ားတာပဲ(ျပဳံးလၽွက္)။ အဲဒါေၾကာင့္ အေမခဏခဏေျပာတယ္။ ေခါင္းေဆာင္သင္တန္းခ်ည္းေပးေနတာပဲ။ လူငယ္ေခါင္းေဆာင္၊ အမ်ိဳးသမီးေခါင္းေဆာင္၊ အလုပ္သမားေခါင္းေဆာင္၊ ဟိုေခါင္းေဆာင္၊ ဒီေခါင္းေဆာင္၊ ေခါင္းေဆာင္ခ်ည္းပဲဆို ေနာက္လိုက္ကဘယ္သူလဲ။ တကယ္ေတာ့ ပူးေပါင္းေဆာင္ရြက္မွုကအဓိက။ ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ Team တစ္ခုအေနနဲ႔ ဘယ္သူက ဘယ္ဖက္မွာ အားသာတယ္ဆိုတာ ေပၚလာတာပဲ။ သားကဂိုးသမား(ဦးသီဟစည္သူကိုရည္ညႊန္း)၊ လူတိုင္းက ဂိုးေစာင့္တဲ့ေနရာမွာ မေတာ္ၾကဘူး။ ဂိုးေစာင့္တဲ့သူလည္း ကြင္းထဲမွာ တစ္ျခားတစ္ေယာက္နဲ႔ယွဥ္တဲ့အခါ ေတာ္ခ်င္မွေတာ္မွာ။ Team Spirit အဖြဲ႕အစည္းစိတ္ဓာတ္ကိုအေျခခံၿပီးလုပ္မွ ေအာင္ျမင္မွာ။

#တစ္ကိုယ္ ေကာင္း မဆန္ဘို့။ေဘာလုံး သမားေတြေပးနိုင္တဲ့စံျပစိတ္က ဘာလဲဆိုေတာ့ #အစုအဖြဲ႕နဲ႔လုပ္ေဆာင္ျခင္း။ တစ္ေယာက္တည္း ငါတေကာေကာတာမဟုတ္ဘဲနဲ႔ ကိုယ့္အရည္အခ်င္းတက္ဖို့ ကိုယ့္ရဲ့ရဲေဘာ္ရဲဖက္ေတြကို အားကိုးရသလို၊ ကိုယ့္ရဲေဘာ္ရဲဘက္ေတြ အရည္အခ်င္းတက္ဖို့အတြက္ ကိုယ္ကလည္းဝိုင္းဝန္းပံ့ပိုးရတယ္ဆိုတာကို ျပသနိုင္တာဟာ အေမတို့ နိုင္ငံအတြက္ အင္မတန္ေကာင္းတယ္။

#ယုန္လိုမက်င့္နဲ႔။ အစိုးရက က်န္းမာေရးေျဖေလၽွာ့မွု ေတြလုပ္တဲ့ေနရာမွာ ဒုတိယလွိုင္းေတြျဖစ္မလာဖို့ တစ္ဆင့္ တစ္ဆင့္ သြားတာဟာ အေကာင္းဆုံးပဲ။ ေျပာရမယ္ဆို ယုန္နဲ႔လိပ္လိုေပါ့။ ယုန္လို အေရွ႕ခုန္ေပါက္သြားၿပီးေတာ့မွ ေနာက္ေတာ့မွ က်န္ရက္ခဲ့လို့ရွိရင္ မေကာင္းဘူးေပါ့ေနာ္။ လိပ္လိုပဲ မွန္မွန္ေလးသြားၿပီးေတာ့မွ ပန္းတိုင္ကိုအရင္ေရာက္ဖို့ အေရးႀကီးတယ္ေလ။ ပန္းတိုင္ဆိုတာကေတာ့ Covid ကင္းရွင္းေရးနဲ႔ Covid ေရာဂါကို ပိုင္ပိုင္နိုင္နိုင္ အၿပီးအျပတ္ထိန္းနိုင္ေရးပါပဲ။

