မိုးကုတ္ တြင္ (၂) ရက္ ဆက္တိုက္ ေက်ာက္ တြင္း ေဟာင္း မ်ား ၿပိဳက်၊ လူ (၃) ဦး ေသ ဆုံး

မိုးကုတ္ၿမိဳ႕နယ္ ေက်ာက္ျပသာဒ္ ရြာရွိ ကုေဋကုဋာ ေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္း ေဟာင္းတြင္ ေျမၿပိဳက်ရာမွ ေက်ာက္ရွာသူႏွစ္ဦး ေသဆုံး

မႏၲေလးတိုင္း ေဒသႀကီး၊ ျပင္ဦးလြင္ ခရိုင္၊ မိုးကုတ္ၿမိဳ႕နယ္ ေက်ာက္ျပသာဒ္ ေက်းရြာရွိ “ကုေဋကုဋာ ေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္း” တြင္းေဟာင္းတြင္ ေျမၿပိဳက်ရာမွ ေက်ာက္ရွာသူ ႏွစ္ဦးေသဆုံး မႈ ယေန႔ (ၾသဂုတ္ ၁၂ ရက္) ညေန ၃ နာရီအခ်ိန္ခန႔္က ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာနိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (မိုးကုတ္) ထံက သိရပါတယ္။

အဆိုပါ ကုေဋကုဋာ ေက်ာက္မ်က္ တူးေဖာ္ေရး လုပ္ငန္း တြင္းေဟာင္း ေျမၿပိဳက်မႈ ျဖစ္ပြားရာေနရာသို႔ ျမန္မာနိုင္ငံ လူမႈကယ္ဆယ္ ေရးအဖြဲ႕ (မိုးကုတ္) အဖြဲ႕မွ အဖြဲ႕ဝင္မ်ားသည္ မိတ္ဖက္အဖြဲ႕အစည္း မ်ားႏွင့္ ပူးေပါင္း၍ ရွာေဖြကူညီ ကယ္ဆယ္မႈမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း ျမန္မာနိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (မိုးကုတ္) မွ သတင္းျပန္ၾကားေရး ကိုဟိန္းထက္ေမာင္က ေျပာၾကားပါတယ္။

“မိုးကုတ္ၿမိဳ႕ ေက်ာက္ျပတ္ သပ္ေက်းရြာ ကုေဋကုဋာ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္း အေဟာင္းမွာ တြင္းေပ ၂၅၀ ခန႔္ အနက္ရွိတဲ့ ေရေပါက္ၿပီး တြင္းၿပိဳက်မႈ ျဖစ္ပြားတယ္လို႔ ကၽြန္ေတာ္တို႔ အဖြဲ႕ကို ဖုန္းဆက္လို႔ ကၽြန္ေတာ္တို႔ အဖြဲ႕ ျဖစ္စဥ္ေနရာကို သြားခဲ့တယ္။ ျဖစ္စဥ္မွာေတာ့ လူ ၇ ဦး ေပါ့ေနာ္ ၅ ဦးက လြတ္ ေျမာက္ခဲ့ၿပီး ႏွစ္ဦးက တြင္းထဲမွာ က်န္ေနတယ္ အဲႏွစ္ဦးကေတာ့ ေသဆုံး သြားပါတယ္။ အခု အျပင္ကို ထုတ္ခဲ့ၿပီ ျဖစ္ပါတယ္” ဟု ၎ကေျပာၾကားပါတယ္။

အလားတူ ၾသဂုတ္လ ၁၁ ရက္ေန႔ ညေနပိုင္း အခ်ိန္က မိုးကုတ္ၿမိဳ႕ရွိ ေက်ာက္မ်က္ တူးေဖၚေရး လုပ္ကြက္ေဟာင္း တစ္ခုျဖစ္သည့္ ဓာတ္ေတာ္ျပန႔္လုပ္ ကြက္ ပ်ားစြဲ လူးတြင္ တြင္းၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး ေက်ာက္ရွာ ေဖြေနသူ တြင္းလုပ္သား သုံးဦးမွာ ေျမေအာက္ ေပ ၁၅၀၀ ခန႔္တြင္ ပိတ္မိေနခဲ့ေၾကာင္း၊ ပိတ္မိေနသည့္ သုံးဦးအနက္ ႏွစ္ဦးမွာ အသက္ရွင္လ်က္သို႔ အျပင္သို႔ ျပန္လည္ ေရာက္ရွိလာၿပီး တစ္ဦးမွာ တြင္းအတြင္း ပိတ္မိေပ်ာက္ဆုံး ေနခဲ့ရာ ၎အား ည ၈ နာရီအခ်ိန္ခန႔္တြင္ ပူးေပါင္းရွာေဖြ ကယ္ဆယ္ေရး အဖြဲ႕က ရႊံ့ႏြံႏွင့္ ေက်ာက္ခဲမ်ားၾကား တြင္ပိကာ ေသဆုံးလ်က္ ေတြ႕ရွိခဲ့ၿပီးေနာက္ ကယ္ဆယ္ေရး အဖြဲ႕မ်ားမွ ေသဆုံးေနသည္ ႐ုပ္အေလာင္း အား လူးတြင္းမွ အျပင္သို႔ ခက္ခဲစြာ ျပန္လည္ ထုတ္ယူ သယ္ေဆာင္ကာ ႐ုပ္အေလာင္း အား ည ၁၀ နာရီတြင္ မိုးကုတ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံ‌ ေမာ္က်ဴရီသို႔ ျမတ္ေစတနာ လူမႈေရး အသင္း ကားျဖင့္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

