ထမင္းမေကၽြးနိုင္ တဲ့ ဂိမ္း ကို အျပတ္ျဖတ္နိုင္ ခဲ့တဲ့ ျမန္မာတနိုင္ငံ လုံး ပထမဆုရွင္ မေမသက္ထြန္း

၉-၈၂၀၂၀ ရက္ေန႔ ၁၂ နာရီ ၃၀ အခ်ိန္မွာေတာ့ ျမန္မာတနိုင္ငံလုံး မွ ဆယ္တန္းေက်ာင္းသားေတြအတြက္ ေအာင္စာရင္းထြက္ေပၚလာခဲ့ၿပီပဲျဖစ္ပါတယ္။ အထက (၁) ဒဂုံမွ ဝင္ေရာက္ေျဖဆိုခဲ့တဲ့ မေမသက္ထြန္းကေတာ့ ၂၀၂၀ ခုႏွစ္အတြက္ ျမန္မာတနိုင္ငံလုံးဆယ္တန္းအမွတ္အမ်ားဆုံးရရွိခဲ့တဲ့ ေက်ာင္းသူတစ္ဦးျဖစ္လာခဲ့တာပါ။

သူမအေနနဲ႔ ကေလးအထူးကုဆရာဝန္မႀကီးျဖစ္ခ်င္ခဲ့သည့္ အိပ္မက္ကို မေမသက္ထြန္းတစ္ေယာက္ ယခုလက္ေတြ႕အေကာင္အထည္ေဖာ္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ယေန႔မွာေတာ့ သူမ ဆယ္တန္းမွာ အမွတ္အမ်ားဆုံးရရွိေအာင္ ႀကိဳးစားခဲ့ရပုံေတြနဲ႔ ဆယ္တန္းက်ရႈံးခဲ့ရတဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ ဘယ္လိုေအာင္ျမင္ေအာင္ ေဆာင္ရြက္သင့္သလဲဆိုတာကို ေျပာျပလာခဲ့တာပါ။

မေမသက္ထြန္းက ” ညီမကေတာ့ ဆယ္တန္းစာ စလုပ္ကတည္းက TimeTable ဆြဲၿပီး စာေသခ်ာၾကည့္ျဖစ္ပါတယ္။ ေက်ာင္းစာေမးပြဲေတြ က်ဴရွင္စာေမးပြဲေတြေၾကာင့္ TimeTable ထဲမဝင္လို႔ရွိရင္ အိပ္ခ်ိန္ကို နည္းနည္းေလၽွာ့ၿပီးေတာ့ စာက်က္ျဖစ္ပါတယ္။ အားနည္းတဲ့ ဘာသာရပ္ေတြကို ပိုလုပ္ျဖစ္တယ္ေပါ့။ မရတဲ့စာေတြကို ထပ္ခါတလဲလဲဖတ္ၿပီးေတာ့ ေခါင္းထဲမွာ စြဲေအာင္လုပ္တယ္ေပါ့။ တြက္ရတာ ခက္ခဲတဲ့ပုစၧာေတြ ဆိုလို႔ရွိရင္လည္း ထပ္ခါထပ္ခါ ျပန္လုပ္ျဖစ္တယ္ေပါ့။” လို႔ သူမရဲ့ စာက်က္ပုံနည္းစနစ္ေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီးသူမက ” ညီမကိုယ္တိုင္လည္း ဂိမ္းကို တန္းတန္းစြဲေဆာ့ခဲ့တဲ့သူ တစ္ေယာက္ပါ။ဒ ါေပမယ့္ ဒီဆယ္တန္းတစ္ႏွစ္မွာေတာ့ ေသခ်ာႀကိဳးစားမယ္ဆိုၿပီးေတာ့ ကိုးတန္းတုန္းက ေဆာ့လာတဲ့ဂိမ္းကို ေႏြရာသီ သုံးလအတြင္းမွာ ေသခ်ာအျပတ္ျဖတ္တယ္ေပါ့။ စစခ်င္း ဧၿပီလေလာက္မွာေတာ့ ဂိမ္းကိုေဆာ့ခ်င္တယ္ မေဆာ့ရရင္မေနနိုင္ဘူးေတြျဖစ္တယ္။ ဒါေပမယ့္ကိုယ့္ကို တကယ္ထမင္းမေကၽြးနိုင္တဲ့ဂိမ္းကို ေရြးမလားဆိုတာ ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ ကိုယ့္စိတ္ကိုယ္နိုင္ေအာင္ ထိန္းနိုင္ခဲ့တာပါ။ ” လို႔ သူမရဲ့ အေတြ႕အၾကဳံကို မၽွေဝေပးခဲ့တာပါ။

