
အ ဆိုတော် ပိုပိုက အဖေမရှိဘဲ မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ ဂုဏ်ထူး(၄)ဘာသာ ဆုရှင် မမိုးမိုးကို သွားရောက်လှူဒါန်း ငွေကြေး မပြည့်စုံတဲ့ကြားက ကြိုးစားခဲ့လို့တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူး၎ ဘာသာ နဲ့အောင်မြင်ခဲ့ပေမဲ့ သူမရဲ့အိပ်မက်ဖြစ်တဲ့ B.Ed ဆက်လက်တက်ရောက်နိုင်ဖို့အတွက် ဝါးတရာကျေးရွာက မမိုးမိုး အခက်အခဲကြုံနေခဲ့ပါတယ်



ထန်းညက်ခဲ

အဖေ မရှိ ချို့တဲ့လွန်း တဲ့ ကလေးမလေး အိမ်မက်တွေ ဖော် ဆောင်နိုင် ရန် စိတ်ထား လှ တဲ့ အဆိုတော် ပိုပို လှူဒါန်း

အ ဆိုတော် ပိုပိုက အဖေမရှိဘဲ မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ ဂုဏ်ထူး(၄)ဘာသာ ဆုရှင် မမိုးမိုးကို သွားရောက်လှူဒါန်း ငွေကြေး မပြည့်စုံတဲ့ကြားက ကြိုးစားခဲ့လို့တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူး၄ ဘာသာ နဲ့အောင်မြင်ခဲ့ပေမဲ့ သူမရဲ့အိပ်မက်ဖြစ်တဲ့ B.Ed ဆက်လက်တက်ရောက်နိုင်ဖို့အတွက် ဝါးတရာကျေးရွာက မမိုးမိုး အခက်အခဲကြုံနေခဲ့ပါတယ်

ဒါကြောင့် အဆိုတော် ပိုပိုက ညီမလေးမိုးမိုးအတွက် အိမ်မက်တွေ အကောင်အထည်ဖော်နိုင်အောင် သွားရောက်လှူဒါန်းခဲ့ပါတယ် အဆိုတော်ပိုပိုက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အခုလို သွားရောက် လှူဒါန်းမှုလေးတွေကို တင်ပြထားတာပါ အဖေမရှိပေမယ့် မိခင် နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့

လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုး ဖြစ်ချင် တဲ့ ဆရာမ တစ်ယောက်ဖြစ်ပြီး ညီမလေး ရဲ့ စိတ်ကူး အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေ ပိုပို နဲ့ ကိုဟိဏ်းသစ် စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ် ဆိုပါတယ် စိတ်ထားလှတဲ့ ပိုပိုရေ နောက်လည်း လိုအပ်နေသူတွေကို များများ ကူညီနိုင်ပါစေနော်…အနုပညာ ခရီးလမ်းလည်း ပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်း လိုက်ပါတယ်

ထန်းညက်ခဲ