မိုးကုတ် တွင် (၂) ရက် ဆက်တိုက် ကျောက် တွင်း ဟောင်း များ ပြိုကျ၊ လူ (၃) ဦး သေ ဆုံး

မိုးကုတ်မြို့နယ် ကျောက်ပြသာဒ် ရွာရှိ ကုဋေကုဋာ ကျောက်မျက် တူးဖော်ရေး လုပ်ငန်း ဟောင်းတွင် မြေပြိုကျရာမှ ကျောက်ရှာသူနှစ်ဦး သေဆုံး

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ မိုးကုတ်မြို့နယ် ကျောက်ပြသာဒ် ကျေးရွာရှိ “ကုဋေကုဋာ ကျောက်မျက် တူးဖော်ရေး လုပ်ငန်း” တွင်းဟောင်းတွင် မြေပြိုကျရာမှ ကျောက်ရှာသူ နှစ်ဦးသေဆုံး မှု ယနေ့ (သြဂုတ် ၁၂ ရက်) ညနေ ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) ထံက သိရပါတယ်။

အဆိုပါ ကုဋေကုဋာ ကျောက်မျက် တူးဖော်ရေး လုပ်ငန်း တွင်းဟောင်း မြေပြိုကျမှု ဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ (မိုးကုတ်) အဖွဲ့မှ အဖွဲ့ဝင်များသည် မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ရှာဖွေကူညီ ကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) မှ သတင်းပြန်ကြားရေး ကိုဟိန်းထက်မောင်က ပြောကြားပါတယ်။

“မိုးကုတ်မြို့ ကျောက်ပြတ် သပ်ကျေးရွာ ကုဋေကုဋာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း အဟောင်းမှာ တွင်းပေ ၂၅၀ ခန့် အနက်ရှိတဲ့ ရေပေါက်ပြီး တွင်းပြိုကျမှု ဖြစ်ပွားတယ်လို့ ကျွန်တော်တို့ အဖွဲ့ကို ဖုန်းဆက်လို့ ကျွန်တော်တို့ အဖွဲ့ ဖြစ်စဉ်နေရာကို သွားခဲ့တယ်။ ဖြစ်စဉ်မှာတော့ လူ ၇ ဦး ပေါ့နော် ၅ ဦးက လွတ် မြောက်ခဲ့ပြီး နှစ်ဦးက တွင်းထဲမှာ ကျန်နေတယ် အဲနှစ်ဦးကတော့ သေဆုံး သွားပါတယ်။ အခု အပြင်ကို ထုတ်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားပါတယ်။

အလားတူ သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း အချိန်က မိုးကုတ်မြို့ရှိ ကျောက်မျက် တူးဖေါ်ရေး လုပ်ကွက်ဟောင်း တစ်ခုဖြစ်သည့် ဓာတ်တော်ပြန့်လုပ် ကွက် ပျားစွဲ လူးတွင် တွင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကျောက်ရှာ ဖွေနေသူ တွင်းလုပ်သား သုံးဦးမှာ မြေအောက် ပေ ၁၅၀၀ ခန့်တွင် ပိတ်မိနေခဲ့ကြောင်း၊ ပိတ်မိနေသည့် သုံးဦးအနက် နှစ်ဦးမှာ အသက်ရှင်လျက်သို့ အပြင်သို့ ပြန်လည် ရောက်ရှိလာပြီး တစ်ဦးမှာ တွင်းအတွင်း ပိတ်မိပျောက်ဆုံး နေခဲ့ရာ ၎င်းအား ည ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က ရွှံ့နွံနှင့် ကျောက်ခဲများကြား တွင်ပိကာ သေဆုံးလျက် တွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များမှ သေဆုံးနေသည် ရုပ်အလောင်း အား လူးတွင်းမှ အပြင်သို့ ခက်ခဲစွာ ပြန်လည် ထုတ်ယူ သယ်ဆောင်ကာ ရုပ်အလောင်း အား ည ၁၀ နာရီတွင် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံ‌ မော်ကျူရီသို့ မြတ်စေတနာ လူမှုရေး အသင်း ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။