#အားကစားသမား စိတ္ဓါတ္အေမ ပထမဦးဆုံး နားလည္တဲ့ အဂၤလိပ္ေဝါဟာရက ဘာလဲဆိုေတာ့ ”Sportsman Spirit ” အဲဒါေမေမက ငယ္ငယ္တုန္းကသင္ေပးတာ။ အေမက ေမာင္ႏွမေတြထဲမွာ အငယ္ဆုံးကိုး။ စိန္ေျပးတမ္းကစားလို့ရွိရင္ လိုက္ရၿပီဆို ဘယ္ေတာ့မွ မမိေတာ့ဘူး။ မမိေတာ့ စိတ္ညစ္တာေပါ့ေနာ္။ စိတ္ညစ္ေတာ့ ပ်င္းလည္းပ်င္း လာတာေပါ့။ တစ္ခ်ိန္လုံးပဲလိုက္ေနရတဲ့အခါက်ေတာ့ ငိုတာေပါ့။ ေမေမက ဆူတယ္။ ”အဲဒါ Sportsman Spirit – အားကစားသမား စိတ္ဓါတ္မရွိဘူး”တဲ့။ ေမေမကဆူတာေပါ့။ ရွုံးလည္းရွုံးတတ္ရမယ္။ နိုင္တတ္ယုံနဲ႔မလုံေလာက္ဘူး။ ရွုံးတဲ့အခါက်ရင္လည္း ႀကံ့ႀကံ့ခံနိုင္ရမယ္။ ေၾသာ္ အားကစား သမား စိတ္ဓာတ္ဆိုတာ ဒါပဲေပါ့ေနာ္။ နိုင္တတ္ယုံနဲ႔ မၿပီးေသးဘူး။ ရွုံးတတ္ရမယ္။ ရွုံးတဲ့အခါမွာလည္း ျပန္ၿပီးနိုင္ ေအာင္လုပ္နိုင္တဲ့ အင္အားကို ေမြးနိုင္ရမယ္။ အဲဒါေၾကာင့္ အားကစားသမားစိတ္ဓာတ္ကို တန္ဖိုးထားတယ္။

#ယေန႔ျမန္မာ့က်န္းမာေရး (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၂-၀၈-၂၀၂၀)ရက္ေန႔အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၃၆၀) ဦးရွိၿပီး အသက္တိမ္းပါးသူ(၆)ဦးရွိၿပီျဖစ္ပါသည္။

#ျမန္မာျပည္ႀကီးေဘးကင္းပါေစ။

#ကမၻာႀကီးက်န္းမာပါေစ။

Mother Suu (Chairperson of the National Level Central Committee on Prevention, Control and Treatment of COVID-19) held a video conferencing meeting with Prof. Dr. Thet Khaing Win (Permanent Secretary of the Ministry of Health and Sports), U Zaw Zaw (Chairman, Myanmar Football Federation) and U Thiha Sithu (Myanmar National Team Goalkeeper) on 12nd August,2020.

Chithmwe Kalay

ခ်စ္ေမႊး(ကေလး) ၁၂-၀၈-၂၀၂၀

အမေစု က (ယုန်)လိုမကျင့် ဖို့ (ယုန်)လို အရှေ့ခုန်ပေါက်သွားပြီးတော့မှ နောက်တော့ မှ ကျန်ရက် ခဲ့လို့ရှိရင် မကောင်းဘူးဟု သတိပေး

ဂိုးသွင်း အနိုင်ယူကြမယ်။ ဒီနေ့ သတင်းစာ ထဲမှာ ဖတ်ရတာကေ တာ့ ရုရှက Covid ကာကွယ်ဆေး တွေ့ပြီလို့ ပြောပါတယ်။ ဘယ်လောက်သေချာတယ်၊ မသေချာဘူး ဆိုတာကတော့ မသိရသေးဘူးပေါ့။ သေချာပြီဆိုတာနဲ့ #ကျွန်မတို့ပြည်သူတွေအတွက်အမြန်ဆုံးရအောင်လုပ်မှာပဲ။ ကျွန်မပြောရတဲ့အကြောင်းက ဒီကြားကာလမှာ သီးညှင်းခံကြပါ။ စည်းကမ်းထိန်းသိမ်းကြပါပေါ့။ ပြောရရင် #ဂိုးမသွင်းခင်လေးတင်မှခလုပ်တိုက်လဲတာတွေဘာတွေမဖြစ်ပါစေနဲ့ပေါ့။