ဒါကေတာ့ ျမန္မာတနိုင္ငံလုံးမွာဆယ္တန္းအမွတ္အမ်ားဆုံးရရွိခဲ့တဲ့ မေမသက္ထြန္း ေျပာျပခဲ့တာေတြပဲျဖစ္ပါတယ္ပရိသတ္ႀကီးေရ။ ေနာက္ႏွစ္ခါ ဆယ္တန္းေျဖဆိုမယ့္ ညီငယ္ညီမငယ္ေတြစိတ္အားတက္ေစဖို႔မၽွေဝေပးလိုက္ပါတယ္ေနာ္။

ထမင်းမကျွေးနိုင် တဲ့ ဂိမ်း ကို အပြတ်ဖြတ်နိုင် ခဲ့တဲ့ မြန်မာတနိုင်ငံ လုံး ပထမဆုရှင် မမေသက်ထွန်း

၉-၈၂၀၂၀ ရက်နေ့ ၁၂ နာရီ ၃၀ အချိန်မှာတော့ မြန်မာတနိုင်ငံလုံး မှ ဆယ်တန်းကျောင်းသားတွေအတွက် အောင်စာရင်းထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ အထက (၁) ဒဂုံမှ ဝင်ရောက်ဖြေဆိုခဲ့တဲ့ မမေသက်ထွန်းကတော့ ၂၀၂၀ ခုနှစ်အတွက် မြန်မာတနိုင်ငံလုံးဆယ်တန်းအမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသူတစ်ဦးဖြစ်လာခဲ့တာပါ။

သူမအနေနဲ့ ကလေးအထူးကုဆရာဝန်မကြီးဖြစ်ချင်ခဲ့သည့် အိပ်မက်ကို မမေသက်ထွန်းတစ်ယောက် ယခုလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ သူမ ဆယ်တန်းမှာ အမှတ်အများဆုံးရရှိအောင် ကြိုးစားခဲ့ရပုံတွေနဲ့ ဆယ်တန်းကျရှုံးခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်သင့်သလဲဆိုတာကို ပြောပြလာခဲ့တာပါ။

မမေသက်ထွန်းက ” ညီမကတော့ ဆယ်တန်းစာ စလုပ်ကတည်းက TimeTable ဆွဲပြီး စာသေချာကြည့်ဖြစ်ပါတယ်။ ကျောင်းစာမေးပွဲတွေ ကျူရှင်စာမေးပွဲတွေကြောင့် TimeTable ထဲမဝင်လို့ရှိရင် အိပ်ချိန်ကို နည်းနည်းလျှော့ပြီးတော့ စာကျက်ဖြစ်ပါတယ်။ အားနည်းတဲ့ ဘာသာရပ်တွေကို ပိုလုပ်ဖြစ်တယ်ပေါ့။ မရတဲ့စာတွေကို ထပ်ခါတလဲလဲဖတ်ပြီးတော့ ခေါင်းထဲမှာ စွဲအောင်လုပ်တယ်ပေါ့။ တွက်ရတာ ခက်ခဲတဲ့ပုစ္ဆာတွေ ဆိုလို့ရှိရင်လည်း ထပ်ခါထပ်ခါ ပြန်လုပ်ဖြစ်တယ်ပေါ့။” လို့ သူမရဲ့ စာကျက်ပုံနည်းစနစ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးသူမက ” ညီမကိုယ်တိုင်လည်း ဂိမ်းကို တန်းတန်းစွဲဆော့ခဲ့တဲ့သူ တစ်ယောက်ပါ။ဒ ါပေမယ့် ဒီဆယ်တန်းတစ်နှစ်မှာတော့ သေချာကြိုးစားမယ်ဆိုပြီးတော့ ကိုးတန်းတုန်းက ဆော့လာတဲ့ဂိမ်းကို နွေရာသီ သုံးလအတွင်းမှာ သေချာအပြတ်ဖြတ်တယ်ပေါ့။ စစချင်း ဧပြီလလောက်မှာတော့ ဂိမ်းကိုဆော့ချင်တယ် မဆော့ရရင်မနေနိုင်ဘူးတွေဖြစ်တယ်။ ဒါပေမယ့်ကိုယ့်ကို တကယ်ထမင်းမကျွေးနိုင်တဲ့ဂိမ်းကို ရွေးမလားဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ကိုယ့်စိတ်ကိုယ်နိုင်အောင် ထိန်းနိုင်ခဲ့တာပါ။ ” လို့ သူမရဲ့ အတွေ့အကြုံကို မျှဝေပေးခဲ့တာပါ။

ဒါကတော့ မြန်မာတနိုင်ငံလုံးမှာဆယ်တန်းအမှတ်အများဆုံးရရှိခဲ့တဲ့ မမေသက်ထွန်း ပြောပြခဲ့တာတွေပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ။ နောက်နှစ်ခါ ဆယ်တန်းဖြေဆိုမယ့် ညီငယ်ညီမငယ်တွေစိတ်အားတက်စေဖို့မျှဝေပေးလိုက်ပါတယ်နော်။