ထိုင်း အစိုးရရဲ့ ၂၀၂၀ လက်ဆောင်မွန်က ထိုင်းနိုင်ငံရဲ့နာမည်ကြီး ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်တဲ့အခါ တစ်ခါသုံး ကျွတ်ကျွတ်အိတ်တွေ မပေးတော့ဖို့ ထိုင်းအစိုးရက တောင်းဆိုလိုက်တာပါပဲ ။

၂ ၀၂၀ ဇန်နဝါရီလကစပြီး စင်တာတွေမှာ ဈေးဝယ်သွားတဲ့အခါ ကိုယ်ပိုင်ချည်ထည် အိတ်လေးတွေသာ အသုံးပြုကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားတာကြောင့် ယခုအခါ ၄င်းအိတ်များကိုသာ သုံးစွဲရတော့မယ့် အခြေအနေဖြစ်သွားပါပြီ ။

ထိုင်း အစိုးရဟာ နောက် ၁ နှစ်အကြာ ၂၀၂၁ အရောက်မှာ ဆိုင်အားလုံးဟာ လုံးဝ ပလပ်စတစ် အိတ်တွေ မပေးကြဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ပလပ်စတစ် တန်ချိန် ငါးထောင်ကျော်ကို သုံးစွဲခဲ့ပြီး ပင်လယ်ထဲကို ပလပ်စတစ်ရောက်စေတဲ့ ကမ္ဘာ့ ထိပ်တန်းနိုင်ငံတွေထဲမှာ အဆင့် ၆ ရှိနေပါတယ်။

အဲဒီလို ပလပ်စတစ်အိတ် မသုံးရဘူးလို့ ထိုင်းအစိုးရက ကြေညာလိုက်တဲ့အချိန်မှာ ထိုင်းပြည်သူတွေ ဘာလုပ်ကြပါသလဲ။ အွန်လိုင်းပေါ်ကနေ အစိုးရကို ဖောင်းထုကြရောလား၊ ပုံစံမျိုးစုံနဲ့ ထရိုးကြရောလား၊ ဆရာကြီးလေသံနဲ့ ပလပ်စတစ်အိတ် မသုံးရလို့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အာချောင်ကြရောလား၊ လုပ်ငန်းရှင်တွေက စီးပွားပျက်ပါပြီ အော်ကြရောလား၊ ခနဲ့သလိုလို ရွဲ့သလိုလိုနဲ့ အောက်ကလိအာ ကြရောလား?

ထိုင်းပြည်သူတွေက အပေါ်ကပြောတဲ့အချက်တွေ မလုပ်ကြပါဘူး။ ပုံမှာ မြင်တွေ့တဲ့အတိုင်းပဲ ထုတ်ပြန်ထားတဲ့အမိန့်နဲ့ အညီ ကိုယ့်အိတ်ကိုယ်လွယ်ပြီး ဈေးဝယ်ကြတော့တာပါပဲ။ ပုံတွေကတော့ ရယ်စရာကောင်းပေမယ့် အစိုးရနဲ့ ပြည်သူ တသားထဲ ဖြစ်နေတဲ့ ပုံရိပ်တွေကို တွေ့ရတာ ကျေနပ်ဖို့ ကောင်းပါတယ်။ ဒီအချက်ကလည်း ထိုင်းတွေက မြန်မာတွေထက် ပိုပြီး တိုးတက်ရတဲ့ အကြောင်းအရင်းတွေထဲက အချက်တချက်ပဲ ဖြစ်ပါတယ်။

မောင်လေးလုံး