အမေတစ်ဦးရဲ့ မျှော်လင့်ချက်။ အားကစားလောက အောင်မြင်ခြင်းဆိုတာ နိုင်ငံရဲ့ဂုဏ်သိက္ခာပဲ။ တစ်ချိန်တစ်ခါတုန်းကဆိုရင်၊ အမေတို့ခေတ်က (ပြုံးလျှက်) အမေတို့မျိုးဆက်တွေက ပြောလို့မဆုံးဘူးပေါ့နော်။ အမေတို့ငယ်ငယ်တုန်းကဆိုရင် မြန်မာနိုင်ငံဘောလုံးအသင်းက အာရှမှာထိပ်တန်းကပဲ။ အခုထက်ထိ ပြန်သတိရတယ်။ အဲလိုပြန်ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံဆိုတော့ အာရှမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် #အမြဲပဲထိပ်ကဖြစ်စေချင်တာပဲ။

#ရင်းမြစ်ပြဿနာ။ ဇော်ဇော် မကြာ ခဏပြောဖူးပါတယ်။ အမေတို့ ဘောလုံးသမားတွေက ပထမပိုင်းမှာ အင်တိုက်အားတိုက်ကစားပြီး၊ ဒုတိယပိုင်းမှာ အားကျလာတာဟာ ငယ်ငယ်တုန်းကတည်းက အာဟာရမပြည့်ဝခဲ့လို့ဆိုပြီး သုံးသပ်တဲ့အကြောင်းပြောဖူးပါတယ်။ #မွေးကတည်းက အာဟာရပြည့်ဝအောင်ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။

#အမေမြင်ချင်တဲ့ စုပေါင်း အင်အားTeam Work အဖွဲ့လိုက်လုပ်ရတဲ့ဟာကို အရမ်း သဘောကျတယ်။ အခုခေတ်မှာဆိုရင် ခေတ်စားနေတာက ဘာလဲဆိုတော့ လူတိုင်းကခေါင်းဆောင်ဖြစ်ချင်တယ်။ #ခေါင်းဆောင် သင်တန်းတွေသိပ်များတာပဲ(ပြုံးလျှက်)။ အဲဒါကြောင့် အမေခဏခဏပြောတယ်။ ခေါင်းဆောင်သင်တန်းချည်းပေးနေတာပဲ။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်၊ အလုပ်သမားခေါင်းဆောင်၊ ဟိုခေါင်းဆောင်၊ ဒီခေါင်းဆောင်၊ ခေါင်းဆောင်ချည်းပဲဆို နောက်လိုက်ကဘယ်သူလဲ။ တကယ်တော့ ပူးပေါင်းဆောင်ရွက်မှုကအဓိက။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် Team တစ်ခုအနေနဲ့ ဘယ်သူက ဘယ်ဖက်မှာ အားသာတယ်ဆိုတာ ပေါ်လာတာပဲ။ သားကဂိုးသမား(ဦးသီဟစည်သူကိုရည်ညွှန်း)၊ လူတိုင်းက ဂိုးစောင့်တဲ့နေရာမှာ မတော်ကြဘူး။ ဂိုးစောင့်တဲ့သူလည်း ကွင်းထဲမှာ တစ်ခြားတစ်ယောက်နဲ့ယှဉ်တဲ့အခါ တော်ချင်မှတော်မှာ။ Team Spirit အဖွဲ့အစည်းစိတ်ဓာတ်ကိုအခြေခံပြီးလုပ်မှ အောင်မြင်မှာ။

#တစ်ကိုယ် ကောင်း မဆန်ဘို့။ဘောလုံး သမားတွေပေးနိုင်တဲ့စံပြစိတ်က ဘာလဲဆိုတော့ #အစုအဖွဲ့နဲ့လုပ်ဆောင်ခြင်း။ တစ်ယောက်တည်း ငါတကောကောတာမဟုတ်ဘဲနဲ့ ကိုယ့်အရည်အချင်းတက်ဖို့ ကိုယ့်ရဲ့ရဲဘော်ရဲဖက်တွေကို အားကိုးရသလို၊ ကိုယ့်ရဲဘော်ရဲဘက်တွေ အရည်အချင်းတက်ဖို့အတွက် ကိုယ်ကလည်းဝိုင်းဝန်းပံ့ပိုးရတယ်ဆိုတာကို ပြသနိုင်တာဟာ အမေတို့ နိုင်ငံအတွက် အင်မတန်ကောင်းတယ်။

