





ငွေကျပ် သိန်း ( ၃၇၀ ) ကျော် လိမ်လည် သည့် စစ်ကိုင်း မြို့ က အုပ် ချုပ်ရေး မှူး အား ဖမ်းဆီး လိုက်

စစ် ကိုင်းမြို့ နယ် စည်ပင် သာယာရေး ကော်မတီ ၏ အဆောက်အ ဦးဆောက် လု ပ်ခွင့် ဆိုင်းဘုတ်နှင့် ဘဏ်သွင်း ချလံ များ အတုပြုလုပ်ကာငွေကြေးလိ မ်လည် သည့် စစ် ကိုင်းမြို့ ၊ ပတ္တမြား ရပ်ကွက် အုပ်ချုပ်ရေးမှုး အား ဖမ်းဆီးထားကြောင်း စစ်ကိုင်းမြို့မရဲစခန်း မှ ယနေ့သိရ သည်။

ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက် တွင် စစ်ကိုင်းမြို့နယ် စည် ပင်သာယာ ရေး ကော်မတီ ဥက္ကဌ ဦးဝင်းနိုင်နှင့် စည်ပင်အင် / ယာဌာန မှ ဒုလက်ထောက် အင်ဂျင်နီယာ များဖြစ်သော ဒေါ်တင်မျိုးအေး၊ ဒေါ်နေခြည်စိုး တို့သည် စစ်ကိုင်း စက်မှုဇုန်၊ ပတ္တမြားရပ်ကွက်၊ အမှတ်၈လမ်းမဘေး ရှိဆောက်လုပ်ဆဲ အဆောက် အဦးအား ဝင်ရောက် စစ်ဆေးရာ အစောင့် ဝန်ထမ်း အောင်သက်ထွေးအားမေးမြန်းရာ အဆောက်အဦး ဆောက်လုပ်ရန် အတွက် ခွင့်ပြုချက် တောင်းခံပြီးဖြစ်ကြောင်းနှင့် စည်ပင် သာယာ ခွင့်ပြုချက် ဆိုင်းဘုတ်အားပြသရာ အတုဖြစ်နေကြောင်းတွေ့ရှိ သဖြင့် ဆက်လက် စစ်ဆေးရာ ဆိုင်းဘုတ် ရရှိအောင်ဆောင်ရွက်ပေးသူ မှာ ပတ္တမြား ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်သိန်း မှ တာဝန်ယူဆောင်ရွက်ပေး ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်း အရသိ ရသည်။

ပတ္တမြား ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်သိန်း မှ အခွန်ငွေတောင်း ခံစဉ် စည်ပင် သာယာ ဝန်ထမ်းများ ပါသည် ဟုပြောဆိုပြီး အမည်မသိ လူနှစ်ဦးအား စည်ပင်ဝန်ထမ်း အယောင်ဆောင် ပြသ၍ စည်ပင်သာယာရေး ကော်မတီ ၏ အဆောက် အဦးဆောက်လုပ်ခွင့် ခွင့်ပြုချက် ဆိုင်းဘုတ်နှင့် ဘဏ်သွင်းငွေချလံများ အား အတုပြုလုပ်ခဲ့ပြီး ကျပ်သိန်း ၃၇၀ ကျော် ( ၃၇၄၅၀၀၀၀ ) အား လိမ်လည်ရယူခဲ့သဖြင့် စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးကော် မတီ ၊ အင် ဂျင်နီယာမှူး ဦးတင်မောင်စိုး မှ တရားလိုပြုလုပ်ကာ စစ်ကိုင်းမြို့မ ရဲစခန်း သို့ ဩဂုတ် ၁၁ တွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်း အရ သိရသည် ။

အမှုနှင့်ပ တ်သတ်၍ တရားလို၊ သက်သေများအား စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီးနောက် စစ်ကိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ထံ ဖမ်းဆီးချုပ်နှောင် ခွင့်ပြုမိန့်တောင်း ခံခဲ့ပြီး ဩဂုတ် ၁၁ ညပိုင်း တွင် ပတ္တမြား ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်သိ န်းအား ဖမ်းဆီး ခဲ့ပြီး စည်ပင်ဝန်ထမ်း အယောင် ဆောင် ခဲ့သည့် ကျန် အမည် မသိလူနှစ်ဦး အား ဆက်လက်စုံစမ်းေ နကြောင်း ရဲမှုခင်း မှတ်တမ်း အရ သိရသည် ။

စစ်ကိုင်းမြို့နယ်စ ည် ပင်သာယာရေး ကော်မတီ ၏ အဆောက် အဦးဆောက် လုပ်ခွင့် ဆိုင်းဘုတ်နှင့် ဘဏ်သွင်း ချလံများ အတုပြု လုပ် ကာ ငွေကြေး လိမ်လည်သည့် စစ်ကိုင်းမြို့ ၊ပတ္တမြား ရပ်ကွက် အုပ်ချုပ်ရေးမှုး အား စစ်ကိုင်းမြို့မ ရဲစခန်း တွင် (ပ)၅၅၁/၂ ၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ / ၄၆၈ ဖြင့်အမှုဖွင့် ဖမ်းဆီးထား ကြောင်း သိ ရ သည် ။