၁၀ တန္း တစ္ႏွစ္ ထဲ စာေတြ က်ဳံးလုပ္ ႐ုံနဲ႔ မရ ေတာ့တဲ့ စနစ္ သစ္ ပညာ ေရး အေၾကာင္း

ကဲ လာပါၿပီ ၁၀ တန္း တစ္ႏွစ္ ထဲ စာလုပ္႐ုံနဲ႔ မရေတာ့တဲ့ ပညာေရး… Grade 10, 11, 12 သုံးႏွစ္လုံးမွာ Grade A ရမွ ကိုယ္ႏွစ္သက္တဲ့တကၠသိုလ္ကို ေရြးခ်ယ္လို႔ရမွာ ျဖစ္ၿပီး Grade B,C ရတဲ့သူက သတ္မွတ္ ထားတဲ့ တကၠသိုလ္သာဝင္ခြင့္ရမွာပါ

စနစ္သစ္ ပညာေရးအေၾကာင္း ဖတ္ျဖစ္ေအာင္ ဖတ္ၾကည့္ပါ။ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ Grade 10 (ဒသမတန္း)ေက်ာင္းတြင္း စစ္စာေမးပြဲ၊ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္ Grade 11 (ဧကဒသမတန္း) ေက်ာင္းတြင္းစစ္စာေမးပြဲ၊ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ Grade 12 (ဒြာဒသမတန္း)ေက်ာင္းတြင္းစစ္စာေမးပြဲ ႏွင့္ နိုင္ငံေတာ္အစိုးရစစ္စာေမးပြဲ စာေမးပြဲႏွစ္ခုရွိပါသည္။

Grade 12 ေက်ာင္းတြင္းစစ္ စာေမးပြဲေျဖဆို ေအာင္ျမင္ပါက သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ ရရွိမည္ျဖစ္ပါသည္။ ထိုလက္မွတ္ျဖင့္ ေကာလိပ္မ်ား၊ Instituteမ်ား (ပညာေရး ေကာလိပ္၊GTI အစရွိသျဖင့္) ဝင္ခြင့္ေျဖဆိုခြင့္ ရမည္ျဖစ္ပါသည္။ သို႔ေသာ္ ၂၀၂၃ ခုႏွစ္ မတ္လတြင္ က်င္းပျပဳလုပ္ သည့္ နိုင္ငံေတာ္ အဆင့္ အစိုးရစစ္စာေမးပြဲသည္သာ University မ်ားတက္ေရာက္ခြင့္ရရွိမည့္ Grade အဆင့္သတ္မွတ္ခ်က္ရလဒ္စာေမးပြဲျဖစ္ပါသည္။

ထိုရလဒ္ Grade အေနအထား အေပၚမူတည္ၿပီးမွသာ တကၠသိုလ္ မ်ားကို ဝင္ခြင့္ေျဖဆိုခြင့္ရမည္ျဖစ္ပါသည္။ ထိုစာေမးပြဲတြင္ Grade A ရထားေသာ ကေလးသည္ ႏွစ္သက္ သလို တကၠသိုလ္ မ်ားကို ေရြးခ်ယ္ေျဖဆိုခြင့္ရမည္ျဖစ္ ေသာ္လည္း၊ Grade B,C အစရွိသျဖင့္ ရေသာကေလးမ်ားသည္ ထို Grade မ်ားကိုလက္ခံေျဖဆိုခြင့္ျပဳေသာ တကၠသိုလ္မ်ား၌သာ ေျဖခြင့္ရွိမည္ျဖစ္ပါသည္။

Grade မ်ားသည္လည္း ဘာသာရပ္ တိုင္းအတြက္ ေကာင္းရန္မလိုပါ။ မိမိ အဓိက ေရြးခ်ယ္မည့္ တကၠသိုလ္တစ္ခုကိုေတာ့ ကို G10 တည္းက ေသခ်ာ ဆုံးျဖတ္ ထားရန္ လိုအပ္ပါသည္။ ဥပမာ။ ။ေဆးတကၠသိုလ္ ဝင္ခြင့္အတြက္ဆိုလၽွင္ English၊ Physics၊ Chemistry၊ Biology ေလးဘာသာ၏ Grade ကိုသာၾကည့္၍ ဝင္ခြင့္ေျဖဆိုခြင့္ျပဳမျပဳ ဆုံးျဖတ္မည္ျဖစ္ၿပီး၊ Engineering ႏွင့္ IT တကၠသိုလ္မ်ားအတြက္ ဆိုလၽွင္ English၊ Math၊ Physics၊ Chemistry ေလးဘာ သာ၏ Grade မ်ားကိုသာ ၾကည့္မည္ျဖစ္ပါသည္။