#ယုန်လိုမကျင့်နဲ့။ အစိုးရက ကျန်းမာရေးဖြေလျှော့မှု တွေလုပ်တဲ့နေရာမှာ ဒုတိယလှိုင်းတွေဖြစ်မလာဖို့ တစ်ဆင့် တစ်ဆင့် သွားတာဟာ အကောင်းဆုံးပဲ။ ပြောရမယ်ဆို ယုန်နဲ့လိပ်လိုပေါ့။ ယုန်လို အရှေ့ခုန်ပေါက်သွားပြီးတော့မှ နောက်တော့မှ ကျန်ရက်ခဲ့လို့ရှိရင် မကောင်းဘူးပေါ့နော်။ လိပ်လိုပဲ မှန်မှန်လေးသွားပြီးတော့မှ ပန်းတိုင်ကိုအရင်ရောက်ဖို့ အရေးကြီးတယ်လေ။ ပန်းတိုင်ဆိုတာကတော့ Covid ကင်းရှင်းရေးနဲ့ Covid ရောဂါကို ပိုင်ပိုင်နိုင်နိုင် အပြီးအပြတ်ထိန်းနိုင်ရေးပါပဲ။

#အားကစားသမား စိတ်ဓါတ်အမေ ပထမဦးဆုံး နားလည်တဲ့ အင်္ဂလိပ်ဝေါဟာရက ဘာလဲဆိုတော့ ”Sportsman Spirit ” အဲဒါမေမေက ငယ်ငယ်တုန်းကသင်ပေးတာ။ အမေက မောင်နှမတွေထဲမှာ အငယ်ဆုံးကိုး။ စိန်ပြေးတမ်းကစားလို့ရှိရင် လိုက်ရပြီဆို ဘယ်တော့မှ မမိတော့ဘူး။ မမိတော့ စိတ်ညစ်တာပေါ့နော်။ စိတ်ညစ်တော့ ပျင်းလည်းပျင်း လာတာပေါ့။ တစ်ချိန်လုံးပဲလိုက်နေရတဲ့အခါကျတော့ ငိုတာပေါ့။ မေမေက ဆူတယ်။ ”အဲဒါ Sportsman Spirit – အားကစားသမား စိတ်ဓါတ်မရှိဘူး”တဲ့။ မေမေကဆူတာပေါ့။ ရှုံးလည်းရှုံးတတ်ရမယ်။ နိုင်တတ်ယုံနဲ့မလုံလောက်ဘူး။ ရှုံးတဲ့အခါကျရင်လည်း ကြံ့ကြံ့ခံနိုင်ရမယ်။ သြော် အားကစား သမား စိတ်ဓာတ်ဆိုတာ ဒါပဲပေါ့နော်။ နိုင်တတ်ယုံနဲ့ မပြီးသေးဘူး။ ရှုံးတတ်ရမယ်။ ရှုံးတဲ့အခါမှာလည်း ပြန်ပြီးနိုင် အောင်လုပ်နိုင်တဲ့ အင်အားကို မွေးနိုင်ရမယ်။ အဲဒါကြောင့် အားကစားသမားစိတ်ဓာတ်ကို တန်ဖိုးထားတယ်။

#ယနေ့မြန်မာ့ကျန်းမာရေး (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၀၈-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၆၀) ဦးရှိပြီး အသက်တိမ်းပါးသူ(၆)ဦးရှိပြီဖြစ်ပါသည်။

#မြန်မာပြည်ကြီးဘေးကင်းပါစေ။

#ကမ္ဘာကြီးကျန်းမာပါစေ။

Mother Suu (Chairperson of the National Level Central Committee on Prevention, Control and Treatment of COVID-19) held a video conferencing meeting with Prof. Dr. Thet Khaing Win (Permanent Secretary of the Ministry of Health and Sports), U Zaw Zaw (Chairman, Myanmar Football Federation) and U Thiha Sithu (Myanmar National Team Goalkeeper) on 12nd August,2020.

Chithmwe Kalay

ချစ်မွှေး(ကလေး) ၁၂-၀၈-၂၀၂၀