




အိပ်ယာနိုးနိုးချင်းမှာ ချစ်ဇနီးလေးကို မထွေးပွေ့ရတဲ့ အတွက် မနက်ခင်းက မပြည့်စုံဘူး ဆိုတဲ့ ရွှေထူးရဲ့ စကား တစ်ခွန်း ကြောင့် ကြွေကျခဲ့ ရတဲ့ ရွှေမှုံရတီ

ပရိသတ်တွေချစ်ကြတဲ့ ရွှေထူးနဲ ့ရွှေမှုံရတီ ကတော့ တစ်ယောက်ကို တစ်ယောက် လေးစားယုံကြည်မှုတွေနဲ့ ခိုင်မာတဲ့ အိမ်ထောင်တစ်ခုကို တူနှစ်ကိုယ်ပုံ ဖော်နေကြသူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင် သက် (၂)နှစ်နီးပါးရှိသည့်တိုင် တစ်ယောက်ကို တစ်ယောက် မပြောင်းလဲတဲ့ အချစ်တွေနဲ့ ပရိသတ်တွေ အားကျရလောက်တဲ့ အထိ အသည်းပိုကြသူများ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီ ကလည်း သူတို့နှစ်ယောက်ရဲ့ အနုပညာ လှုပ်ရှားမှုတွေ အပြင် ကြည်နူးဖွယ်ရာအချစ်တွေ အကြောင်းကို ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက် မခံနိုင်အောင် သည်းသည်းလှုပ် ချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီကနေ့မှာလည်း ချစ်တဲ့ ပရိသတ် တွေ အားကျစိတ်တွေ ဖြစ်စေခဲ့တာကို တွေ့ရပါတယ်။

ရွှေထူးက အလုပ်ကိစ္စနဲ့ တစ်နယ်တစ်ကျေးကို ရောက်ရှိနေတာ ဖြစ်ပြီး အိပ်ယာနိုးနိုးချင်းမှာ ချစ်ဇနီးလေးကို မထွေးပွေ့ရတဲ့ အတွက် မနက်ခင်းက မပြည့်စုံဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချစ်ဇနီးလေးကို ကြွေကျစေခဲ့တာပဲ ဖြစ်ပါတယ်။ရွှေမှုံရတီ ကလည်း သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရဲ့ စကားတစ်ခွန်းကြောင့် ရင်တွေခုန်သွား ရမယ် ဆိုတာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း ရွှေမှုံရတီနဲ့ ရွှေထူးရဲ့ အပြန်အလှန် ပြောစကားတွေကို ကြည့်ပြီး ကြည်နူးနေမိမှာ သေချာပါတယ်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Shwe Mhone Yati’s fb