ဘာသာစုံ Grade အျမင့္ဆုံးေတြ ရထားရင္ေတာ့ တကၠသိုလ္ ေရြးခ်ယ္နိုင္ခြင့္ပို မ်ားပါလိမ့္မည္။ ၁၂ တန္း အစိုးရစစ္ စာေမးပြဲႀကီးတြင္ (၆)ဘာသာ သာေျဖဆိုရပါမည္။ General Science ၊ Social Science ဘာသာ ရပ္မ်ား ေျဖရန္မလိုပါ။ ရွင္းေအာင္ေျပာရရင္ (၂ဘာသာ/၃ဘာသာ)ေပါင္းစည္း ထားေသာ ဘာသာရပ္မ်ား စာေမးပြဲေျဖဆိုရန္မလိုအပ္ပါ။

မွတ္ခ်က္။ ၁၂တန္းမွာ Grade လည္း ေကာင္းဖို႔လို သလို တကၠသိုလ္ဝင္ခြင့္ ေျဖရာမွာ အဆင္ေၿပ ေအာင္ျမင္ေစဖို႔ G(10,11,12) သုံးႏွစ္စာ သင္ခန္းစာေတြကိုလည္း ကၽြမ္းက်င္ခဲ့ဖို႔ လိုပါတယ္။ Grade ေကာင္း႐ုံနဲ႔လည္း တကၠသိုလ္တက္ခြင့္ ရမွာ မဟုတ္ပါဘူး ဝင္ခြင့္ေျဖဆိုခြင့္ပဲ ရမွာျဖစ္ၿပီး ဝင္ခြင့္ပါမွသာ တကၠသိုလ္တက္ ခြင့္ရမွာပါ။

၁၀ တန်း တစ်နှစ် ထဲ စာတွေ ကျုံးလုပ် ရုံနဲ့ မရ တော့တဲ့ စနစ် သစ် ပညာ ရေး အကြောင်း

ကဲ လာပါပြီ ၁၀ တန်း တစ်နှစ် ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့ ပညာရေး… Grade 10, 11, 12 သုံးနှစ်လုံးမှာ Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို ရွေးချယ်လို့ရမှာ ဖြစ်ပြီး Grade B,C ရတဲ့သူက သတ်မှတ် ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

စနစ်သစ် ပညာရေးအကြောင်း ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade 10 (ဒသမတန်း)ကျောင်းတွင်း စစ်စာမေးပွဲ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade 11 (ဧကဒသမတန်း) ကျောင်းတွင်းစစ်စာမေးပွဲ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆို အောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်း လက်မှတ် ရရှိမည်ဖြစ်ပါသည်။ ထိုလက်မှတ်ဖြင့် ကောလိပ်များ၊ Instituteများ (ပညာရေး ကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့် ရမည်ဖြစ်ပါသည်။ သို့သော် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ် သည့် နိုင်ငံတော် အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထား အပေါ်မူတည်ပြီးမှသာ တက္ကသိုလ် များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ ထိုစာမေးပွဲတွင် Grade A ရထားသော ကလေးသည် နှစ်သက် သလို တက္ကသိုလ် များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ် သော်လည်း၊ Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

Grade များသည်လည်း ဘာသာရပ် တိုင်းအတွက် ကောင်းရန်မလိုပါ။ မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ်တစ်ခုကိုတော့ ကို G10 တည်းက သေချာ ဆုံးဖြတ် ထားရန် လိုအပ်ပါသည်။ ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင် English၊ Physics၊ Chemistry၊ Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊ Engineering နှင့် IT တက္ကသိုလ်များအတွက် ဆိုလျှင် English၊ Math၊ Physics၊ Chemistry လေးဘာ သာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပို များပါလိမ့်မည်။ ၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။ General Science ၊ Social Science ဘာသာ ရပ်များ ဖြေရန်မလိုပါ။ ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်း ထားသော ဘာသာရပ်များ စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ၁၂တန်းမှာ Grade လည်း ကောင်းဖို့လို သလို တက္ကသိုလ်ဝင်ခွင့် ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12) သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့ လိုပါတယ်။ Grade ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့် ရမှာ မဟုတ်ပါဘူး ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက် ခွင့်ရမှာပါ။